ဒီ Kdrama အသစ်လေးအတွက် အားပေးဖို့အသင့်ပဲလား ပရိသတ်ကြီး !
Unicode
ကေဒရာမာချစ်သူတွေအတွက် တကယ့်ကိုသတင်းကောင်းလေးပါပဲ။ရုပ်ရှင်ဇာတ်ကားကောင်းတွေထွက်ပြီဆို ကိုယ်တွေလို ကေဒရာမာချစ်သူတွေအရမ်းပျော်ပေါ့။အခုလည်း သတင်းကောင်းလေးမျှဝေပေးရမယ်ဆိုရင်တော့ နာမည်ကျော်အနုပညာရှင်တွေဖြစ်ကြတဲ့Song Joong Ki ၊ Kim Ji Won ၊ အခုချိန်ထိ နှုတ်ခမ်းနီမလေးတွေသဘောကျနေဆဲမင်းသားချော ဒါရိုက်တာရင် Jang Dong Gun တို့သုံးယောက်စလုံးပါဝင်မယ့် ဒရာမာဇာတ်ကားသစ်ထွက်လာပါတော့မယ်တဲ့။
အခုုလောလောဆယ် “Asadal Chronicles”လို့နာမည်ပေးထားတဲ့ဒရာမာဇာတ်လမ်းတွဲမှာပါဝင်ဖို့ သူတို့သုံးယောက်လုံး လက်ခံအတည်ပြုပြီးပါပြီတဲ့။နောက်ထပ်မင်းသမီးတစ်လက်ဖြစ်တဲ့ Kim Ok Bin လည်းပါဝင်မှာဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲက ဟိုးအရင်ခေတ်ကာလထဲမှာ စိတ်ကူးယဉ်ဆန်ဆန်ဇာတ်လမ်းဇာတ်ကွက်တွေရောနှောထည့်သွင်းထားတဲ့ပုံစံမျိုးဖြစ်ပါတယ်။ပြီးတော့
မြင်တွေ့နေကျကိုရီးယားဇာတ်လမ်းတွဲတွေနဲ့မတူညီတဲ့ရိုက်ကူးမှုပုံစံက ဇာတ်လမ်းတွဲတွေကြားမှာ ဒါပထမဆုံးလည်းဖြစ်ပါတယ်။
ဒီဇာတ်ကားရဲ့ဇာတ်ညွှန်းရေးသားသူကလည်း Queen Seondeok ၊ Deep-Rooted Tree ၊ Six Flying Dragons တို့ကိုရေးသားခဲ့တဲ့ Kim Young Hyun နဲ့ Park Sang Yeon ဖြစ်ပြီး ဒါရိုက်တာကလည်း Misaeng ၊ Signal နဲ့ My Mister တို့ကိုရိုက်ကူးခဲ့တဲ့ အရည်အချင်းရှိဒါရိုက်တာKim Won Seok ပဲဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ Song Joong Ki ဟာ မြို့တော် Asadal ကိုအုပ်စိုးနိုင်မယ့် အပြာရောင်ကြယ်တံခွန်အစွမ်းနက္ခတ်နဲ့ယှဉ်ကာ မွေးဖွားခဲ့တဲ့ Eunseom ဆိုသူအဖြစ် သရုပ်ဆောင်ရမှာဖြစ်ပြီး Jang Dong Gun က စစ်ပွဲကာလအတွင်း Asadal မြို့တော်ကိုခေါင်းဆောင်ကာကွယ်ပေးခဲ့တဲ့စစ်သူရဲကောင်း Tagon အဖြစ်သရုပ်ဆောင်မှာပါ။မင်းသမီးချော Kim Ji Won ကလည်း အပြာရောင်ကြယ်တံခွန်ရဲ့အစွမ်းအစတွေကိုရရှိထားတဲ့ Tan Ya ဆိုသူအဖြစ်သရုပ်ဆောင်ရမှာဖြစ်ပါတယ်။သူမက Eun Seom ရဲ ့ပထမဆုံးအချစ်ဦးလည်းဖြစ်ပြီးနောက်ပိုင်းမှာ Asadal မြို့တော်ရဲ ့ပထမဆုံး ဘုရင်မတစ်ပါးဖြစ်လာမယ့်သူအဖြစ်ပါဝင်ရိုက်ကူးထားပါတယ်။
၂၀၁၉ ရဲ ့ပထမဆုံးနှစ်ဝက်အတောအတွင်း ထုတ်လွှင့်ပြသမှာဖြစ်တယ်လို့လည်းသိရပါတယ်။ဇာတ်လမ်းတွဲကောင်းလေးဖြစ်လို့ စောင့်မျှော်အားပေးဖို့မမေ့နဲ့နော်
385 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.