အချစ်ကြောင့် ဒီလိုအရာတွေနဲ့ဝေးကွာမသွားပါနဲ့…

(၁) မိသားစုစကားဝိုင်း
(၅) ကိုယ့်ရဲ့အားသာချက်

Unicode

ခံစားချက်ပြင်းထန်ပြီး အချစ်ကိုသိပ်တန်ဖိုးထားတတ်တဲ့သူတိုင်းဟာ အချစ်ကြောင့်နာကျင်ခံစားရတာသဘာဝပါပဲ။ တစ်ခါတစ်ခါ အချစ်ဆိုတဲ့အရာကြီးကြားတိုးဝင်ရင်းသုခတွေဒုက္ခတွေ
ခံစားကာ ဒီလိုအရာလေးတွေနဲ့ဝေးကွားနေတတ်ကြပါတယ်။ ဘယ်လိုအရာလေးတွေလည်းဘာကြောင့်ဝေးကွာသွားကြတာလဲဆိုတာ…
(၁) မိသားစုစကားဝိုင်း
တစ်ခါတစ်လေမှာ အချစ်ဆိုတဲ့အရာနောက်ကိုပြေးလိုက်နေရာကြောင့်မိသားစုတွေနဲ့လက်ဆုံညီစကားမပြောဖြစ်တတ်ကြတော့ပါဘူး။
(၂) သူငယ်ချင်းတွေနဲ့Date
အရင်ကအားလပ်ရက်မှာသူငယ်ချင်းတွေကိုအချိန်ပေးနိုင်ပင်မဲ့အခုပိုအချိန်ပေးရမဲ့သူရှိလာတဲ့အခါ ဆုံဖြစ်ဖို့ကဝေးသွားတတ်ကြပါတယ်။
(၃) မိတ်ဆွေသစ်တွေနဲ့ရင်းနှီးမှု
ကိုယ့်ချစ်သူရဲ့အထင်လွဲအမြင်လွဲလိုခံရမှာဆိုးလို့ရှောင်ရှားရင်း မိတ်ဆွေသစ်တွေနဲ့ဝေးကွားတတ်ကြပါတယ်။
(၄) ဘဝတိုးတတ်အောင်မြင်ရေး
တစ်ခါတစ်ရံ အချစ်ထက်အရေးကြီးတဲ့ အရာတွေရှိပါသေးလားဆိုတာကိုမေ့နေတတ်ပြီးကိုယ့်ဘဝတိုးတတ်အောင်မြင်ဖို့ကို မေ့ထားတတ်ကြပါတယ်။
(၅) ကိုယ့်ရဲ့အားသာချက်
ကိုယ့်ရဲ့အားသာချက်ကို ရှာဖွေဖို့မေ့နေတတ်ကြပြီးတစ်ဖက်သားရဲ့ပေါ်ဘာဖြည့်ဆည်းပေးရမလဲ တစ်ဖက်လူကြိုက်အောင်ဘယ်လိုနေရမလဲဆိုတာပဲတွေးနေတတ်ကြပါတယ်။တကယ်တော့ သိပ်ကိုသိတတ်နားလည်ပြီးစစ်မှန်တဲ့ချစ်ခြင်းမေတ္တာနဲ့ချစ်တတ်တဲ့ချစ်သူကို ရထားတဲ့သူတွေအဖို့ကတော့အပေါ်ကအချက်တွေကို လုံးဝခံစားရစေမှာမဟုတ်ပါဘူး။ သဘောထားကြီးပြီးနားလည်မှုရှိတဲ့ချစ်သူတိုင်းကသင့်ရဲ့ဘဝကို ဘယ်တော့မှာ ပိတ်ပင်တားဆီးပြီးသူမရှိရင်မဖြစ်ဆိုတာမျိုးလုပ်မထားတတ်ပါဘူး။ သူမရှိရင်တောင်သင့်ဘဝကိုသင်သဘောကျနှစ်ခြိုက်တတ်အောင်
သင်ပေးတတ်သွားတတ်ကြတာပါ။ ဒါကြောင့်မိုက်ရူးရဲဆန်တဲ့အချစ်ဇာတ်လမ်းတွေကြား ဒီလိုအရာတွေနဲ့ဝေးကွာမသွားပါစေနဲ့…

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.