Selena Gomez နဲ့ပတ်သက်ပြီး ယူတို့မသိသေးတဲ့စိတ်ဝင်စားစရာအချက်တွေ …🌸
၎)Selena Gomez ရဲ့ နာမည်အရင်းက Selena Marie Gomez ပါ။
Unicode
Selena Gomez ဆိုတဲ့ကမ္ဘာကျော်အဆိုတော်မလေးရဲ့ Fan တွေဆိုရင် ဒီအချက်တွေအားလုံးကိုသိထားသင့်တယ်နော်။Real fan တစ်ချို့ကတော့ဒီအချက်တွေကိုသိပြီးသားဖြစ်နိုင်သလို မသိရသေးတဲ့ပရိသတ်တွေလည်းရှိပါတယ်။Selena နဲ့ပတ်သက်ပြီး သေချာမသိကြသေးတဲ့ Fan လေးတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေပြန်ပြီးမျှဝေပေးလိုက်ပါတယ်။
၁)Selena Gomez က တစ်ဦးတည်းသောသမီးလေးပါ
၂) သူမရဲ ့အကြိုက်ဆုံးအရောင်ကတော့ အစိမ်းရောင်ပါတဲ့
၃)Selena Gomez ကသူမရဲ ့အမေမင်းသမီးဖြစ်တဲ့ Mandy Dawn Teefey ကိုအားကျပြီး အခုလိုနာမည်ကျော်တစ်ယောက်ဖြစ်အောင်ကြိုးစားခဲ့တာပါ။သူမရဲ ့အမေက သူမအတွက်လမ်းပြကြယ်ပါပဲ။
၄)Selena Gomez ရဲ ့နာမည်အရင်းက Selena Marie Gomez ပါ။
၅)Selena ရဲ ့Nickname လေးတွေကတော့ Sel ၊ Selly ၊ Selenita နဲ့ Conchita ပါတဲ့။
၆)Selenaဆိုတဲ့နာမည်က ဂရိလိုဆိုရင် လမင်းလို့အဓိပ္ပာယ်ရပါတယ်။
၇) Selena က အသင့်စားအစားအစာတွေကိုနှစ်သက်ပြီး McDonald’s က သူမအကြိုက်ဆုံးပါပဲ။
၈)သူမရဲ့အချစ်ဆုံးသူငယ်ချင်းကတော့ Taylor Swift ပါ။ Taylor နဲ့ အတူတူအများဆုံးအချိန်ကုန်ဆုံးလေ့ရှိပါတယ်။အခုဆိုရင် သူမတို့ရဲ ့သူငယ်ချင်းသက်တမ်းက ၁ဝနှစ်ကျော်နေပါပြီ။
၉)သမိုင်းတစ်လျှောက်အငယ်ဆုံး UNICEF Ambassador လည်းဖြစ်ပါတယ်။အသက် ၁ရနှစ်အရွယ်ကတည်းက ကိုယ်စားလှယ်ဖြစ်လာခဲ့တာပါ။သူမရဲ့ပထမဆုံးတာဝန်ကတော့ Ghana ကို အဖွဲ့အစည်းနဲ့အတူသွားတာပဲဲဖြစ်ပါတယ်။
၁၀)သူမ အနှစ်သက်ဆုံးမင်းသမီးကတော့ Rachel McAdams ပါတဲ့ ။
၁၁)Johnny Depp ရဲ ့အမာခံပရိသတ်လည်းဖြစ်ပါသေးတယ်
၁၂)သူမရဲ ့မိဘတွေက သူမအသက် ၅နှစ်အရွယ်မှာ ကွာရှင်းခဲ့တာပါ
၁၃)သရဲကား၊စိတ္တဇကားတွေကတော့ သူမအကြိုက်ဆုံးရုပ်ရှင်အမျိုးအစားပါ
၁၄) Selena က သရက်သီးကို အကြိုက်ဆုံးပါတဲ့။
၁၅)Monte Carlo ဇာတ်ကားမှာသရုပ်ဆောင်ဖို့ မတူညီတဲ့ ဗြိတိန်သံနှစ်မျိုးကိုသင်ယူခဲ့ရပါသေးတယ်။
910 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.