မင်းရဲ့ချစ်သူကို ယုံကြည်ချင်ရင် ဒီမေးခွန်းလေးတွေ မေးထားသင့်

စိတ်ပညာရှင် Dr.Sususan Edelman ဟာ ပျော်ရွှင်သာယာတဲ့ Relationship တစ်ခုကိုတည်ဆောက်နိုင်ဖို့အတွက် မေးခွန်းလေးတွေနဲ့ စသင့်တယ်လို့ဆိုထားပါတယ်။ ဒီမေးခွန်းလေးတွေရဲ့ အဖြေကိုကြည့်ခြင်းအားဖြင့် သူ့ကို ကိုယ်ဆက်ပြီး လက်တွဲသင့်၊ မတွဲသင့် စဉ်းစားလို့ရတာပေါ့။

မိသားစုနဲ့ ဘယ်လောက်နီးစပ်မှုရှိလဲ ?


သူ့ရဲ့မိသားစုနဲ့ သူဟာ ဘယ်လောက်ထိ အရေးပါ ၊ နီးစပ်မှုရှိလဲဆိုတာ သိထားဖို့လိုပါတယ်။ သူ့ရဲ့မိသားစုအပေါ် ဆက်ဆံပုံက သင့်အပေါ်လည်း အနည်းငယ်တော့ သက်ရောက်မှုရှိပါတယ်။ အဲ့ဒီကနေ တစ်ဆင့်သူ့ရဲ့အပြောဆို ၊ အနေထိုင်တွေကိုလည်း သိနိုင်ပါတယ်။

မင်းနဲ့စကားပြောတဲ့အခါ သူ့အတွက် ဘယ်လိုအခြေအနေတွေမှာ ခက်ခဲတတ်လဲ

စုံတွဲတွေကြားမှာလည်း စကားပြောတဲ့အခါ ခက်ခဲတဲ့အခြေအနေတွေရှိတတ်ပါတယ်။ ဘာကြောင့် တွန့်ဆုတ်နေလဲဆိုတာ မေးပါ။ အဖြေဟာ မင်းအတွက်စိတ်တိုင်းကျချင်မှ ကျလိမ့်မယ်။ ဒါပေမယ့် လက်ခံလိုက်ပါ။ မင်းတို့နှစ်ယောက်ကြား အပြည့်ဝယုံကြည်ရတဲ့ ဆက်ဆံရေးမျိုးတည်ဆောက်ချင်တယ်ဆိုရင်ပေါ့။

ဘာကို သူ ဂုဏ်အယူဆုံးလဲ


မင်းချစ်သူဟာ သူ့ဘဝမှာ ဘယ်အရာကို ဂုဏ်အယူရဆုံးလဲ…။ မသိသေးရင် မေးကြည့်ပါ။ အဲ့ဒါဟာ
တစ်နည်းအားဖြင့် သူ့ဘဝရဲ့ အဓိက Goal တစ်ခုကိုလည်း သိနိုင်ပါတယ်။ မေးခွန်းဟာ သူ့ရဲ့ရိုးသားမှုအပြင် အခြားအချက်လက်တွေကို သိနိုင်အောင် မေးတတ်သင့်ပါတယ်။

အဆိုးဆုံး အမှတ်တရတွေက ဘာတွေဖြစ်မလဲ

ဒီမေးခွန်းဟာ သူ့ရဲ့အတိတ်ကို ပြန်ဆွသလိုဖြစ်ပေမယ့် မေးကြည့်ပါ။ အနာကျက်သွားရင်တော့
အေးဆေးပြန်ပြောနိုင်မှာပါ။ မိသားစုအရေး ၊ အလုပ်ကိစ္စ ၊ အချစ်ရေး ..စသဖြင့် အမှတ်တရဆိုးတွေ
လူတိုင်းမှာ ရှိပါတယ်။ သူ့ရဲ့ဝမ်းနည်းစရာကောင်းတဲ့ အတိတ်ဖြစ်ရပ်တွေ သင့်ကိုအေးဆေးပြောပြနေပြီဆိုရင် မင်းအပေါ် သူယုံကြည်မှုထားတယ်ဆိုတာ သိနိုင်ပါတယ်။

စာဖတ်သူများလည်း ကိုယ်ချစ်ရတဲ့သူတွေကို ဒီမေးခွန်းလေးတွေနဲ့ စမ်းသပ်မေးကြည့်ပြီး သူ့စိတ်
အနေထား ဘယ်လိုရှိလဲဆိုတာကို သိနိုင်တယ်နော်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.