ခရစ်စမတ်ဟာ ဒီလူအတွက် စောစောစီးစီးရောက်ရှိခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ ကပြုလုပ်ခဲ့တဲ့ ရန်ပုံငွေရှာပွဲမှာ လူတစ်ယောက်ဟာ ၁၃၇ ဒေါ်လာတန်တဲ့ ကံစမ်းမဲကူပွန်လက်မှတ်ကနေ ဒေါ်လာ တစ်သန်း ကျော်တန်တဲ့ ပီကာဆိုရဲ့ ပန်းချီကားကို ရရှိခဲ့ပါတယ်။
“L’Homme au Gibus,” လို့ အမည်ပေးထားတဲ့ ဒီပန်းချီကားကို နာမည်ကျော်စပိန်ပန်းချီဆရာ ပီကာဆိုက ၁၉၁၄ ခုနှစ်မှာ ရေးဆွဲခဲ့တာပါ။ ပန်းချီကားရဲ့ အပေါ်မှာ ‘Pablo Picasso’ လို့ လက်မှတ်ရေးထိုးထားတာကို တွေ့ နိုင်ပါတယ်။
ဒီအစီအစဉ်ဟာ 1picasso100euros.com က ပြုလုပ်တဲ့ ရန်ပုံငွေရှာပွဲတစ်ခုဖြစ်ပြီး ယူရိုငွေ တစ်ရာနဲ့ ပီကာဆို ရဲ့ ပန်းချီကားကို ပိုင်ဆိုင်ခွင့်ရရှိနိုင်မယ် လို့ ဆိုပါတယ်။
ဒီ “L’Homme au Gibus,” ပန်းချီကားအတွက် ကံစမ်းမဲလက်မှတ် ငါးသောင်းပြုလုပ်ခဲ့ပြီး ကံထူးရှင်တစ်ယောက်ကို ရွေးချယ်ခဲ့တာပါ။ နယူးယောက်ပန်းချီပြခန်းကနေ ဒီပန်းချီကားကို ၀ယ်ယူခဲ့တဲ့ အမည်မသိတစ်ယောက်က ဒီ၇န်ပုံငွေအဖွဲ့ ကို ပြန်လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။
ပီကာဆိုပန်းချီကားကို မဲပေါက်ခဲ့သူကတော့ အသက် ၂၅ နှစ်အရွယ် ၀က်စ်ဖို့ ဒ်မြို့ က ဂိုနာနို ဆိုသူဖြစ်ပြီး သူ့ ရဲ့ အိမ်အသစ် အတွက် အလှဆင်ဖို့ ပစ္စည်းလိုက်ရှာနေရင်း ဒီပန်းချီကားကို မဲပေါက်ခဲ့တာပါ။ အခုတော့ သူက ဒီပန်းချီကား ကို နေရာချဖို့ သူ့ အိမ်ရဲ့ အကောင်းဆုံးနေရာကို ပြင်ဆင်နေပါတယ်တဲ့။
Ref: foxnews.com