သင့္ခ်စ္သူမွာ ဒီလုိအခ်က္ေလးေတြရွိေနရင္ သင္က ခ်စ္သူရကံေကာင္းတာပါပဲ ❤️

ခ်စ္သူေကာင္းတစ္ေယာက္ဆုိတာ ကုိယ့္ခ်စ္သူမိန္းကေလးအတြက္ရိုမန္တစ္ဆန္တာေတြအျမဲဖန္တီးေပးေနတာထက္ ဒီလုိအခ်က္ေတြအျမဲလုပ္ေပးေနသူပါ။ရုိမန္တစ္ဆန္တာေတြဖန္တီးေပးမွ အခ်စ္စစ္တာမ်ိဳးမဟုတ္ပါဘူးေနာ္။တကယ့္ခ်စ္သူေကာင္းေယာက်္ားေလးဆုိတာ သင့္ကုိ အျမဲ
ဘုရင္မတစ္ပါးလိုေမာ္ၾကြားေနႏုိင္ေအာင္၊ကိုယ့္ကုိယ့္ကုိယ္ယံုၾကည္မႈအျပည့္ရွိေနႏုိင္ေအာင္၊ခ်စ္သူမိန္းကေလးရဲ႔အိပ္မက္ေတြကုိ အေကာင္အထည္ေဖာ္ႏုိင္ေအာင္ အနားကေနကူညီျဖည့္ဆည္းေပးေနသူေတြျဖစ္ပါတယ္။

သင့္ခ်စ္သူက ရုိမန္တစ္ဆန္တတ္တဲ႔ေယာက်္ားေလးမ်ိဳးမဟုတ္ရင္ေတာင္၊ရုိမန္တစ္ဆန္တာေတြအျမဲဖန္တီးမေပးရင္ေတာင္ ဒါေတြအျမဲလုပ္ေပးေလ့ရွိတယ္ဆုိရင္သူက တကယ့္ခ်စ္သူေကာင္းတစ္ေယာက္လို႔ပဲမွတ္လိုက္ပါ။

*ေငြေၾကးစုေဆာင္းဖုိ႔အျမဲေျပာတယ္
သင္က ေငြေၾကးမစုေဆာင္းပဲ ဟုိဟာေလး၀ယ္ခ်င္၊ဒီဟာေလး၀ယ္ခ်င္ျဖစ္ေနရင္ေတာင္ သူက သင့္ရဲ႔ေငြေတြကုိ ထိန္းသိမ္းစုေဆာင္းတတ္ေအာင္အျမဲေျပာေလ့ရွိတယ္။အေၾကြးေတြလည္းမထားဖုိ႔၊လိုခ်င္ရံုသက္သက္ပဲလား။တကယ္လိုအပ္တာလား ခြဲျခားသိႏုိင္ဖုိ႔ အစ္ကုိတစ္ေယာက္လိုအျမဲဆံုးမေပးတတ္တယ္။ပြစိပြစိနဲ႔ေပါ့ 😜

*အၾကံဥာဏ္ေကာင္းေတြအျမဲေပးေလ့ရွိတယ္
ခ်စ္သူတင္မက အစ္ကိုတစ္ေယာက္လိုအားကုိးလို႔ရျပီးသူငယ္ခ်င္းတစ္ေယာက္လို တုိင္ပင္လုိ႔ရတယ္ဆုိရင္ေတာ့ သင္ကခ်စ္သူေကာင္းတစ္ေယာက္ရထားတာပါပဲ။သူက သင္မျဖစ္သင့္တာမျဖစ္ေအာင္၊မလုပ္သင့္တာမလုပ္မိေအာင္ ေလျပည္ေလးနဲ႔နား၀င္လာေအာင္ရွင္းျပေျပာျပတတ္တဲ႔အတြက္ သူက ခ်စ္သူတစ္ေယာက္ထက္အစ္ကုိတစ္ေယာက္နဲ႔ေတာင္ပုိတူေနပါေသးတယ္။

*သင္ေျပာသမ်ွကုိ မညည္းမညဴနားေထာင္ေပးတယ္
မိန္းကေလးဆုိတာစကားမ်ားမယ္။ခြ်ဲမယ္၊စိတ္ေကာက္မယ္ ဟုတ္တယ္ဟုတ္!့ သင္ဘယ္ေလာက္ပဲစကားမ်ားမ်ား သင္ေျပာတာေတြကိုလည္းသူကမညည္းမညဴနားေထာင္ေပးတယ္။သင့္ရဲ႔စိတ္ကူးေတြကုိလည္းသူက နားေထာင္ေပးမယ္။အၾကံေပးစရာရွိေပးမယ္။သင္ျဖစ္ခ်င္တဲ႔အိပ္မက္ေတြ
ျဖစ္ေအာင္လည္းအေကာင္းဆံုးပံ႔ပုိးေပးမယ္။အိပ္မက္က ၾကီးၾကီးက်ယ္က်ယ္ဆုိျပီးအထင္ေသးတာမ်ိဳး၊လ်စ္လ်ဴရႈလုိက္တာမ်ိဳးလည္းမရွိဘူး။တစ္ခါတစ္ေလအၾကံေပးတာထက္ ကိုယ္ေျပာသမ်ွကိုနားေထာင္ေပးတတ္တာကလည္း ခ်စ္သူေကာင္းတစ္ေယာက္ရထားျခင္းရဲ႔အက်ိဳးေက်းဇူးပါပဲ။

*ကုိယ္လိုအပ္တာထက္ပုိျပီးျဖည့္ဆည္းေပးတတ္တယ္
ဥပမာကုိယ္က ေခ်ာကလက္ၾကိဳက္တယ္၊သူ႔ကုိ ေခ်ာကလက္၀ယ္လာခိုင္းလိုက္တယ္။ဒါေပမဲ႔ ေခ်ာကလက္အျပင္ကုိယ္ၾကိဳက္တတ္တဲ႔မုန္႔ေလးေတြ၊ေခ်ာကလက္ကုိမွအမိ်ဳးအစားမတူတာေလးေတြ၀ယ္လာေပးတတ္တာမ်ိဳး၊ကိုယ္ဘာလိုလဲဆုိတာကို ကုိယ္မေျပာရပဲသိတဲ႔ခ်စ္သူေကာင္းတစ္ေယာကသင္ရထားျပီလား?

*ကုိယ့္မိသားစုေတြနဲ႔လည္းအဆင္ေျပေျပေပါင္းသင္းတတ္တယ္
တစ္ခါတစ္ေလ ကုိယ္မပါလည္း ကုိယ့္မိဘေတြနဲ႔သီးသန္႔ေတြ႔ဆံုစကားေျပာတာမ်ိဳး၊ခရီးအတူတူထြက္ရင္း သူကုိယ့္အေပၚထားတဲ႔ေမတၱာစစ္မွန္ေၾကာင္းမိဘေတြနားလည္လက္ခံလာေအာင္ၾကိဳးစားတာမ်ိဳးေပါ့။မိဘဆုိတာသားသမီးတုိင္းကုိ ကေလးေလးေတြလို႔ပဲျမင္ၾကတာပါ။အဲ႔ဒါေၾကာင့္သူတုိ႔ရင္ခြင္ထဲကဆြဲထုတ္သြားမယ့္သူကုိ အလြယ္တကူၾကည္ျဖဴႏုိင္မွာမဟုတ္ပါဘူး။ဒါကုိသင့္ခ်စ္သူကလည္းနားလည္ျပီး သူတုိ႔သေဘာတူလာတဲ႔အထိ လူၾကီးလူေကာင္းဆန္ဆန္ျပဳမူသြားတာမ်ိဳးေပါ့။အဲ႔ဒီလုိခ်စ္သူမ်ိဳးက ရုိမန္တစ္ဆန္တာေတြဖန္တီးေပးတာထက္ပုိျပီးျမတ္ႏုိးအားကုိးဖုိ႔ေကာင္းပါတယ္ေနာ္။

သင့္ခ်စ္သူက မရုိတတ္ေပမဲ႔ ဒီလုိအခ်က္ေလးေတြနဲ႔ျပည့္စံုေနရင္ သူက တကယ့္ကုိခ်စ္သူေကာင္းတစ္ေယာက္ပါပဲေနာ္။အဲ႔ဒါေၾကာင့္သင့္ခ်စ္သူက ရိုမန္တစ္မဆန္ဘူးဆုိျပီးစိတ္ဆုိးစိတ္ေကာက္တာေတြေလ်ွာ့ျပီး သူ႔အေပၚပုိျပီးတန္ဖုိးထားခ်စ္ေပးဖုိ႔မေမ့ပါနဲ႔ 

Unicode

ချစ်သူကောင်းတစ်ယောက်ဆိုတာ ကိုယ့်ချစ်သူမိန်းကလေးအတွက်ရိုမန်တစ်ဆန်တာတွေအမြဲဖန်တီးပေးနေတာထက် ဒီလိုအချက်တွေအမြဲလုပ်ပေးနေသူပါ။ရိုမန်တစ်ဆန်တာတွေဖန်တီးပေးမှ အချစ်စစ်တာမျိုးမဟုတ်ပါဘူးနော်။တကယ့်ချစ်သူကောင်းယောကျ်ားလေးဆိုတာ သင့်ကို အမြဲ
ဘုရင်မတစ်ပါးလိုမော်ကြွားနေနိုင်အောင်၊ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုအပြည့်ရှိနေနိုင်အောင်၊ချစ်သူမိန်းကလေးရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်အောင် အနားကနေကူညီဖြည့်ဆည်းပေးနေသူတွေဖြစ်ပါတယ်။

သင့်ချစ်သူက ရိုမန်တစ်ဆန်တတ်တဲ့ယောကျ်ားလေးမျိုးမဟုတ်ရင်တောင်၊ရိုမန်တစ်ဆန်တာတွေအမြဲဖန်တီးမပေးရင်တောင် ဒါတွေအမြဲလုပ်ပေးလေ့ရှိတယ်ဆိုရင်သူက တကယ့်ချစ်သူကောင်းတစ်ယောက်လို့ပဲမှတ်လိုက်ပါ။

*ငွေကြေးစုဆောင်းဖို့အမြဲပြောတယ်
သင်က ငွေကြေးမစုဆောင်းပဲ ဟိုဟာလေးဝယ်ချင်၊ဒီဟာလေးဝယ်ချင်ဖြစ်နေရင်တောင် သူက သင့်ရဲ့ငွေတွေကို ထိန်းသိမ်းစုဆောင်းတတ်အောင်အမြဲပြောလေ့ရှိတယ်။အကြွေးတွေလည်းမထားဖို့၊လိုချင်ရုံသက်သက်ပဲလား။တကယ်လိုအပ်တာလား ခွဲခြားသိနိုင်ဖို့ အစ်ကိုတစ်ယောက်လိုအမြဲဆုံးမပေးတတ်တယ်။

*အကြံဉာဏ်ကောင်းတွေအမြဲပေးလေ့ရှိတယ်
ချစ်သူတင်မက အစ်ကိုတစ်ယောက်လိုအားကိုးလို့ရပြီးသူငယ်ချင်းတစ်ယောက်လို တိုင်ပင်လို့ရတယ်ဆိုရင်တော့ သင်ကချစ်သူကောင်းတစ်ယောက်ရထားတာပါပဲ။သူက သင်မဖြစ်သင့်တာမဖြစ်အောင်၊မလုပ်သင့်တာမလုပ်မိအောင် လေပြည်လေးနဲ့နားဝင်လာအောင်ရှင်းပြပြောပြတတ်တဲ့အတွက် သူက ချစ်သူတစ်ယောက်ထက်အစ်ကိုတစ်ယောက်နဲ့တောင်ပိုတူနေပါသေးတယ်။

*သင်ပြောသမျှကို မညည်းမညူနားထောင်ပေးတယ်
မိန်းကလေးဆိုတာစကားများမယ်။ချွဲမယ်၊စိတ်ကောက်မယ် ဟုတ်တယ်ဟုတ်!့ သင်ဘယ်လောက်ပဲစကားများများ သင်ပြောတာတွေကိုလည်းသူကမညည်းမညူနားထောင်ပေးတယ်။သင့်ရဲ့စိတ်ကူးတွေကိုလည်းသူက နားထောင်ပေးမယ်။အကြံပေးစရာရှိပေးမယ်။သင်ဖြစ်ချင်တဲ့အိပ်မက်တွေ
ဖြစ်အောင်လည်းအကောင်းဆုံးပံ့ပိုးပေးမယ်။အိပ်မက်က ကြီးကြီးကျယ်ကျယ်ဆိုပြီးအထင်သေးတာမျိုး၊လျစ်လျူရှုလိုက်တာမျိုးလည်းမရှိဘူး။တစ်ခါတစ်လေအကြံပေးတာထက် ကိုယ်ပြောသမျှကိုနားထောင်ပေးတတ်တာကလည်း ချစ်သူကောင်းတစ်ယောက်ရထားခြင်းရဲ့အကျိုးကျေးဇူးပါပဲ။

*ကိုယ်လိုအပ်တာထက်ပိုပြီးဖြည့်ဆည်းပေးတတ်တယ်
ဥပမာကိုယ်က ချောကလက်ကြိုက်တယ်၊သူ့ကို ချောကလက်ဝယ်လာခိုင်းလိုက်တယ်။ဒါပေမဲ့ ချောကလက်အပြင်ကိုယ်ကြိုက်တတ်တဲ့မုန့်လေးတွေ၊ချောကလက်ကိုမှအမျိုးအစားမတူတာလေးတွေဝယ်လာပေးတတ်တာမျိုး၊ကိုယ်ဘာလိုလဲဆိုတာကို ကိုယ်မပြောရပဲသိတဲ့ချစ်သူကောင်းတစ်ယောကသင်ရထားပြီလား?

*ကိုယ့်မိသားစုတွေနဲ့လည်းအဆင်ပြေပြေပေါင်းသင်းတတ်တယ်
တစ်ခါတစ်လေ ကိုယ်မပါလည်း ကိုယ့်မိဘတွေနဲ့သီးသန့်တွေ့ဆုံစကားပြောတာမျိုး၊ခရီးအတူတူထွက်ရင်း သူကိုယ့်အပေါ်ထားတဲ့မေတ္တာစစ်မှန်ကြောင်းမိဘတွေနားလည်လက်ခံလာအောင်ကြိုးစားတာမျိုးပေါ့။မိဘဆိုတာသားသမီးတိုင်းကို ကလေးလေးတွေလို့ပဲမြင်ကြတာပါ။အဲ့ဒါကြောင့်သူတို့ရင်ခွင်ထဲကဆွဲထုတ်သွားမယ့်သူကို အလွယ်တကူကြည်ဖြူနိုင်မှာမဟုတ်ပါဘူး။ဒါကိုသင့်ချစ်သူကလည်းနားလည်ပြီး သူတို့သဘောတူလာတဲ့အထိ လူကြီးလူကောင်းဆန်ဆန်ပြုမူသွားတာမျိုးပေါ့။အဲ့ဒီလိုချစ်သူမျိုးက ရိုမန်တစ်ဆန်တာတွေဖန်တီးပေးတာထက်ပိုပြီးမြတ်နိုးအားကိုးဖို့ကောင်းပါတယ်နော်။

သင့်ချစ်သူက မရိုတတ်ပေမဲ့ ဒီလိုအချက်လေးတွေနဲ့ပြည့်စုံနေရင် သူက တကယ့်ကိုချစ်သူကောင်းတစ်ယောက်ပါပဲနော်။အဲ့ဒါကြောင့်သင့်ချစ်သူက ရိုမန်တစ်မဆန်ဘူးဆိုပြီးစိတ်ဆိုးစိတ်ကောက်တာတွေလျှော့ပြီး သူ့အပေါ်ပိုပြီးတန်ဖိုးထားချစ်ပေးဖို့မမေ့ပါနဲ့

823 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.