ပျော်ရွှင်ကြည်နူးစရာ Relationship တစ်ခုရဲ့နောက်ကွယ်…
Unicode
ချစ်သူစုံတွဲတိုင်း သမီးရည်းစားတိုင်းဟာသူတို့ရဲRS သက်တမ်းကိုတည်မြဲချင်ကြပြီး သက်ဆုံးတိုင်ပေါင်းသင်နေထိုင်ချင်တတ်ကြတာသဘာဝပါပဲ။ ဒါပင်မဲ့တော်ရုံစိတ်မျိုးနဲ့သက်တမ်းကြာရှည်တဲ့ RS Life ကိုကြာရှည်စွာတည်ဆောက်ဖို့ခဲယဉ်းတတ်ကြပါတယ်။ ပျော်ရွှင်သာယာနေကြတဲ့စုံတွဲတိုင်း၊ Bလူအများကအားကျရပါတယ်ဆိုတဲ့ချစ်သူတိုင်းမှာကိုယ်တွေအပြင်ကလူတွေမမြင်နိုင်တဲ့ နာကျင်မှုတွေဒဏ်ရာတွေအများကြီးရှိမှာအသေချာပါပဲ။ ဘယ်လောက်ပဲပြည့်စုံတဲ့ RSဖြစ်နေဖြစ်နေ မရင်းရတာမရှိပါဘူး။ တစ်ခုခုတော့ ကြီးကြီးမားမားရင်းခဲ့ပေးဆပ်ခဲ့ကြရင်းသိပ်ပျော်စရာကောင်းတဲ့ RS Life ဆိုတာကို ခံယူထားကြတာပါ။ တည်မြဲတဲ့ ဆက်ဆံရေးမျိုးဖြစ်ဖို့ မျက်ရည်ပေါက်တွေအနည်းနဲ့များပေးဆပ်ခဲ့ရမယ်၊ လူတိုင်းက အားကျလိုက်တာလို့အပြောခံရတဲ့အတွဲဖြစ်လာဖို့အချင်းချင်းမာနတွေကိုခဝါချရင်းနေလာခဲ့ရတယ်၊ တစ်ယောက်နဲ့တစ်ယောက်မပြတ်နိုင်လို့ တစ်ချို့သောအမှားတွေကို သဘေထားကြီးကြီးနဲ့ရင်နာနာ ခံစားနားလည်ပေးလိုက်ရတာမျိုးရှိမယ်၊ ဒီတော့မြဲနေတဲ့အတွဲတွေ ဆိုတာ တစ်ယောက်နဲ့တစ်ယောက်မေတ္တာထားတတ်လွန်းလို့့ပါ၊အမှားတိုင်းကိုအတတ်နိုင်ဆုံးသည်းခံပြီးကျော်ကျော်ပေးသွားနိုင်လို့ပါ၊ တွဲလက်တွေမြဲနေရတာ တစ်ယောက်ပေါ်တစ်ယောက်အနစ်နာခံပေးနိုင်လွန်းခဲ့လို့့ပါ။မင်းအပေါ် စိတ်သိပ်မရှိပဲ ခဏတာချစ်ရုံသက်သက်သူဆိုတာ သူ့ဘဝသူ့အလှသူ့ဂုဏ်သိက္ခာနဲ့သူ့ရဲ့စိတ်ဓာတ်တွေကို အပွန်းအပဲ့အနာကျင်ခံပြီးမင်းလက်ကိုဘယ်တွဲနေပါတော့မလဲ..မင်းပြောလည်းသည်းခံပြီးအချိန်တန်ရင်အဆင်ပြေသွားမှာပါဆိုတဲ့စိတ်လေးနဲ့မျှော်လင့်နေတဲ့ သူတစ်ယောက်မင်းနားမှာရှိနေရင်သေချာပါပြီ သူ့အတွက်မင်းကအာ့လောက်နာကျင်ပေးဆပ်ဖို့ထိုက်တန်လောက်အောင်ကို အရေးပါနေပါပြီ။ ဒါကြောင့် ဘဝအတွက်သေချာတဲ့လက်တွဲဖော်တွေဆိုတာ ပေးဆပ်ရင်း အနစ်နာခံရင်း အပြောဆိုခံရင်းနဲ့
မင်းဘေးနားကနေဘယ်လောက်နှင်နှင်ထွက်မသွားပဲတောက်တက်လို တွယ်ကက်နေတတ်ကြတာမျိုးပါ။ တစ်ယောက်မေတ္တာကိုတစ်ယောက်နားလည်ရင်း သူမင်းအပေါ်နားလည်သည်းခံပေးသလိုမင်းဘက်ကလည်းသူ့ရဲ့အမှားအသေးမွှားအတိုစလေးတွေကိုသည်းခံနားလည်
ပေးနိုင်အောင်ကြိုးစားကြည့်ပါ…
154 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.