Horror Fan စစ်စစ်တွေသာ ကြည့်ရဲမယ့် သည်းထိတ်ရင်ဖိုဇာတ်ကားများ…

သင့်ကိုယ့်သင် Horror Fan စစ်စစ်လို့ယူဆမှသာ ဒီကားတွေကိုကြည့်စေချင်မိ။တစိမ့်စိမ့်နဲ့ကြောက်ဖို့ကောင်းတယ်ဆိုတာ ဒီကားတွေပါပဲ။တစ်ချို့ horror ကားတွေက ကြောက်ဖို့ကောင်းတယ်လို့သာပြောထားတာ။တကယ်တမ်းကျတော့ သိပ်ပြီးကြောက်ဖို့မကောင်းလှပါဘူး။ဒါပေမဲ့ ဒီဇာတ်ကား ၇ကားကတော့ ညဘက်အိပ်ချိန်မှာကြည့်မိမယ်ဆိုရင် တစ်ညလုံးမျက်စိကြောင်နေမယ်ဆိုတာ အသေအချာပဲ။နေ့ခင်းဘက်ကြည့်မယ်ဆိုရင်တောင် ဘေးနားမှာတစ်ယောက်ယောက်ရှိနေမှ ကြည့်ကြပါလို့ ကြိုပြီးအကြံပေးလိုက်ပါတယ်။ကဲ ဒါဖြင့် ဘာကားတွေလဲဆိုတာ Trailer နဲ့တကွကြည့်လိုက်ရအောင်

The Tortured (2010)
ဒီကားကိုတော့ စိတ်ခိုင်မှကြည့်ပါ။ဒီရုပ်ရှင်ကားကြည့်ပြီးတဲ့အခါဖြစ်လာမယ့်စိတ်ပိုင်းဆိုင်ရာအနေအထားက အတော်လေးထူးဆန်းတယ်လို့ကြည့်ဖူးသူတွေကပြောခဲ့ကြပါတယ်။သားဖြစ်သူကိုသတ်သွားတဲ့ လူသတ်သမားကို ပြန်ပြီးလက်စားချေဖို့လုပ်ခဲ့တဲ့ဇနီးမောင်နှံနှစ်ယောက်အကြောင်းကိုရိုက်ကူးထားတာပါ။အဆုံးထိတိုင်အောင် ဘယ်သူ့ကိုသနားရမလဲ၊ဘယ်သူ့ကိုသနားသင့်လဲဆိုတာဝေခွဲမရဖြစ်စေတဲ့ကားပါ။

Hush (2016)
မျက်နှာဖုံးစွပ်လူသတ်သမားက နားမကြားတဲ့စာရေးဆရာတစ်ယောက်ရဲ့ အိမ်ကိုချဉ်းကပ်လာတဲ့အခါမှာတော့ ထိုအမျိုးသမီးက သူမရဲ့ အသက်ရှင်သန်ရေးအတွက်တောထဲကိုထွက်ပြေးတိမ်းရှောင်တဲ့ဇာတ်လမ်းပါ။နားမကြားပေမဲ့သူမကိုယ်သူမဘယ်လိုကာကွယ်သွားမလဲ၊ဘယ်လိုကြောက်လန့်စရာအဖြစ်အပျက်တွေကြုံရမလဲဆိုတာတော့ ပရိသတ်တွေကိုယ်တိုင်ကြည့်ရှုခံစားလိုက်ပါဦး။

Before I Wake (2016)
ဒီဇာတ်ကားနဲ့ပတ်သက်ပြီး horror ကားပရိသတ်စစ်စစ်တွေကတော့ တကယ်ကောင်းတဲ့ရုပ်ရှင်ကားတစ်ကားလို့မှတ်ချက်တွေချထားကြပါတယ်။ပရလောကပိုင်းဆိုင်ရာတွေနဲ့အသံတွေဖန်တီးရိုက်ထားတာက အတော်လေးကြောက်စရာကောင်းပါတယ်။ဇနီးမောင်နှံစုံတွဲက အသက် ၈နှစ်
အရွယ်ကလေးကို မွေးစားခဲ့ပြီး ထိုကောင်လေးအိမ်ရောက်ချိန်မှာ သူတို့ရဲ့ သေဆုံးပြီးသား သားဖြစ်သူက အိမ်မှာပြန်ပေါ်လာခဲ့ပါတယ်။ပြီးတော့ ထိတ်လန့်စရာအဖြစ်အပျက်တွေကြုံတွေ့ရတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
Dark Signal (2016)
ဒီဇာတ်ကားက တိုးတက်လာတဲ့နည်းပညာနဲ့ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကိုရောနှောထားတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ရေဒီယိုအစီအစဉ်တစ်ခုမှာအသတ်ခံရတဲ့မိန်းကလေးရဲ့ မက်ဆေ့ခ်ျရောက်လာခဲ့ပြီး ထိုမိန်းကလေးရဲ့လူသတ်မှုကိုကူညီဖြေရှင်းပေးကြတဲ့ အမျိုးသမီးတစ်ယောက်နဲ့သူမရဲ့ ၀န်ထမ်းအကြောင်းရိုက်ကူးထားတာပဲဖြစ်ပါတယ်။ခေတ်မီနည်းပညာနဲ့သဘာဝလွန်စွမ်းအားတွေကိုဘယ်လိုပေါင်းစပ်ဖန်တီးထားလဲဆိုတာ စိတ်လှုပ်ရှားစရာပါပဲ။
Sinister (2012)
သဘာဝလွန်ဖြစ်ရပ်ဆန်းတွေနဲ့သည်းထိတ်ရင်ဖိုစွန့်စားခန်းတွေ ဖန်တီးရိုက်ကူးထားတဲ့ Sinister ဇာတ်ကားဟာလည်း horror ပရိသတ်တွေအကြိုက်ပါပဲ။မိသားစုတွေအားလုံးသစ်ပင်မှာ ကြိုးဆွဲချပြီးသတ်သေသွားတဲ့အိမ်ကို ကုန်ကြမ်းရဖို့ပြောင်းရွေ့လာခဲ့တဲ့စာရေးဆရာမိသားစုရဲ့ သည်းထိတ်ရင်ဖိုကြုံတွေ့ရပုံတွေပါ။၁၂နှစ်အရွယ်သားလေးတစ်ယောက်၊၇နှစ်အရွယ်သမီးလေးတစ်ယောက်ရယ်၊ဇနီးမောင်နှံစုံတွဲရယ် အဲ့ဒီအိမ်ကြီးမှာ ဘာတွေကြုံတွေ့ရမလဲဆိုတာ စိတ်လှုပ်ရှားစရာပါပဲ။
247 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.