နှစ်ယောက်လုံး ဒိတ်သတင်းကိုငြင်းခဲ့ကြပေမဲ့ ပရိသတ်တွေကတော့ သက်သေတွေထပ်ရှာနေဆဲ 😅
Unicode
သိပ်မကြာခင်ရက်ပိုင်းက မီဒီယာတစ်ခုကနေ တောင်ကိုရီးယားမင်းသားချော Park Seo Joon နဲ့ Park Min Young တို့က ပရိသတ်တွေကိုအသိမပေးသေးပဲတိတ်တိတ်လေးတွဲနေကြတာသုံးနှစ်တောင်ရှိပြီဆိုတဲ့သတင်းထွက်ရှိလာခဲ့ပါတယ်။ဒီသတင်းတက်လာပြီးသိပ်မကြာခင်မှာပဲ နှစ်ယောက်လုံးရဲ့အေဂျင်စီအသီးသီးကနေသူတို့နှစ်ယောက်က သူငယ်ချင်းတွေပဲဲဖြစ်တဲ့အကြောင်း၊တွဲနေတာမဟုတ်တဲ့အကြောင်း၊What’s Wrong with Secretary Kim ရိုက်ရင်းနဲ့မှ ပိုပြီးရင်းနှီးလာတာဖြစ်တဲ့အကြောင်း အသီးသီးငြင်းဆိုခဲ့ကြပါတယ်။
ဒါပေမဲ့ ကိုရီးယားနိုင်ငံပရိသတ်တွေက ဘယ်လောက်တောင်စေ့စေ့စပ်စပ်လိုက်ရှာဖွေထားသလဲဆိုရင် သူတို့နှစ်ယောက်ချစ်သူတွေဖြစ်နေကြတယ်လို့ယူဆချင်ယူဆပစ်လိုက်လို့ရတဲ့သက်သေအထောက်အထားတစ်ချို့ကို ထပ်ပြီးရှာတွေ့လာခဲ့ပြန်ပါတယ်။အေဂျင်စီတွေကငြင်းလည်း မယုံပါဘူးတဲ့ ၂၀၁၆ ကတည်းက ဒိတ်နေကြတာဖြစ်မယ်ဆိုတဲ့သက်သေကတော့ သူတို့နှစ်ယောက် ပြည်ပမှာရိုက်ထားတဲ့ဓာတ်ပုံတွေပါပဲ။Park Seo Joon က ကယ်လီဖိုးနီးယားမှာရောက်နေတဲ့ဓာတ်ပုံကိုတင်ခဲ့ပြီးငါးရက်အကြာမှာပဲ Park Min Young က ကယ်လီဖိုးနီးယားက ဓာတ်ပုံကိုတင်ခဲ့ပါတယ်။
၂၀၁၇ တုန်းကလည်း ဂျပန်ကိုအတူရောက်နေတယ်ဆိုတဲ့ သက်သေတစ်ချို့ရှိခဲ့ပါတယ်။Park Seo Joonက သူဂျပန်ရောက်နေကြောင်းဓာတ်ပုံတင်ပြီး နောက် ၂ရက်အကြာမှာ Park Min Young က ဂျပန်က ဓာတ်ပုံတစ်ပုံကိုတင်ခဲ့ပါတယ်။ဒါ့အပြင် သူတို့နှစ်ယောက်ရဲ ့ဦးထုပ်၊ဖိနပ်၊လက်ပတ်စတာတွေကိုကြည့်ပြီးသူတို့နှစ်ယောက်ဒိတ်နေတာဖြစ်ကြောင်းပြောခဲ့ပါတယ်။Park Seo Joon ရဲ ့
ဗီဒီယိုတစ်ခုမှာတွေ့ခဲ့ရတဲ့ ဦးထုပ်နဲ့ဖိနပ်ဟာ Park Min Young မှာလည်းရှိနေကြောင်းတွေ့ခဲ့ရပါတယ်။Couple ဝယ်ထားတာလားပေ့ါ
ကာယကံရှင်နှစ်ယောက်လုံးကတော့ အသီးသီးငြင်းဆိုကြပေမဲ့လည်း ပရိသတ်တွေကတော့သူတို့စုံတွဲလေးကိုတကယ်ဖြစ်စေချင်ကြပုံပါပဲ။သက်သေအထောက်အထားတွေက အစလိုက်ရှာထားကြတာပါ။ပြီးတော့ What’s Wrong with Secretary Kim မရိုက်ခင်က Park Seo Joon က
ဒီဇာတ်လမ်းကိုလက်ခံဖို့မသေချာခဲ့ပေမဲ့ မင်းသမီးက Park Min Young ဖြစ်နေမှန်းသိသွားတဲ့အခါမှာတော့ ဒီဇာတ်ညွှန်းကိုရိုက်ကူးဖို့လက်ခံခဲ့တာဖြစ်တယ်လို့ကောလဟာလလည်းထွက်ရှိခဲ့ပါသေးတယ်။
ဘာတွေဖြစ်ဖြစ်ပရိသတ်တွေကတော့ သူတို့ကို Park-Park Couple ဆိုပြီး Ship နေကြဆဲပါ။အခုတော့သူငယ်ချင်းတွေဆိုပေမဲ့ နောက်တော့တစ်မျိုးတိုးရင်တိုးသွားနိုင်တာပဲလေနော့ အခု သူတို့ရဲ့ What’s Wrong with Secretary Kim ဇာတ်လမ်းတွဲလေးပြီးဆုံးသွားပြီဆိုတော့ ရိုက်ကွင်းနောက်ကပုံရိပ်လေးတစ်ချို့ကို ပြန်ပြီးဖော်ပြပေးလိုက်တယ်နော်
916 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.