ဒီေလ့က်င့္ခန္းေလးေတြလုပ္ေပးရင္ V-Shape မ်က္ႏွာေလး ေျပးမလြတ္ေနာ္ 😎

ကုိရီးယားမင္းသမီးေလးေတြလုိ မ်က္ႏွာေလး V-Shape ျဖစ္ခ်င္ၾကတဲ႔ပ်ိဳေမေတြရွိၾကတာ သိပါတယ္ေနာ္။မ်က္ႏွာမွာရွိတဲ႔အဆီပုိေတြကုိဖယ္ရွားတဲ႔ေလ့က်င့္ခန္းေလးေတြရွိေပမဲ႔ ေသခ်ာလုိက္မလုပ္ျဖစ္တဲ႔သူေတြလည္းရွိမွာပါ။အခုေျပာျပမယ့္ ေလ့က်င့္ခန္းေလးေတြကေတာ့လြယ္ကူပါတယ္။ဒါ့အျပင္
ေသခ်ာပံုမွန္လုပ္သြားမယ္ဆုိရင္ ထိေရာက္မႈကလည္းအံ႔မခန္းပါပဲ။မ်က္ႏွာေလးသြယ္ျပီး V Shape ေလးျဖစ္သြားေစမယ့္ေလ့က်င့္ခန္းေလးေတြကေတာ့…

၁)Cheekbone ေလ့က်င့္ခန္း
ပထမဆံုး သင့္ရဲ ႔လက္ညိွဳးနဲ႔လက္ခလယ္ကုိသံုးျပီး ပါးရုိးတစ္ေလ်ွာက္ေနရာကိုအလ်ားလိုက္ဖိထားပါ။ျပီးရင္ သင့္ရဲ႔ပါးစပ္ကုိ အုိပံုစံလုပ္ပါ။သမ္းေ၀လိုက္တဲ႔ပံုစံလိုမ်ိဳးျဖစ္ေအာင္အၾကီးၾကီးလုပ္ဖုိ႔ေတာ့လိုတယ္ေနာ္။အဲ႔ဒီအေနအထားအတိုင္း ၅စကၠန္႔ေလာက္ေနျပီး ၁၀ၾကိမ္ျပန္လုပ္ပါ။ ပါးရုိးေအာက္ကၾကြက္သားေတြတင္းရင္းလာတာကုိခံစားရပါလိမ့္မယ္။

၂)Cheek and Lip ေလ့က်င့္ခန္း
ငါးႏႈတ္ခမ္းပံုစံမ်ိဳးလုပ္ေပးပါ။ပါးႏွစ္ဖက္ကုိခြက္ျပီး ႏႈတ္ခမ္းကုိငါးႏႈတ္ခမ္းေလးလုိ လုပ္ေပးပါ။ျပီးရင္ အဲ႔ပံုစံအတုိင္းပဲ ျပံဳးႏုိင္သေလာက္ျပံဳးပါတဲ႔။ျပီးရင္ ၅စကၠန္႔ေလာက္အဲ႔အတိုင္းေနျပီး ေညာင္းညာလာတဲ႔အထိလုပ္ေပးပါ။ဒါေလးကေတာ့ သိပ္မလြယ္ဘူးေနာ္။ေသခ်ာလုပ္ၾကည့္။

၃)ေမးရိုးေလ့က်င့္ခန္း
မတ္မတ္ထုိင္လုိက္ပါ။ျပီးရင္ မ်က္ႏွာၾကက္ကုိေမာ့ၾကည့္ပါ။ေမာ့ၾကည့္ေနတုန္းကို ႏႈတ္ခမ္းကုိတင္းတင္းေစ့ထားျပီး ဦးေခါင္းကုိေစာင္းလုိက္ပါ။၅စကၠန္႔ေလာက္ေစာင္းထားျပီး တစ္ဖက္ကုိငါးၾကိမ္စီလုပ္ေပးပါ။

၄)ေမးေစ့ေလ့က်င့္ခန္း
မ်က္ႏွာေလးသြယ္ေနဖုိ႔ဆိုတာလည္း ေမးေစ့ကအဆီပုိေတြကုိအဓိကေခ်ဖ်က္ေပးရတာပါပဲ။သင့္ရဲ ႔ေခါင္းကုိ မ်က္ႏွာၾကက္နဲ႔တည့္တည့္ေမာ့ၾကည့္လုိက္ျပီးႏႈတ္ခမ္းကိုစူထားပါ။အဲ႔အေနအထားအတုိင္း ၁၀စကၠန္႔ထားျပီး ၁၀ၾကိမ္လုပ္ပါ။

ဒီေလ့က်င့္ခန္းေလးေတြကုိပံုမွန္ေလးလုပ္ေပးဖုိ႔ဆုိသလို တစ္ခါတစ္ေလ ပီေက၀ါးစားေပးတာကလည္း အေထာက္အကူျပဳပါတယ္။ပီေကက ေမးရုိးနဲ႔ပါးရုိးၾကြက္သားေတြကုိအလုပ္ေပးထားသလိုျဖစ္လုိ႔ ပီေက၀ါးတာကလည္းမ်က္ႏွာေလ့က်င့္ခန္းလုပ္ေပးေနသလိုပါပဲ။ခႏၶာကုိယ္တင္၀ိတ္ခ်မေနနဲ႔ေနာ္။မ်က္ႏွာေလးကုိလည္းသြယ္သြယ္လွလွေလးျဖစ္ေအာင္ ဒီေလ့က်င့္ခန္းေလးေတြလည္းလုပ္ေပးပါဦးလုိ႔ အၾကံေကာင္းေလးေတြမ်ွေ၀ေပးလိုက္ပါတယ္။

Unicode

ကိုရီးယားမင်းသမီးလေးတွေလို မျက်နှာလေး V Shape ဖြစ်ချင်ကြတဲ့ပျိုမေတွေရှိကြတာ သိပါတယ်နော်။မျက်နှာမှာရှိတဲ့အဆီပိုတွေကိုဖယ်ရှားတဲ့လေ့ကျင့်ခန်းလေးတွေရှိပေမဲ့ သေချာလိုက်မလုပ်ဖြစ်တဲ့သူတွေလည်းရှိမှာပါ။အခုပြောပြမယ့် လေ့ကျင့်ခန်းလေးတွေကတော့လွယ်ကူပါတယ်။ဒါ့အပြင်
သေချာပုံမှန်လုပ်သွားမယ်ဆိုရင် ထိရောက်မှုကလည်းအံ့မခန်းပါပဲ။မျက်နှာလေးသွယ်ပြီး V Shape လေးဖြစ်သွားစေမယ့်လေ့ကျင့်ခန်းလေးတွေကတော့…

၁)Cheekbone လေ့ကျင့်ခန်း
ပထမဆုံး သင့်ရဲ ့လက်ညှိုးနဲ့လက်ခလယ်ကိုသုံးပြီး ပါးရိုးတစ်လျှောက်နေရာကိုအလျားလိုက်ဖိထားပါ။ပြီးရင် သင့်ရဲ့ပါးစပ်ကို အိုပုံစံလုပ်ပါ။သမ်းဝေလိုက်တဲ့ပုံစံလိုမျိုးဖြစ်အောင်အကြီးကြီးလုပ်ဖို့တော့လိုတယ်နော်။အဲ့ဒီအနေအထားအတိုင်း ၅စက္ကန့်လောက်နေပြီး ၁ဝကြိမ်ပြန်လုပ်ပါ။ ပါးရိုးအောက်ကကြွက်သားတွေတင်းရင်းလာတာကိုခံစားရပါလိမ့်မယ်။

၂)Cheek and Lip လေ့ကျင့်ခန်း
ငါးနှုတ်ခမ်းပုံစံမျိုးလုပ်ပေးပါ။ပါးနှစ်ဖက်ကိုခွက်ပြီး နှုတ်ခမ်းကိုငါးနှုတ်ခမ်းလေးလို လုပ်ပေးပါ။ပြီးရင် အဲ့ပုံစံအတိုင်းပဲ ပြုံးနိုင်သလောက်ပြုံးပါတဲ့။ပြီးရင် ၅စက္ကန့်လောက်အဲ့အတိုင်းနေပြီး ညောင်းညာလာတဲ့အထိလုပ်ပေးပါ။ဒါလေးကတော့ သိပ်မလွယ်ဘူးနော်။သေချာလုပ်ကြည့်။

၃)မေးရိုးလေ့ကျင့်ခန်း
မတ်မတ်ထိုင်လိုက်ပါ။ပြီးရင် မျက်နှာကြက်ကိုမော့ကြည့်ပါ။မော့ကြည့်နေတုန်းကို နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီး ဦးခေါင်းကိုစောင်းလိုက်ပါ။၅စက္ကန့်လောက်စောင်းထားပြီး တစ်ဖက်ကိုငါးကြိမ်စီလုပ်ပေးပါ။

၄)မေးစေ့လေ့ကျင့်ခန်း
မျက်နှာလေးသွယ်နေဖို့ဆိုတာလည်း မေးစေ့ကအဆီပိုတွေကိုအဓိကချေဖျက်ပေးရတာပါပဲ။သင့်ရဲ ့ခေါင်းကို မျက်နှာကြက်နဲ့တည့်တည့်မော့ကြည့်လိုက်ပြီးနှုတ်ခမ်းကိုစူထားပါ။အဲ့အနေအထားအတိုင်း ၁ဝစက္ကန့်ထားပြီး ၁ဝကြိမ်လုပ်ပါ။

ဒီလေ့ကျင့်ခန်းလေးတွေကိုပုံမှန်လေးလုပ်ပေးဖို့ဆိုသလို တစ်ခါတစ်လေ ပီကေဝါးစားပေးတာကလည်း အထောက်အကူပြုပါတယ်။ပီကေက မေးရိုးနဲ့ပါးရိုးကြွက်သားတွေကိုအလုပ်ပေးထားသလိုဖြစ်လို့ ပီကေဝါးတာကလည်းမျက်နှာလေ့ကျင့်ခန်းလုပ်ပေးနေသလိုပါပဲ။ခန္ဓာကိုယ်တင်ဝိတ်ချမနေနဲ့နော်။မျက်နှာလေးကိုလည်းသွယ်သွယ်လှလှလေးဖြစ်အောင် ဒီလေ့ကျင့်ခန်းလေးတွေလည်းလုပ်ပေးပါဦးလို့ အကြံကောင်းလေးတွေမျှဝေပေးလိုက်ပါတယ်။

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.