Lee Je Hoon နဲ့အတူ ဒရာမာဇာတ်ကားသစ် ရိုက်ကူးဖို့ အတည်ပြုလိုက်ပြီဖြစ်တဲ့ Lee Dong Gun

Lee Dong Gun ကတော့ သူ့ရဲ့FNC Entertainment မှ SBS မှထွက်ရှိမယ့် ဒရာမာဇာတ်ကားသစ်‘Yeowoo Gaksibyeol’ ကို ရိုက်ကူးဖို့ လက်ခံလိုက်ပြီဖြစ်ကြောင်း အတည်ပြုကြေငြာလိုက်ပါပြီ။

Image result for Lee Dong Gun

ဒီဇာတ်ကားမှာ Seo In Woo ဇာတ်ကောင်အဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။

Related image

Chae Soo Bin ကတော့ သူမဇာတ်ကောင်နေရာကို ဝင်ဖို့ အခုထိ ဆွေးနွေးနေတုန်းလို့သိရပါတယ်။

‘Yeowoo Gaksibyeol’ ဇာတ်လမ်းဟာ Incheon Ariport မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ ဘဝအကြောင်းကို ရိုက်ထားတာဖြစ်ပါတယ်။ Lee Dong Gun ကို လေဆိပ်ရဲ့ အော်ပရေးရှင်း မန်နေဂျာအဖြစ် တွေ့မြင်ရမှာဖြစ်ပြီး ဇာတ်ညွန်းက Kang Eun Kyung ၊ ဒါရိုက်တာ Shin Woo Chulတို့ဖြစ်ပါတယ်။

Image result for Lee Je Hoon

Lee Je Hoon လည်း မကြာခင်ကမှ ဒီဇာတ်ကားမှာ ပါဝင်ဖို့သဘောတူလိုက်တာပါ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.