BFF အမည်ခံတဲ့စနိုက်ကြော်တစ်ချို့အကြောင်းတစေ့တစောင်း😌😌
Unicode
ဒီစာဖတ်ပြီးကိုယ့်ချစ်သူရဲ့BFF တိုင်းကိုတော့အထင်မလွဲစေလိုပေါ့နော်..အဲ့လဲ့ 😛 မရှိဘူးလို့ တစ်သတ်မှတ်ကြီးတော့ပြောလို့မရတဲ့ BFF အမည်ခံ စနိုက်ကြော်တွေ
ကိုယ့်ချစ်သူဘေးနားမှာရှိနေတတ်ကြတယ်ဆိုတာတော့မယုံမရှိပါနဲ့။ တစ်ခါတစ်ရံမှာ ကိုယ့်ချစ်သူကို ချစ်သူလိုမပိုင်ဆိုင်ရတဲ့အခါ သူငယ်ချင်းကောင်းဆိုတဲ့နာမည်ခံပြီး ပိုင်ဆိုးပိုင်နိုင်တွေ ၊ မလိုအပ်တဲ့ဝင်ရောက်စွက်ဖက်မှုတွေဘောင်ကျော်တဲ့စကားတွေအရသာခံပြောတတ်ကြတဲ့သူတွေရှိပါတယ်။ ဥပမာ -အချက်တွေပေးရရင်ကွာ- ကိုယ့်ချစ်သူကောင်လေးအနေနဲ့ပဲဆိုပါဆို့…ဟဲ့နင်အဲ့ကောင်မလေးနဲ့တွဲနေတာသူ့ကိုအတည်ယူမှာလား၊ နင်တို့နှစ်ယောက်ကသိပ်မလိုက်ဘူးဟဲ့ မတွဲနဲ့ဆိုတာမျိုး၊မသိတတ်နားမလည်တတ်ချင်ယောက်ဆောင်တာမျိုး( ဥပမာ-ငါလာစကားပြောတာနင့်ကောင်မလေးကြိုက်ပါ့မလားမသိနော် တို့ဘာတို့ အစတည်းကရည်းစားရှိမှန်းသိရင် တတ်နိုင်သလောက်ခပ်တန်းတန်းနေသင့်မှန်းသိရက်နဲ့ ဒီလိုစကားမျိုးပြောတယ်ဆိုကတည်းကသက်သက် Attentionယူနေတာအသိသာကြီးပါ
နောက်တစ်မျိုးက ကိုယ့်ချစ်သူနဲ့ကိုယ်မပြေလည်တဲ့အချိန်တွေကို ပိုပြီးကိုယ့်ချစ်သူကို စိတ်ယိုင်အောင် အေးဟာနင်နဲ့သူနဲ့သဘောထားချင်းမတိုက်ဆိုင်ဘူးထင်တယ်လမ်းခွဲလိုက်ပါတို့၊ ငါသာနင့်ကောင်မလေးနေရာမှာဆိုနင့်ကိုဒီလိုမဆက်ဆံဘူးဘာညာသရကာ အစရှိသဖြင့်ဘယ်တော့ပြတ်မလဲချောင်းနေတဲ့ BFF အမည်ခံ စနိုက်ကြော်တစ်ချို့လောကကြီးမှာ ရှိနေတတ်တာအမှန်ပါ(BFF တိုင်းကိုဆိုလိုချင်းမဟုတ်) ဆိုတော့ ခွဲခြားလေ့လာကြည့်ပေါ့ကိုယ့်ဘာသာ…တစ်ချို့တွေရဲ့ခင်မင်မှုကတကယ်ကို လေးနက်ရိုးသားကြပါတယ် ဘယ်လောက်ပဲ BFF ဖြစ်နေဖြစ်နေခင်နေခင်နေ တစ်ယောက် Personal ကိုတစ်ယောက်နားလည်တယ် တကယ်ခင်တဲ့ BFF တွေဆိုတာ ကိုယ့်သူငယ်ချင်းရဲ့အချစ်ရေးကို သာယာစေချင်ရုံကလွဲပြီးဘာစိတ်မှမရှိတတ်ကြဘူး။ဘယ်လိုလူမျိုးနဲ့ပဲတွဲတွဲကိုယ့်သူငယ်ချင်းစိတ်ချမ်းသာမယ်ဆိုရင်လက်ခုပ်တီးအားပေးနေတတ်တာမျိုးပါ။ ကိုယ့်သူငယ်ချင်းစုံတွဲကိုယ့်ကြောင့်စိတ်ခုအောင်စိတ်နှောက်ယှက်ဖြစ်အောင်လည်း နေလေ့မရှိတတ်ကြဘူး(အပြောဆိုကအစပေါ့) ။စနိုက်ကြေ်ာဖို့ရယ် စောင့်စားနေတဲ့ အတုအယောင်တွေကတော့ ရှေ့မှာ သဘောတူသလို အားကျသလိုနဲ့ကိုယ်တွေချစ်တဲ့Post တွေမှာ Loveတွေလာပေးအားကျချင်ယောင်တွေဆောင်ပြီးနောက်ကွယ်မှာကျိတ်နှမြောနေတတ်ကြတာပါ။ ဒါကြောင့် ကိုယ့်ဟာဒီအကြောင်းကိုသိပြီဆိုရင်တော့ ကိုယ့်ချစ်သူနဲ့ကိုယ်နဲ့ကြားကို ရိုးသားဟန်ဆောင်တဲ့စနိုက်ကြော်BFF အတုတွေဝင်မလာအောင် တစ်ယောက်ပေါ်တစ်ယောက်နားလည်မှုရှိရှိနဲ့ကိုယ်ခံစားရတာကိုပွင့်ပွင့်လင်းလင်းကိုယ့်ချစ်ရသူကိုပါပြောပြပြီး အတတ်နိုင်ဆုံးအဲ့လိုလူတွေနဲ့ကိုယ်ရောကိုယ့်ချစ်သူပါဝေးဝေးရှောင်တာ
အကောင်းဆုံးပါပဲ။ အကူညီလိုလို့ပါဆိုပြီးလာတောင်းလည်းကိုယ့်ချစ်သူတစ်ယောက်တည်းမလွှတ်ပါနဲ့ကိုယ်ပါလိုက်ပါ (အဲ့လိုပါးနပ်ရတယ် :-P) မြွေမသေတုတ်မကျိုးဆိုသလိုဆက်ဆံရေးလည်းမပြတ်အောင် ခပ်တန်းတန်းလည်းနေတတ်အောင် ကိုယ်တွေချစ်သူနှစ်ဦးနှစ်ဖက်လုံးအချင်းချင်းပွင့်လင်းပြီးနားလည်မှုရှိဖို့ပိုလိုအပ်ပါတယ်…သိပ်ချစ်ရတဲ့စုံတွဲတိုင်းဒီလိုကိစ္စတွေကြောင့်အာရုံနောက်ခြင်းမှကင်းဝေးပါစေ
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.