တစ်ချို့အရာတွေကအချိန်မတန်သေးရင်နာကျင်ရတယ်ဆိုတာ…
Unicode
လောကကြီးမှာအချိန်တန်ရင်ဆိုတဲ့စကားကိုမေ့ထားလို့မရပါဘူး။ ဘယ်အရာမဆိုသူ့အချိန်သူ့အခါမဟုတ်ရင်မလိုလားအပ်တဲ့နာကျင်မှုတွေ မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာတတ်ကြတာသဘာဝပါပဲ။
ဆိုတော့ပြောလိမ့်မယ် အချိန်တန်ပြီ မတန်ဘူး ဘာကိုကြည့်ပြီးသိမလဲပေါ့။ ဘာကိုမှကြည့်ပြီးမသိနိုင်ပါဘူး..ဒါကြောင့်ဖြစ်လာသမျှအကြောင်းမှန်သမျှကို လက်ခံနားလည်ပေးနိုင်ဖို့သာစိတ်ကို ကြံ့ကြံ့ခံအောင်ထားပြီး မွေးမြူတတ်ဖို့ပဲလိုပါတယ်။
ဒါတွေကိုဖတ်ရင်းရှုပ်နေမယ်ဆိုတာ ကိုယ်သိတယ်လေ …ဒါကြောင့်ရှင်းရှင်းသိသွားအောင် အနီးစပ်ဆုံးချစ်ရေးချစ်ရာဥပမာလေးတစ်ခုနဲ့ပဲ ကြည့်ရအောင်…ဥပမာ-လူတစ်ယောက်ကိုသင်ချစ်မိသွားပြီဆိုပါစို့၊သူကလည်းသင့်ကိုသိပ်ချစ်တယ်ဆိုပါစို့ အိုကေ သင်တို့တွေးလိုက်မိမှာပဲ
သူနဲ့ငါနဲ့တစ်သတ်လုံးမကွဲနိုင်ဘူး ၊သက်ဆုံးတိုင်ပေါင်းမယ် ဘာညာသရကာပေါ့ ၊ ဒါပင်မဲ့ အချိန်မတန်သေးတဲ့အခါ သင်တို့ရဲ့ချစ်ခြင်းမေတ္တာကြားဘာမဟုတ်တဲ့ပြဿနာလေးဝင်လာပြီးသင်တို့ကွဲသွားနိုင်ပါတယ်။ ကွဲသွားပါပြီသူကနောက်တစ်ယောက်ရနေပြီသင်ကလည်းသင့်ဟာသင်အဆင်ပြေနေပြီ ရဲ့တစ်နေ့မှာသင့်ချစ်သူဟောင်းကသူ့ရည်းစားအသစ်နဲ့
ကွဲကွာသွားပြီး သင်နဲ့မတော်တဆပြန်ဆုံဖြစ်ခဲ့ကြတယ်၊ ဒီအခါမှာ မိတ်ဆွေလိုစကားတွေဖောင်ဖွဲ့ရင်းသင်တို့ပြန်ချစ်သွားကြပြီးသိပ်မကြာခင်မှာပဲလက်ထက်လိုက်ကြတယ် …ဖတ်ရတာတော့ပုံပြင်လိုလိုဝတ္ထုလိုလို ဇာတ်လမ်းလိုလိုခံစားရနို်င်မဲ့ အပေါ်ကခေါင်းစဉ်အတွက် အရှင်းလင်းဆုံး ဥပမာပါပဲ တစ်ချို့အရာတွေက အချိန်မတန်သေးတဲ့အခါကိုယ်နဲ့သင့်တော်တဲ့အချိန်ကာလအတိုင်းတာတစ်ခု မရောက်ရှိသေးတဲ့အခါ နာကျင်စရာစိတ်မကောင်းစရာပြဿနာတွေ ကိစ္စတွေနဲ့ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် ဘယ်တော့မဆို ပြဿနာတွေစိတ်ညစ်စရာတွေနဲ့ကြုံလာတိုင်းစိတ်ပျက်ဝမ်းနည်းမနေပဲ ကိုယ့်စိတ်ရဲ့အမှန်တကယ်အလိုကျတိုင်းနေထိုင်ရင်း အချိန်တန်ရင်းပြီးသွားမှာပါ ဆိုတဲ့စိတ်လေးသွင်းထားပါ။ဒါဆိုရင် တော့ လက်ရှိသင့်ရဲ့နာကျင်မှုတွေက တစ်ဝက်လောက်ထိသက်သာသွားပြီးအေးချမ်းတဲ့အနှစ်သာရရှိရှိဘဝကိုသင်ပိုင်ဆိုင်နိုင်မှာပါ။
711 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.