နောင်တ တွေမရှိအောင်ဘ၀ကြီးကို ဖြတ်သန်းချင်တဲ့အခါ
(၁) သည်းခံပေးပါ
(၂) နားလည်ပေးပါ
(၃) ခွင့်လွှတ်ပေးပါ
(၄) ရိုးသားပေးပါ
(၅) မေတ္တာထားပေးပါ
ဒါတွေအားလုံးကိုအတိုင်းတာတစ်ခုထိလူတွေအပေါ်မင်းပေးတတ်မယ်ဆိုရင်တော့ မင်းဘ၀မှာတကယ်ကိုနောင်တကင်းကင်းနဲ့စိတ်ချမ်းသာစွာရှင်သန်နေထိုင်ရမှာပါ။
Unicode
လုပ်ပြီးသွားမှ အားးးးး…ငါသိပ်မှားသွားခဲ့တယ် ငါဒီလိုမလုပ်သင့်ဘူးဆိုပြီးလူတော်တော်များများက နောင်တရတတ်ကြပါတယ်။ ဆိုတော့အတတ်နိုင်ဆုံးကိုယ့်အတွက်ကိုယ်နောင်တကင်းအောင်
လူတိုင်းအပေါ်ပေးသင့်တဲ့အရာလေးတွေကို ပေးလိုက်ပါ။ ဒါဆိုင်ရင် ကိုယ့်အတွက်ကတစ်သတ်လုံးနောင်တကင်းကင်းရှင်သန်ရမှာအသေချာပါပဲ ..ပြောနေကြာတယ် ဘယ်လိုအရာလေးတွေကိုယ့်ဘက်ကပေးရင်နောင်တကင်းမလဲ ကြည့်ရအောင်…
(၁) သည်းခံပေးပါ
သည်းခံခြင်းတရားဆိုတာအင်မတန်ခက်ခဲပါတယ်။ ဒါပင်မဲ့သင်သည်းမခံခဲ့လို့ ဖြစ်သွားတဲ့နောက်ဆက်တွဲကိစ္စတွေကပိုလို့နာကျင်ရတာမလို့ တတ်နိုင်သလောက်အတို်င်းတာတစ်ခုထိသည်းခံပါ။
သည်းခံခြင်းကနိဗ္ဗာန်တောင်ရောက်တယ်ဆိုတာလည်းရှိလေတယ်မလား။
(၂) နားလည်ပေးပါ
နားလည်ပေးပါ၊ တတ်နိုင်သလောက်ကိုယ့်စိတ်ကနားလည်ပေးလိုက်ပါ။ အတိုင်းတာတစ်ခုအထိလူတွေအပေါ်နားလည်ပေးနိုင်ပြီဆိုရင်သင့်ဘဝကြီးကအလိုလိုပျော်ရွှင်နေရပါလိမ့်မယ်။
(၃) ခွင့်လွှတ်ပေးပါ
ခွင့်လွှတ်ပါ။ ကိုယ့်အပေါ်မလိုမုန်းထားတဲ့သူတွေ ဒုက္ခပေးတဲ့ရန်သူတွေဆီကနေလွတ်မြောက်အောင်ကြိုးစားပြီးသူတို့ပေးတဲ့ဒုက္ခတွေကိုရှောင်တိမ်းကာ သူတို့လုပ်ရပ်တွေအပေါ်တတ်နိုင်သလောက်အတိုင်းတာတစ်ခုအထိခွင့်လွှတ်တတ်ပါစေ။ ခွင့်လွှတ်ခြင်းကသင့်စိတ်ကိုအေးချမ်းစေပါတယ်။
(၄) ရိုးသားပေးပါ
ရိုးသားပါ။လူတွေအပေါ်ရိုးရိုးသားသား ပြောဆိုခြင်းဟာသင့်ဘဝရဲ့နောက်ဆုံးအချိန်ထိ စိတ်ချမ်းသာစေမှာပါ။ လောကကြီးမှာဘယ်အရာမှကြာကြာဖုံးကွယ်လို့ရရိုးထုံစံရယ်မရှိပါဘူး။ ဒါကြောင့်အစတည်းက အရာရာကိုလိမ်ညာတာမျိုးရှောင်ပြီးရိုးရိုးသားသားမှန်ရာကိုသာပြောဆိုဆက်ဆံပါ။
(၅) မေတ္တာထားပေးပါ
သူ့ဒေါသနဲ့သူ သူ့ကံနဲ့သူသွားပါလိမ့်မယ်။ ကိုယ်ကတော့လူတိုင်းအပေါ်အတတ်နိုင်ဆုံးမုန်းတီးဆက်ဆံတာမျိုးမလုပ်ပဲ မေတ္တာထားပြီးဆက်ဆံပေးပါ။ မေတ္တာထားခြင်းက သိပ်ကို အေးမြပြီးတစ်ဖက်သားရဲ့စိတ်ကိုအေးချမ်းစေပြီးကိုယ်တိုင်လည်းအပူကင်းပါတယ်။
ဒါတွေအားလုံးကိုအတို်င်းတာတစ်ခုထိလူတွေအပေါ်မင်းပေးတတ်မယ်ဆိုရင်တော့ မင်းဘဝမှာတကယ်ကိုနောင်တကင်းကင်းနဲ့စိတ်ချမ်းသာစွာရှင်သန်နေထိုင်ရမှာပါ။
125 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.