Nam Joo Hyuk လက္မွာဒဏ္ရာေတြေတာင္ရသြားေအာင္ ဘယ္လိုေတြေတာင္အားေပးၾကမ္းခဲ႔လဲ အစ္မတုိ႔ေရ 😅

Nam Joo Hyuk ဆုိ Weightlifting Fairy Kim Bok-joo ၊ The Bride of Habaek စတဲ႔ဇာတ္ကားေတြရဲ႔ မင္းသားေခ်ာေလးအျဖစ္ပရိသတ္ေတြအားလံုးသိျပီးသားပါ။ေတာင္ကုိရီးယားႏုိင္ငံမင္းသားေခ်ာေလး Nam Joo Hyuk က ျပီးခဲ႔တဲ႔ရက္ပုိင္းက အဆုိေတာ္ Sandara Park နဲ႔အတူ ဖိလစ္ပုိင္မွာ fan meeting ပြဲေလးက်င္းပခဲ႔ပါတယ္။

ဖိလစ္ပုိင္မွာလည္း Nam Joo Hyuk ရဲ ႔ပရိသတ္ေတြ အျပည့္ပါပဲ။အႏုပညာရွင္ကုိခ်စ္တာလည္းခ်စ္တာေပါ့။ဒါေပမဲ႔ ေလးစားမႈ၊အားနာသမႈေတာ့ရွိရမယ္မဟုတ္လား။Fan meeting ပြဲမွာ မိန္းကေလးပရိသတ္တစ္ခ်ိဳ႔ရဲ႔လုပ္ရပ္က ပြဲကိုအနည္းငယ္ရုပ္ဆုိးသြားေစသလိုျဖစ္သြားခဲ႔ပါတယ္။Nam Joo Hyuk နဲ႔ဓာတ္ပံုတြဲရုိက္ၾကဖုိ႔လုပ္ေနရင္း မင္းသားခမ်ာ သက္ေတာင့္သက္သာေတာင္မရွိရေအာင္အတင္းကုိတုိးကပ္ပူးကပ္ျပီးရုိက္ေနၾကတာပါ။ဘယ္ေလာက္ေတာင္တုိးလဲဆုိရင္ ဓာတ္ပံုလည္းရိုက္အျပီးေရာ မင္းသားရဲ႔လက္ေမာင္းမွာ မိန္းကေလးပရိသတ္ေတြရဲ႔လက္သည္းကုတ္ျခစ္ရာအစင္းရာေတြေတာင္က်န္ခဲ႔ပါတယ္တဲ႔။ပံုထဲမွာေတြ႔ရတဲ႔အတိုင္းပါပဲ။

အဲ႔ဒီပံုေတြကုိျမင္ျပီးေတာ့ ဖိလစ္ပုိင္က ပရိသတ္ေတြကေရာ၊ကုိရီးယားပရိသတ္ေတြက အေတာ္ေလးစိတ္ဆုိးခဲ႔ၾကပါတယ္။ကုိယ္ခ်စ္တဲ႔အႏုပညာရွင္နဲ႔အနီးကပ္ေတြ႔ရလို႔ ေပ်ာ္ေနတဲ႔ပရိသတ္ေတြကုိလည္းအျပစ္မဆုိရက္စရာပါ။သူတုိ႔လည္းမင္းသားကိုျမင္ေတာ့စိတ္မထိန္းႏုိင္ပဲ အတင္းဖက္မိၾကတယ္ထင္ပါရဲ ႔။သက္ဆုိင္ရာတာ၀န္ရွိသူတစ္ခ်ိဳ႔က မနည္းကုိဖယ္ခဲ႔ရပါတယ္။

အဲ႔ဒီပြဲမွာ မိန္းကေလးပရိသတ္ေတြရဲ ႔ရဲတင္းလြန္းတဲ႔အျပဳအမူေတြေၾကာင့္ Nam Joo Hyuk ရဲ ႔ပံုစံက သိပ္ျပီးသက္ေတာ့င္သက္သာေပါ့ေပါ့ပါးပါးမရွိခဲ႔ပါဘူး။ဒါေပမဲ႔ ျပည္သူခ်စ္တဲ႔အႏုပညာရွင္ပီသစြာပဲ သူအေကာင္းဆံုးလုပ္ခဲ႔တာပါ။မင္းသားရဲ႔လက္ေမာင္းက အစင္းရာကုတ္ျခစ္ရာေတြ၊အတင္း၀ုိင္းဖက္ခံရတာေတြကုိျမင္ျပီး ပရိသတ္ေတြကအႏုပညာရွင္ေတြအတြက္ ဒီထက္ပုိေကာင္းတဲ႔လံုျခံဳေရးေတြရွိသင့္တယ္၊သူတို႔အေပၚပုိျပီးေလးစားမႈရွိသင့္တယ္ဆိုျပီးတြစ္စ္တာေတြ၊အင္စတာဂရမ္ေတြကေနေျပာထားၾကပါတယ္။

ဖိလစ္ပုိင္ပရိသတ္တစ္ခိ်ဳ႔က မင္းသား Nam Joo Hyuk ရဲ႔ ခ်စ္သူေဟာင္းျဖစ္တဲ႔ Lee Sung Kyung နဲ႔ သေဘာတူပံုပါ။သူတုိ႔ရဲ႔ဇာတ္ကားေလးကုိျပန္ျပီးဖြင့္ျပခုိင္းခဲ႔ပါတယ္။အဲ႔ဒါနဲ႔ ပတ္သက္ျပီး FanMeeting ပြဲမတက္ေရာက္ႏုိင္ခဲ႔တဲ႔ပရိသတ္ေတြက ထုိပရိသတ္ေတြကုိ အျပစ္တင္ထားပါတယ္။”ဒီလုိမ်ိဳးအရင္ရည္းစားနဲ႔ပတ္သက္ျပီးေျပာရတာ၊သူတုိ႔ရဲ႔ရုပ္ရွင္ကိုျပန္ၾကည့္ရတဲ႔ခံစားခ်က္က ဘယ္လိုလုပ္ေကာင္းနုိင္မွာလဲ?သူ႔အေပၚေလးစားမႈမရွိၾကဘူး”ဆုိျပီးေျပာထားပါတယ္။”အႏုပညာရွင္တစ္ေယာက္ျဖစ္တဲ႔အတြက္ Weightlifting Fairy Kim Bok-joo ဇာတ္ကားေလးကုိျပန္ၾကည့္ရတာကမင္းသားအတြက္ အရမ္းစိတ္ညစ္သြားမယ္ေတာ့မထင္ရပါဘူး။သူတုိ႔က ခ်စ္သူေတြအျဖစ္ကေနျပတ္စဲခဲ႔ေပမဲ့ အရင္ကတည္းက သံေယာဇဥ္ၾကီးခဲ႔ၾကတဲ႔သူငယ္ခ်င္းေတြပဲေလ။Fan Meeting က ႏႈတ္ခမ္းနီမေလးေတြရဲ႔ သည္းသည္းလႈပ္အားေပးမႈေၾကာင့္သာ သူ႔အေနနဲ႔စိတ္မသက္မသာျဖစ္ခဲ႔တာျဖစ္မွာ”လို႔တစ္ခ်ိဳ႔ပရိသတ္ေတြကေတာ့ ျပန္ျပီးေျဖရွင္းထားၾကပါတယ္။

ႏႈတ္ခမ္းနီမေလးေတြရဲ႔အားေပးၾကမ္းခ်က္ကလည္း ပရိသတ္ေတြေ၀ဖန္ခ်င္လည္းေ၀ဖန္ခ်င္စရာပါ။ဒါေပမဲ႔ သူတုိ႔အုိင္ေဒါလ္စိတ္ရႈပ္သြားခဲ႔လို႔ ပရိသတ္ေတြကျပန္ျပီးေတာင္းပန္ခဲ႔ပါတယ္တဲ႔။ပံုေလးေတြၾကည့္လို႔ရေအာင္ ျပန္ျပီးမ်ွေ၀လိုက္တယ္ေနာ္။

Unicode

Nam Joo Hyuk ဆို Weightlifting Fairy Kim Bok-joo ၊ The Bride of Habaek စတဲ့ဇာတ်ကားတွေရဲ့ မင်းသားချောလေးအဖြစ်ပရိသတ်တွေအားလုံးသိပြီးသားပါ။တောင်ကိုရီးယားနိုင်ငံမင်းသားချောလေး Nam Joo Hyuk က ပြီးခဲ့တဲ့ရက်ပိုင်းက အဆိုတော် Sandara Park နဲ့အတူ ဖိလစ်ပိုင်မှာ fan meeting ပွဲလေးကျင်းပခဲ့ပါတယ်။

ဖိလစ်ပိုင်မှာလည်း Nam Joo Hyuk ရဲ ့ပရိသတ်တွေ အပြည့်ပါပဲ။အနုပညာရှင်ကိုချစ်တာလည်းချစ်တာပေါ့။ဒါပေမဲ့ လေးစားမှု၊အားနာသမှုတော့ရှိရမယ်မဟုတ်လား။Fan meeting ပွဲမှာ မိန်းကလေးပရိသတ်တစ်ချို့ရဲ့လုပ်ရပ်က ပွဲကိုအနည်းငယ်ရုပ်ဆိုးသွားစေသလိုဖြစ်သွားခဲ့ပါတယ်။Nam Joo Hyuk နဲ့ဓာတ်ပုံတွဲရိုက်ကြဖို့လုပ်နေရင်း မင်းသားခမျာ သက်တောင့်သက်သာတောင်မရှိရအောင်အတင်းကိုတိုးကပ်ပူးကပ်ပြီးရိုက်နေကြတာပါ။ဘယ်လောက်တောင်တိုးလဲဆိုရင် ဓာတ်ပုံလည်းရိုက်အပြီးရော မင်းသားရဲ့လက်မောင်းမှာ မိန်းကလေးပရိသတ်တွေရဲ့လက်သည်းကုတ်ခြစ်ရာအစင်းရာတွေတောင်ကျန်ခဲ့ပါတယ်တဲ့။ပုံထဲမှာတွေ့ရတဲ့အတိုင်းပါပဲ။

အဲ့ဒီပုံတွေကိုမြင်ပြီးတော့ ဖိလစ်ပိုင်က ပရိသတ်တွေကရော၊ကိုရီးယားပရိသတ်တွေက အတော်လေးစိတ်ဆိုးခဲ့ကြပါတယ်။ကိုယ်ချစ်တဲ့အနုပညာရှင်နဲ့အနီးကပ်တွေ့ရလို့ ပျော်နေတဲ့ပရိသတ်တွေကိုလည်းအပြစ်မဆိုရက်စရာပါ။သူတို့လည်းမင်းသားကိုမြင်တော့စိတ်မထိန်းနိုင်ပဲ အတင်းဖက်မိကြတယ်ထင်ပါရဲ ့။သက်ဆိုင်ရာတာဝန်ရှိသူတစ်ချို့က မနည်းကိုဖယ်ခဲ့ရပါတယ်။

အဲ့ဒီပွဲမှာ မိန်းကလေးပရိသတ်တွေရဲ ့ရဲတင်းလွန်းတဲ့အပြုအမူတွေကြောင့် Nam Joo Hyuk ရဲ ့ပုံစံက သိပ်ပြီးသက်တော့င်သက်သာပေါ့ပေါ့ပါးပါးမရှိခဲ့ပါဘူး။ဒါပေမဲ့ ပြည်သူချစ်တဲ့အနုပညာရှင်ပီသစွာပဲ သူအကောင်းဆုံးလုပ်ခဲ့တာပါ။မင်းသားရဲ့လက်မောင်းက အစင်းရာကုတ်ခြစ်ရာတွေ၊အတင်းဝိုင်းဖက်ခံရတာတွေကိုမြင်ပြီး ပရိသတ်တွေကအနုပညာရှင်တွေအတွက် ဒီထက်ပိုကောင်းတဲ့လုံခြုံရေးတွေရှိသင့်တယ်၊သူတို့အပေါ်ပိုပြီးလေးစားမှုရှိသင့်တယ်ဆိုပြီးတွစ်စ်တာတွေ၊အင်စတာဂရမ်တွေကနေပြောထားကြပါတယ်။

ဖိလစ်ပိုင်ပရိသတ်တစ်ချို့က မင်းသား Nam Joo Hyuk ရဲ့ ချစ်သူဟောင်းဖြစ်တဲ့ Lee Sung Kyung နဲ့ သဘောတူပုံပါ။သူတို့ရဲ့ဇာတ်ကားလေးကိုပြန်ပြီးဖွင့်ပြခိုင်းခဲ့ပါတယ်။အဲ့ဒါနဲ့ ပတ်သက်ပြီး FanMeeting ပွဲမတက်ရောက်နိုင်ခဲ့တဲ့ပရိသတ်တွေက ထိုပရိသတ်တွေကို အပြစ်တင်ထားပါတယ်။”ဒီလိုမျိုးအရင်ရည်းစားနဲ့ပတ်သက်ပြီးပြောရတာ၊သူတို့ရဲ့ရုပ်ရှင်ကိုပြန်ကြည့်ရတဲ့ခံစားချက်က ဘယ်လိုလုပ်ကောင်းနိုင်မှာလဲ?သူ့အပေါ်လေးစားမှုမရှိကြဘူး”ဆိုပြီးပြောထားပါတယ်။”အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် Weightlifting Fairy Kim Bok-joo ဇာတ်ကားလေးကိုပြန်ကြည့်ရတာကမင်းသားအတွက် အရမ်းစိတ်ညစ်သွားမယ်တော့မထင်ရပါဘူး။သူတို့က ချစ်သူတွေအဖြစ်ကနေပြတ်စဲခဲ့ပေမဲ့ အရင်ကတည်းက သံယောဇဉ်ကြီးခဲ့ကြတဲ့သူငယ်ချင်းတွေပဲလေ။Fan Meeting က နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးမှုကြောင့်သာ သူ့အနေနဲ့စိတ်မသက်မသာဖြစ်ခဲ့တာဖြစ်မှာ”လို့တစ်ချို့ပရိသတ်တွေကတော့ ပြန်ပြီးဖြေရှင်းထားကြပါတယ်။

နှုတ်ခမ်းနီမလေးတွေရဲ့အားပေးကြမ်းချက်ကလည်း ပရိသတ်တွေဝေဖန်ချင်လည်းဝေဖန်ချင်စရာပါ။ဒါပေမဲ့ သူတို့အိုင်ဒေါလ်စိတ်ရှုပ်သွားခဲ့လို့ ပရိသတ်တွေကပြန်ပြီးတောင်းပန်ခဲ့ပါတယ်တဲ့။ပုံလေးတွေကြည့်လို့ရအောင် ပြန်ပြီးမျှဝေလိုက်တယ်နော်။

 

113 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.