အချစ်မှာ ကျရှုံးတော့မယ်ဆိုရင် ဒါလေးတွေတော့ သိထားသင့်တယ်

အချစ်ဆိုတာကို ခုခေတ်ကလေးတွေ နားလည်မှုမလွဲစေဖို့ ၊ အချစ်မှာကျရှုံးမိတော့မယ်ဆိုရင်တော့ဖြင့် သိသင့် သိထိုက် ၊ နားလည်သင့်တာတွေကို ပြောပြပေးသွားချင်ပါတယ်။ ဒီလိုပြောလို့ စာရေးသူဟာ အချစ်ကျွမ်းကျင်သူကြီးတော့ မဟုတ်ပါဘူးနော်။သူများအတွေ့ကြုံလေးတွေ၊ ကိုယ်တွေ့ခံစားချက်လေးတွေ ၊ ဖတ်ဖူးတာလေးတွေကနေ စာဖတ်သူများအတွက် ပြန်လည်ဝေမျှပေးတဲ့သဘောပါ။ အမြင်မတူတာလေးတွေရှိရင် နားလည်ပေးဖို့နဲ့ ကိုယ်ပိုင်ယူဆချက်လေးတွေရှိရင်လည်း အကြံပြုသွားနိုင်ပါတယ်ရှင့်….

LOVE 💖

အချစ်နဲ့တွေ့ရင် ကမ္ဘာပတ်နေရသလိုပဲ။ လူတော်တော်များများက ဒီလိုလှပတဲ့ စွဲလမ်းမှုရောဂါရဲ့
အခြေခံသဘောတရားကို သဘောမပေါက်ကြဘူး။ ဖတ်ဖူးတဲ့ ဝတ္ထုတွေ ၊ ကြည့်ဖူးတဲ့ ရုပ်ရှင်တွေဟာ တကယ်တမ်းကျ လက်တွေ့မှာ အလှမ်းကွာနေတာကို သတိထားမိမှာပါ။ လက်တွေ့ဆိုတည်းက လက်တွေ့ဆန်မှုတွေ ပါလာတော့ အချစ်မှာ စိတ်ကူးယဉ်နေရုံလေးနဲ့ မပြီးသွားဘူး။ ရူးသွပ်နေရုံနဲ့ ထမင်းပန်းကန်ရှေ့မရောက်လာဘူး။

Albert Einstein ရဲ့ စကားလေးတစ်ခု ” You can’t blame gravity for falling in love” တဲ့ ။

သူများကို မချစ်ခင် မင်းကိုယ်မင်း အရင်ချစ်တတ်ဖို့လိုတယ်

Related image
ဒါကို မင်းနားမလည်သေးဘူးဆိုရင် သဘောပေါက်အောင်လုပ်ပါ။ ဒီအချက်က အချစ်မှာအရေးကြီးဆုံးအဆင့်ပဲဖြစ်တယ်။ အချစ်ဆိုတာ လုပ်နိုင်စွမ်းပါ ။ ကိုယ့်ကိုကိုယ် ကြင်နာစွာ ၊ တလေးတစားနဲ့ မဆက်ဆံနိုင်ဘူးဆိုရင် အခြားလူတစ်ယောက်ကို အပြည့်ဝချစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အချိန်ယူပြီး
မိမိကိုယ်ထဲက စကားသံတွေကို နားစွင့်ပါ။ ကိုယ့်ကိုကိုယ် လွတ်လပ်စွာ အပြည့်ဝချစ်နိုင်အောင် သင်ယူပါ။

အချစ်မှာကျရှုံးတယ်ဆိုတာ ပျောက်နေတဲ့အသည်းတစ်ခြမ်း ရောက်လာတာမျိုးမဟုတ်

ကိုယ့်ဘဝထဲ လူတစ်ယောက်ရောက်လာတာဟာ မင်းရဲ့လစ်ဟင်းနေတဲ့ အသည်းတစ်ခြမ်းကို ဝင်ရောက်ဖြည့်ဆည်းလိုက်တာ မဟုတ်ပါဘူး။ အဲ့လို တသမတ်တည်းယုံထားတဲ့ အတွေးဟာ အစမှာတင် လုံးဝမှားသွားပါပြီ။ သူဟာ ငါ့အတွက် ၊ ငါ့ကို ပျော်ရွှင်အောင်လုပ်ပေးရမယ် ၊ ငါလိုအပ်ရင် အနားမှာရှိပေးရမယ် ၊ ငါဖုန်းဆက်တာနဲ့ ချက်ချင်းကိုင်ရမယ် ၊ ငါတွေ့ချင်တယ်ပြောရင် ချက်ချင်း အချိန်ပေးနိုင်ရမယ်…။ ” ငါ .. ငါ…. ငါ ” နဲ့ အချစ်ထက် အတ္တတွေ များလာခဲ့ပါတယ်။ သူက တစ်ခုလောက် လွဲချော်ပြီး မင်းအပေါ် အချိန်မပေးနိုင်တာမျိုး ၊ ဂရုမစိုက်မိတာမျိုးဖြစ်လာပြီဆို စိတ်ဆင်းရဲတဲ့ ခံစားချက်တွေကနေ လွတ်မြောက်နိုင်တော့မှာမဟုတ်ပါဘူး။ အချစ်မှာကျရှုံးတဲ့အခါ သူ့အတွက် ၊ ကိုယ့်အတွက် မျှတွေးပေးရမယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အချစ်မျိုးဖြစ်ဖို့ လိုပါတယ်။

အချစ်မှာနစ်မွန်းသွားရင် အလှည့်စားခံဖြစ်လို့ လွယ်သွားပြီ

ချစ်တဲ့သူပြောတဲ့ စကားတစ်ခွန်းဟာ လူတစ်ယောက်အပေါ် အများကြီးသက်ရောက်မှုရှိပါတယ်။
တစ်ခုတော့ရှိတယ်။ သူဟာကောင်းစေချင်လို့ပြောတာဆို ဘာမှမဖြစ်ပေမယ့် ၊ မင်းအတွက် အဆိပ်
တောက်ဖြစ်စေတယ်ဆို ဆက်တွဲသင့် ၊ မတွဲသင့်စဉ်းစားကြည့်ပါ။ ဥပမာ ဒီအချက်တွေနဲ့ပတ်သတ်ပြီး မင်းကိုပြောဆိုလာမယ်…
– ဆံပင် (သို့) ခန္ဓာကိုယ်
– ဝတ်စားဆင်ယင်ပုံ
– မင်းဘယ်သူနဲ့ အပြင်သွားလဲ
– မင်းရဲ့အလုပ်
– ကိုယ်ပိုင်အချိန်တွေ

ဒါတွေနဲ့ပတ်သတ်ပြီး မင်းကို ထိခိုက်လာပြီဆိုရင် ကြာရင် အဆင်ပြေမှာမဟုတ်ဘူးနော်။ ချစ်ရင် မင်းကိုပြောင်းလဲဖို့မကြိုးစားဘူး။ မင်းရဲ့ပုံစံအတိုင်းကို သူလက်ခံနိုင်ဖို့ ကြိုးစားမှာပါ။ ဒီလိုပဲ မင်းလည်း သူ့အပေါ်လက်ခံနိုင်ရမယ်။ မှားယွင်းတဲ့ အချစ်မျိုးနဲ့တွေ့နေပြီဆိုရင် မြန်မြန် get out လုပ်ပါ။ အချိန်တွေကြာရင် သံယောဇဉ်တွယ်ပြီး ဖြတ်ရခက်တယ်။

sex partner မဟုတ်ပဲ သူငယ်ချင်းကောင်းရသလို ခံစားချက်ဖြစ်ဖို့လို

couple-cuddling-intimately-bed
အခုခေတ် စုံတွဲတွေမှာ sex ကိစ္စမရှိတာ နည်းပါတယ်။ ပွင့်လင်းမြင်သာရှိလာပြီဆိုတော့ ဒါတွေက
သိပ်ပြီး ဆန်းကြယ်တယ်မဟုတ်တော့ပါဘူး။ Relationship မှာ sex ကိစ္စဟာ မပါမဖြစ်ဆိုပေမယ့် sex partner တစ်ယောက်လိုမဟုတ်ပဲ သူငယ်ချင်းကောင်းတစ်ယောက်ရလိုက်သလို ခံစားချက်မျိုးဖြစ်ဖို့လိုပါတယ်။ သူငယ်ချင်းဆိုတဲ့ အသုံးနှုန်းက နည်းနည်းပေါ့ပျက်ပေမယ့် ဒီလိုချစ်တာက ပူလောင်မှုကင်းပါတယ်။ အချစ်မှာ မျက်စိမပါဘူးဆိုတာ မင်းကိုယ်တိုင် မမြင်ချင်ယောင်ဆောင်နေတာလည်းဖြစ်နိုင်တာပဲ။

အချစ်မှာ ကျရှုံးတော့မယ်ဆိုရင် ဒီအချက်လေးတွေ သတိထားပါ။ အချစ်နဲ့တွေ့ပြီး ကိုယ်တိုင်ကလည်းfree ဖြစ်နေဖို့လိုပါတယ်။ ကိုယ်ပိုင်အချိန်တွေ မဆုံးရှုံးဖို့လိုပါတယ်။ ဆန္ဒရှိတဲ့ ဘဝကို ချစ်ရတဲ့သူနဲ့အတူပုံဖော်နေတဲ့ လူသားတစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးတယ်နော်။

264 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.