ဆေးအသုံးလွန်ပြီး ဆေးရုံတင်လိုက်တဲ့ Demi Lovato အတွက် ဆုတောင်းစကားသံများ

ပြီးခဲ့တဲ့ အင်္ဂါနေ့ ည ၁၁နာရီ ၂၉မိနစ်မှာ ဆေးအလွန်ကျွံသုံးစွဲမှုကြောင့် ဆေးရုံတင်လိုက်ရတဲ့Demi Lovato ရဲ့သတင်းဟာ ပရိတ်သတ်တွေပါမက အခြား နိုင်ငံကျော်အနုပညာရှင်တွေကိုပါရင်ထိတ်စေခဲ့တယ်။

သူမသုံးစွဲခဲ့တာ Heroin တွေလို သတင်းတွေထွက်နေခဲ့ပေမယ့် သူငယ်ချင်းမိတ်ဆွေ အသိုင်းဝိုင်းတွေကဒီကောလဟာလတွေဟာ မဟုတ်မမှန်ကြောင်းပြောခဲ့ပါတယ်။ ညတွင်းချင်း ဆေးရုံကမန်းကတန်းတင်ခဲ့ပြီး မနေ့က မနက်(၅)နာရီလောက်မှ အခြေအနေပုံမှန်လောက်တော့ရှိခဲ့ပါတယ်။

ပြီးခဲတဲ့လက ထွက်ရှိခဲ့တဲ့ ”Sober” သီချင်းဟာ သူမရဲ့ပြောချင်တဲ့ စကားတွေ အများကြီိးပါဝင်နေခဲ့ပါတယ်။ အရင်တုန်းက အရက်တွေ ၊ ဆေးတွေစွဲပြီး ၆နှစ်လောက် ဒါတွေကို ဖြတ်ထားခဲ့ပေမယ့် ဒီနှစ်ထဲမှာအရက်တွေပြန်သောက်မိခဲ့တယ်။ သူမ အထီးကျန်နေခဲ့ပါတယ်။ အရင်လို တက်ကြွပျော်ရွှင်တဲ့ စင်ပေါ်ကDemi Lovato ကို ပြန်မမြင်ခဲ့ရတာလည်း ကြာပါပြီ။ ရုတ်တရက်ဆိုသလို ကြားသိလိုက်ရတဲ့သတင်းဟာ သူမရဲ့ပရိတ်သတ်တွေ ၊ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေနဲ့ အခြားအနုပညာရှင်တွေကိုပါစိတ်မကောင်းဖြစ်စေရတယ်။

သူမကို အရပ်ရပ်မှ အနုပညာရှင်တွေ ၊ ပရိတ်သတ်တွေက တွစ်တာမှာ ဆုတောင်းစကားတွေ အများကြီးပဲ ခြွေထားခဲ့ပါတယ်။ သူမရဲ့ရည်းစားဟောင်း Joe Jonas လည်း အပါဝင်ပေါ့။

အခုတော့ Demi သတိပြန်ရလာပါပြီ။ အတည်ပြုချက်အရ သူမက Heroinတွေ အလွန်ကျွံသုံးခဲ့တာဖြစ်ပါတယ်။ သူမစိတ်ထဲ ဘာတွေဖြစ်နေလဲ နားထောင်ပေးမယ့်လူ တစ်ယောက်ယောက်လိုအပ်နေခဲ့တယ် ထင်ပါရဲ့။

39 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.