စိတ်ချမ်းသာချင်ရင် လူတွေအမြင်ကို သိပ်ဂရုမစိုက်နဲ့ …

စာရေးသူ ငယ်ငယ်တုန်းက သူများတွေ ငါ့ကိုဘယ်လိုမြင်မလဲဆိုပြီး တွေးပြီး စိုးရိမ်ဖူးပါတယ်။အ၀တ်စားဝတ်ရင် စိတ်တိုင်းကျတယ်လို့လည်း မရှိခဲ့ဘူး။ တစ်နေရာမဟုတ် ၊ တစ်နေရာမှာ လိုအပ်ချက်တွေရှိနေမယ်လို့ စိတ်ထဲမှာ တွေးမိနေတယ်။ ငါဒါကိုဝတ်လိုက်လို့ လူတွေဘယ်လို ထင်ကုန်မလဲ ? သူတို့စိတ်ထဲ ငါ့ကိုမကောင်းတဲ့ မိန်းကလေးလို့ တွေးလိုက်ပီလား.. စသဖြင့် မျိုးစုံသော အတွေးတွေနဲ့ စိတ်ချမ်းသာရတယ်ကို မရှိပါဘူး။

တဖြည်းဖြည်းနဲ့ အသက်ကြီးလာတော့ လူတွေအမြင်ဟာ သိပ်ပြီးအရေးမပါတော့မှန်း ကောင်းကောင်းနားလည်လာတယ်။ ကိုယ်ဟာ အသက်အရွယ်အလိုက် စဉ်းစားဆင်ခြင်နိုင်တဲ့ ဦးနှောက်ပါလာတယ်။

Image result for dont care

နေရာဒေသအလိုက်၊ ပြုမူ နေထိုင် ဝတ်ဆင်သင့်တဲ့ အရာတွေကိုလည်း ကောင်းကောင်း ဥာဏ်မှီပြီးသားဆိုတော့ တော်ရုံ အကြံပေးလောက်တာကလွဲရင် ကိုယ်ဖြစ်ချင်တာ၊ လုပ်ချင်တာကိုပဲ အမြဲဦးစားပေးဖြစ်တယ်။

ဒီတော့ ဘာဖြစ်လာလဲဆိုတော့ အရမ်းစိတ်ချမ်းသာရပါတယ်။ လူတွေက တွေ့တုန်းခဏပါ။ တွေ့တုန်း ပြောလိုက်တာ။ ပြီးရင် ဘာမှဟုတ်တာ မဟုတ်ဘူး။ ပြောတဲ့စကားတွေက လေထဲမှာတင်ပျောက်သွားတာပါ။ ဘာမှအရာမထင်ပါဘူး။

လူတိုင်းက ကိုယ့်အလုပ်နဲ့ ကိုယ်ရှုပ်နေကြတာဆိုတော့ ကိုယ့်အကြောင်းကို အမြဲတမ်းကြီးလည်း တွေးမနေနိုင်ပါဘူး။ ဘယ်သူမှ ဂရုမစိုက်ဘူး။ ဒါကြောင့် စိတ်ပူနေတာတွေ ရပ်လိုက်ပါ။ လွန်ခဲ့တဲ့ နှစ်ရက်က တစ်နေ့ကုန်မင်းလုပ်ခဲ့တာတွေကို ပြန်မစဉ်းစားနိုင်တော့ဘူးမလား ။ ဒီလိုပါပဲ..

အခုတလော ဖေ့စ်ဘွတ်မှာ နာမည်ကြီးလာတဲ့ကိစ္စတစ်ခုခုပေါ့။ အဲ့ဒါကို လူတွေဝိုင်းပြောနေကြလို့
ကြည့်လိုက်တယ်။ မင်းလည်း ဒါကို သူငယ်ချင်းတွေရှေ့ ဖောက်သည်ချရင် ချမိဦးမှာ။ အလွန်ဆုံးခံ
၂ရက်လောက်ပါပဲ။ ဒီထက်ပိုပြီး အကြောင်းရာတစ်ခုကို ကာလရှည်ကြာတဲ့အထိ အရေးတယူလုပ်ပြောမနေပါဘူး။

Related image

သူငါ့ကို ဘယ်လိုတွေးနေပြီလဲဆိုပြီး အထင်မြင်တွေ လွဲသွားမှာကို လူတွေက ကြောက်ကြတယ်။
မလိုအပ်ပဲ ရှက်ရွံ့ ကြောက်လန့်တတ်တဲ့ စိတ်ကို သိပ်မထားပါနဲ့။ ဘာလုပ်ရပ်ပဲဖြစ်ဖြစ် ၊ ဘယ်လိုပဲ
ဝတ်စားဆင်ယင်ပါစေ ကိုယ့်မျက်လုံးထဲ အဆင်ပြေတယ်။ နေရာဒေသအလိုက် အခြေအနေ အချိန်ခါနဲ့လည်း သင့်လျော်တယ်ဆို ဘာကို ဂရုစိုက်နေမှာလဲ။

သူများအမြင်ကို ဂရုစိုက်နေတာဟာ ဘဝမှာ လွတ်လပ်ပေါ့ပါးစွာ မနေနိုင်အောင် ကိုယ့်ကို ပိတ်လှောင်ထားသလိုပဲ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိလို့ဖြစ်ရတာပါ။ ဒါကြောင့် အရမ်းကြီး သူများအမြင်တွေ၊ ပတ်ဝန်းကျင်ရဲ့ အတင်းဖျင်းစကားတွေကို နားမယောင်ပါနဲ့။ ကိုယ့်မူအတိုင်း ကိုယ့်စတိုင်လ်အတိုင်း နေပါ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.