အလွအပေရးရာနဲ႔ပတ္သက္လို႔ နဂါးေမာက္သီးအစြမး္ကလည္း မေသးဘူးပဲ 😎

သင္က နဂါးေမာက္သီးကုိမၾကိဳက္သူတစ္ေယာက္ဆုိရင္ေတာင္ ဒီစာေလးဖတ္ျပီးတာနဲ႔ ခ်က္ခ်င္းသြားေျပး၀ယ္ခ်င္စိတ္ေပါက္လာမွာအေသအခ်ာပါပဲ။နဂါးေမာက္သီးက စားလို႔ရတဲ႔အျပင္ သင့္ရ႔ဲအသားအရည္အလွအပအတြက္လည္းတစ္ဖက္တစ္လမ္းကအက်ိဳးျပဳေနပါတယ္တဲ႔။နဂါးေမာက္သီးတစ္လံုးက ဘယ္လိုေတြအက်ိဳးျပဳေနလဲဆုိတာ အတူတူဖတ္ၾကည့္လိုက္ရေအာင္

*၀က္ျခံအျဖစ္မ်ားတတ္တဲ႔အသားအရည္အတြက္*
နဂါးေမာက္သီးက ဗီတာမင္စီဓာတ္မ်ားျပားလုိ႔ ၀က္ျခံထြက္တဲ႔အခါျဖစ္တတ္တဲ့အသားအရည္နီျမန္းမႈကုိေလ်ွာ့ခ်ေပးႏုိင္ပါတယ္။နဂါးေမာက္သီးမွာဗီတာမင္ဘီစစ္လည္းပါ၀င္တာေၾကာင့္ နဂါးေမာက္သီးစားေပးတာက ေသြးစီးဆင္းမႈလည္းေကာင္းမြန္ေစသလို ေဟာ္မုန္းဓာတ္ကုိပါ ပံုမွန္ျဖစ္ေစပါတယ္။အဆီျပန္တာကိုလည္းေလ်ွာ့ခ်ေပးႏုိင္ျပီး တစ္ပတ္ကုိ ႏွစ္ခါ၊သံုးခါေလာက္ပံုမွန္စားေပးမယ္ဆုိရင္ ၀က္ျခံ၊အမည္းစက္္ေတြကုိ သက္သာေစျပီးေခြ်းေပါက္ပိတ္ဆို႔တာေတြမျဖစ္ေအာင္ကာကြယ္ေပးႏုိင္ပါတယ္တဲ႔။ေရဓာတ္လည္းမ်ားျပားလို႔ အသားအရည္ကုိပါလွပေစပါတယ္။

*Mask အေနနဲ႔သံုးမယ္ဆုိရင္*
Mask အျဖစ္လည္းသံုးလို႔ရပါတယ္။နဂါးေမာက္သီးအသားအနည္းငယ္ကို ၾကိတ္စက္ထဲထည့္ၾကိတ္၊ခပ္ပ်စ္ပ်စ္ေလးျဖစ္ေအာင္လုပ္ျပီး အဲ႔ဒီအရည္ကုိမ်က္ႏွာမွာလိမ္းေပးပါ။၁၅မိနစ္ေလာက္ထားျပီးရင္ ၾကက္သီးေႏြးေရေလးနဲ႔ေဆးေၾကာေပးရံုပါပဲ။တစ္ခါမွမလုပ္ဖူးေသးဘူးဆုိ စမ္းၾကည့္ၾကည့္ေနာ္

*ေနေလာင္ဒဏ္ရာေတြအတြက္လည္း ကာကြယ္ေပးတယ္*
မၾကာခဏေနပူထဲထြက္ရလို႔အသားအရည္နီျမန္းတာ၊ေနေလာင္ဒဏ္ျဖစ္တာေတြအတြက္လည္း နဂါးေမာက္သီးက ကူညီေပးႏုိင္ပါတယ္။နဂါးေမာက္သီးမွာဗီတာမင္အီး၊ဗီတာမင္စီပါ၀င္တဲ႔အတြက္ နဂါးေမာက္သီးစားေပးတဲ႔အခါ ခႏၶာကိုယ္အေရျပားပ်က္စီးမႈမျဖစ္ေအာင္ အထိုက္အသင့္ကာကြယ္ေပးပါတယ္။အေရျပားကိုလည္း ေရဓာတ္ျဖည့္ေပးတဲ႔အတြက္အလြယ္တကူေနေလာင္ဒဏ္ခံရတာေတြမျဖစ္ေစပဲ ျဖစ္လာတဲ႔အခါမွာလည္း ျမန္ျမန္ေပ်ာက္ကင္းသြားေစပါတယ္။

*အသားအရည္ေခ်ာေမြ႔လွပခ်င္လို႔ Lotion အျဖစ္လုပ္ခ်င္တယ္ဆုိရင္*
နဂါးေမာက္သီးတစ္ျခမ္းကုိ ၾကိတ္ေခ်လိုက္ပါ။ျပီးရင္ ဒိန္ခ်ဥ္အသားခ်ည္းပဲ စားပြဲတင္ဇြန္းသံုးဇြန္းေရာျပီးေမႊပါ။အေရျပားမွာလိမး္ထားျပီး ၁၅မိနစ္ျပည့္တဲ႔အခါေရနဲ႔ေဆးေၾကာေပးရံုပါပဲ။

*ဆံႏြယ္ေတြအတြက္*
နဂါးေမာက္သီးက သင့္ဆံႏြယ္ေတြအတြက္အမ်ားၾကီးအသံုး၀င္တယ္ဆုိတာသိရဲ႔လား၊နဂါးေမာက္သီးက Omega 3 ၊ Omega 6 တုိ႔ပါ၀င္တဲ႔အတြက္ဆံသားကုိေတာက္ပေစသလို အရွည္လည္းျမန္ေစပါတယ္။ဆံပင္ႏွစ္ခြျဖစ္တာေတြ၊ဆံပင္သားေျခာက္ေသြ႔တာေတြမျဖစ္ေစေတာ့ပါဘူး။လြယ္လြယ္နဲ႔ပ်က္စီးတဲ႔ဆံံသားေတြမျဖစ္ေတာ့ပဲ က်န္းမာသန္စြမ္းတဲ႔ဆံေကသာကိုရရွိေစပါတယ္။ဘယ္လုိလုပ္ရမလဲဆုိေတာ့ နဂါးေမာက္သီးကုိ ၾကိတ္စက္ထဲထည့္ၾကိတ္ျပီး ဆံပင္အျမစ္ကေန ေသခ်ာလိမ္းေပးရံုပါပဲ။၁၅မိနစ္ျပည့္တဲ႔အခါ ၾကက္သီးေႏြးေရေလးနဲ႔ျဖည္းျဖည္းခ်င္းေဆးခ်ေပးပါ။တစ္ပတ္ကုိတစ္ခါလုပ္ေပးရင္ တစ္လေလာက္နဲ႔သိသာတဲ႔ရလဒ္ကုိျမင္ေတ႔ြရမွာပါ။

ေကာင္းေကာင္းအသံုးခ်တတ္ရင္ လွပမႈေတြက သင့္အတြက္ပါပဲေနာ္ 💜

Unicode

သင်က နဂါးမောက်သီးကိုမကြိုက်သူတစ်ယောက်ဆိုရင်တောင် ဒီစာလေးဖတ်ပြီးတာနဲ့ ချက်ချင်းသွားပြေးဝယ်ချင်စိတ်ပေါက်လာမှာအသေအချာပါပဲ။နဂါးမောက်သီးက စားလို့ရတဲ့အပြင် သင့်ရဲ့အသားအရည်အလှအပအတွက်လည်းတစ်ဖက်တစ်လမ်းကအကျိုးပြုနေပါတယ်တဲ့။နဂါးမောက်သီးတစ်လုံးက ဘယ်လိုတွေအကျိုးပြုနေလဲဆိုတာ အတူတူဖတ်ကြည့်လိုက်ရအောင်

*ဝက်ခြံအဖြစ်များတတ်တဲ့အသားအရည်အတွက်*
နဂါးမောက်သီးက ဗီတာမင်စီဓာတ်များပြားလို့ ဝက်ခြံထွက်တဲ့အခါဖြစ်တတ်တဲ့အသားအရည်နီမြန်းမှုကိုလျှော့ချပေးနိုင်ပါတယ်။နဂါးမောက်သီးမှာဗီတာမင်ဘီစစ်လည်းပါဝင်တာကြောင့် နဂါးမောက်သီးစားပေးတာက သွေးစီးဆင်းမှုလည်းကောင်းမွန်စေသလို ဟော်မုန်းဓာတ်ကိုပါ ပုံမှန်ဖြစ်စေပါတယ်။အဆီပြန်တာကိုလည်းလျှော့ချပေးနိုင်ပြီး တစ်ပတ်ကို နှစ်ခါ၊သုံးခါလောက်ပုံမှန်စားပေးမယ်ဆိုရင် ဝက်ခြံ၊အမည်းစက််တွေကို သက်သာစေပြီးချွေးပေါက်ပိတ်ဆို့တာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်တဲ့။ရေဓာတ်လည်းများပြားလို့ အသားအရည်ကိုပါလှပစေပါတယ်။

*Mask အနေနဲ့သုံးမယ်ဆိုရင်*
Mask အဖြစ်လည်းသုံးလို့ရပါတယ်။နဂါးမောက်သီးအသားအနည်းငယ်ကို ကြိတ်စက်ထဲထည့်ကြိတ်၊ခပ်ပျစ်ပျစ်လေးဖြစ်အောင်လုပ်ပြီး အဲ့ဒီအရည်ကိုမျက်နှာမှာလိမ်းပေးပါ။၁၅မိနစ်လောက်ထားပြီးရင် ကြက်သီးနွေးရေလေးနဲ့ဆေးကြောပေးရုံပါပဲ။တစ်ခါမှမလုပ်ဖူးသေးဘူးဆို စမ်းကြည့်ကြည့်နော်

*နေလောင်ဒဏ်ရာတွေအတွက်လည်း ကာကွယ်ပေးတယ်*
မကြာခဏနေပူထဲထွက်ရလို့အသားအရည်နီမြန်းတာ၊နေလောင်ဒဏ်ဖြစ်တာတွေအတွက်လည်း နဂါးမောက်သီးက ကူညီပေးနိုင်ပါတယ်။နဂါးမောက်သီးမှာဗီတာမင်အီး၊ဗီတာမင်စီပါဝင်တဲ့အတွက် နဂါးမောက်သီးစားပေးတဲ့အခါ ခန္ဓာကိုယ်အရေပြားပျက်စီးမှုမဖြစ်အောင် အထိုက်အသင့်ကာကွယ်ပေးပါတယ်။အရေပြားကိုလည်း ရေဓာတ်ဖြည့်ပေးတဲ့အတွက်အလွယ်တကူနေလောင်ဒဏ်ခံရတာတွေမဖြစ်စေပဲ ဖြစ်လာတဲ့အခါမှာလည်း မြန်မြန်ပျောက်ကင်းသွားစေပါတယ်။

*အသားအရည်ချောမွေ့လှပချင်လို့ Lotion အဖြစ်လုပ်ချင်တယ်ဆိုရင်*
နဂါးမောက်သီးတစ်ခြမ်းကို ကြိတ်ချေလိုက်ပါ။ပြီးရင် ဒိန်ချဉ်အသားချည်းပဲ စားပွဲတင်ဇွန်းသုံးဇွန်းရောပြီးမွှေပါ။အရေပြားမှာလိမး်ထားပြီး ၁၅မိနစ်ပြည့်တဲ့အခါရေနဲ့ဆေးကြောပေးရုံပါပဲ။

*ဆံနွယ်တွေအတွက်*
နဂါးမောက်သီးက သင့်ဆံနွယ်တွေအတွက်အများကြီးအသုံးဝင်တယ်ဆိုတာသိရဲ့လား၊နဂါးမောက်သီးက Omega 3 ၊ Omega 6 တို့ပါဝင်တဲ့အတွက်ဆံသားကိုတောက်ပစေသလို အရှည်လည်းမြန်စေပါတယ်။ဆံပင်နှစ်ခွဖြစ်တာတွေ၊ဆံပင်သားခြောက်သွေ့တာတွေမဖြစ်စေတော့ပါဘူး။လွယ်လွယ်နဲ့ပျက်စီးတဲ့ဆံံသားတွေမဖြစ်တော့ပဲ ကျန်းမာသန်စွမ်းတဲ့ဆံကေသာကိုရရှိစေပါတယ်။ဘယ်လိုလုပ်ရမလဲဆိုတော့ နဂါးမောက်သီးကို ကြိတ်စက်ထဲထည့်ကြိတ်ပြီး ဆံပင်အမြစ်ကနေ သေချာလိမ်းပေးရုံပါပဲ။၁၅မိနစ်ပြည့်တဲ့အခါ ကြက်သီးနွေးရေလေးနဲ့ဖြည်းဖြည်းချင်းဆေးချပေးပါ။တစ်ပတ်ကိုတစ်ခါလုပ်ပေးရင် တစ်လလောက်နဲ့သိသာတဲ့ရလဒ်ကိုမြင်တွေ့ရမှာပါ။

ကောင်းကောင်းအသုံးချတတ်ရင် လှပမှုတွေက သင့်အတွက်ပါပဲနော်

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.