ဒီလုိနာက်င္မႈေတြမရခ်င္ရင္ ကုိယ္ခ်စ္ရတဲ႔သူေတြအနားမွာရွိေနတုန္း တန္ဖုိးထားပါ ❤️

ကုိယ္ခ်စ္ရတဲ႔တစ္စံုတစ္ေယာက္ကုိဆံုးရွံဳးလုိက္ရတယ္…။ဒီစကားက နားေထာင္တဲ႔သူအတြက္ ၾကားလိုက္ရတဲ႔စကားသက္သက္ဆုိေပမဲ႔ အဲ႔ဒီဆံုးရွံဳးမႈကိုၾကံဳလိုက္ရတဲ႔သူအတြက္ေတာ့ တကယ့္ကုိ ကမာၻပ်က္မတက္ပါပဲ။ကုိယ္ခ်စ္ရတဲ႔တစ္စံုတစ္ေယာက္ဆုိတာ မိသားစု၊သူငယ္ခ်င္း၊ခ်စ္သူစသျဖင့္ကုိယ့္ဘ၀မွာ အခ်စ္ရဆံုးသူေတြေပါ့။

တကယ္ေတာ့ ေသဆုံးျခင္းဆုိတာလည္း လူတုိင္းၾကံဳေတြ႔ရမွာပါ။ဒါေပမဲ႔ ဒီေသဆံုးျခင္းဆုိတာနဲ႔
ရင္ဆုိင္မေတြ႔ခင္ ဘ၀ၾကီးက လွပတဲ႔အမွတ္တရေတြရွိေနဖုိ႔လည္းလိုအပ္တယ္မဟုတ္လား။သင္ခ်စ္ရတဲ႔ တစ္စံုတစ္ေယာက္ ဒီေလာကၾကီးထဲမွာမရွိေတာ့ဘူးဆုိတာနဲ႔ သင့္မွာ ဒီလုိနာက်င္မႈေတြကုိခံစားလာရပါလိမ့္မယ္။

ပထမဆံုး ေနာင္တေတြရလာမယ္
သူသက္ရွိထင္ရွားရွိေနစဥ္အခ်ိန္အတြင္းမွာ ဘာလို႔သူ႔ကုိအခိ်န္မေပးခဲ႔မိတာလဲ၊သူ႔ကုိ ခ်စ္တယ္လို႔ အမ်ားၾကီးေျပာခဲ႔သင့္တာ။သူနဲ႔သာ အတူတူအခိ်န္ကုန္ဆံုးခဲ႔ရင္ သူ႔အေၾကာင္းကုိ ပုိျပီးသိႏုိင္ခဲ႔မွာ၊သူ႔အၾကိဳက္ေတြကုိပုိသိႏုိင္ခဲ႔မွာ။ဘာလို႔မလုပ္ခဲ႔မိတာလဲ ဆုိတဲ႔ေနာင္တေတြေပါ့။ေနာင္တရေနတာက ဘာကုိမွမေျပာင္းလဲႏုိင္သလုိ သင့္ကုိယ့္သင္ အျပစ္တင္ခ်င္တဲ႔စိတ္သာ ပုိမ်ားလာပါလိမ့္မယ္။သင္ဆံုးရွံဳးလုိက္ရတဲ႔သူကလည္း သင္ေနာင္တေတြနဲ႔ငိုေနတာကုိျမင္ခ်င္မွာမဟုတ္ပါဘူး။အေကာင္းဆံုးက ကုိယ္ခ်စ္ရတဲ႔သူေတြရွိေနတုန္းကုိ သူတုိ႔ကိုတန္ဖုိးထားပါ။အခ်ိန္ေပးႏုိင္ေအာင္ၾကိဳးစားဖုိ႔ပါပဲ။ေနာက္ထပ္ေနာင္တေတြမရခ်င္ရင္ေပါ့။

ျပီးရင္ ဘ၀တစ္ေလ်ွာက္လံုးမွာ ကုိယ့္ကုိယ့္ကုိယ္အျပစ္တင္ေနမိလိမ့္မယ္
ေသတဲ႔သူကေသသြားျပီဆုိေပမဲ႔ တစ္ခါတစ္ေလ ကုိယ္ျပံဳးလိုက္မိတဲ႔အခါ၊ကုိယ္ေပ်ာ္လိုက္မိတဲ႔အခါ အျပစ္ရွိသလုိခံစားလိုက္ရမယ္။သင္ေပ်ာ္ရႊင္မိတဲ႔အခ်ိန္ေတြမွာ အရင္က သူ႔အနားမွာ သင္ေကာင္းေကာင္းရွိမေနေပးႏုိင္ခဲ႔တာကုိေတြးျပီး သင့္ကုိယ့္သင္ေတာင္ေပ်ာ္ရႊင္ခြင့္ေပးဖုိ႔ေမ့လာလိမ့္မယ္။

၀မ္းနည္းမႈေတြက မျပီးဆံုးေတာ့ဘူး
ကုိယ္ခ်စ္ရတဲ႔သူကုိဆံုးရွံဳးလုိက္ရတဲ႔ေန႔ကစျပီး အနာဂတ္အထိ သူက အျမဲတမ္းသင့္အေတြးထဲမွာရွိေနေတာ့မွာပါ။တုိက္ဆုိင္တာေတြျမင္ရင္သတိရမယ္။ေမ့ေနေပမဲ႔ သူၾကိဳက္တဲ႔အစားအစာေလးျမင္ေတာ့ ျပန္သတိရမိမယ္။သူၾကိဳက္တဲ႔အ၀တ္အစားေလးျမင္ေတာ့ ၀ယ္ေပးခ်င္မိမယ္။ျပီးရင္
သူ႔အေၾကာင္းေတြျပန္စဥ္းစားမိျပီး တစ္ေနရာရာမွာထုိင္ျပီးငို္ေနမိမယ္။ဒီဆံုးရွံဳးမႈကုိ ကုိယ္တိုင္ခံစားခဲ႔ဖူးတဲ႔သူငယ္ခ်င္းတစ္ေယာက္ရွိမယ္ဆုိရင္ျဖင့္သင္က ကံေကာင္းပါတယ္။ဆံုးရွံဳးမႈရဲ ႔တကယ့္အဓိပၸာယ္ကုိ ဆံုးရွံဳးလိုက္ရတဲ႔သူခ်င္းပဲနားလည္တာမဟုတ္လား။

ဒီလုိနာက်င္မႈေတြက သင့္အနားမွာရွိေနတဲ႔သူ၊သင္ခ်စ္ရတဲ႔သူ ေလာကၾကီးမွာအသက္ရွင္သန္ေနတုန္း သူ႔အေပၚေသခ်ာဂရုမစိုက္ေပးခဲ႔လို႔၊သူ႔အေပၚ အခ်ိန္မေပးႏုိင္ခ႔ဲလို႔၊ရွိေနခိုက္မွာ တန္ဖုိးထားဖုိ႔ေမ့ေနခဲ႔လို႔ ဒီနာက်င္မႈေတြရလာတာပါပဲ။တကယ္လို႔ သင္သာ သင္ခ်စ္တဲ႔သူေတြအနားရွိေနခိုက္
တန္ဖုိးထားျပီးေသခ်ာဂရုစုိက္ေပးခဲ႔မယ္၊အခ်ိန္ေပးခဲ႔မယ္။သူတို႔အတြက္ေပ်ာ္ရႊင္မႈေတြဖန္တီးေပးခဲ႔မယ္ဆုိရင္ ေနာင္တရစရာအေၾကာင္းဆုိတာမရွိႏုိင္ပါဘူး။ကုိယ္အေကာင္းဆံုးလုပ္ေပးႏုိင္ခဲ႔တယ္ဆုိတဲ႔အသိက ကုိယ္ခ်စ္ရတဲ႔တစ္စံုတစ္ေယာက္ကုိဆံုးရွံဳးလုိက္ရတဲ႔အခါ ေျဖသာပါလိမ့္မယ္။

ဆံုးရွံဳးျပီးကာမွ ျပန္လုိခ်င္လိ႔ုမရပါဘူး။အဲ႔ဒါေၾကာင့္ ကုိယ္ခ်စ္တဲ႔သူေတြအနားမွာရွိေနတုန္း တန္ဖုိးထားျပီးခ်စ္ေပးပါ။အခ်ိန္ေပးပါ။သူနဲ႔အတူ အခ်ိန္ကုန္ဆံုးပါ။ကုိယ့္ဘက္က အေကာင္းဆံုးလုပ္ေပးႏုိင္သမ်ွလုပ္ေပးပါ။ကုိယ္ခ်စ္ရတဲ႔သူေတြရဲ ႔အမွတ္တရတိုင္းမွာ ကုိယ္ပါ၀င္ေနပါေစ 

Unicode

ကိုယ်ချစ်ရတဲ့တစ်စုံတစ်ယောက်ကိုဆုံးရှုံးလိုက်ရတယ်…။ဒီစကားက နားထောင်တဲ့သူအတွက် ကြားလိုက်ရတဲ့စကားသက်သက်ဆိုပေမဲ့ အဲ့ဒီဆုံးရှုံးမှုကိုကြုံလိုက်ရတဲ့သူအတွက်တော့ တကယ့်ကို ကမ္ဘာပျက်မတက်ပါပဲ။ကိုယ်ချစ်ရတဲ့တစ်စုံတစ်ယောက်ဆိုတာ မိသားစု၊သူငယ်ချင်း၊ချစ်သူစသဖြင့်ကိုယ့်ဘဝမှာ အချစ်ရဆုံးသူတွေပေါ့။

တကယ်တော့ သေဆုံးခြင်းဆိုတာလည်း လူတိုင်းကြုံတွေ့ရမှာပါ။ဒါပေမဲ့ ဒီသေဆုံးခြင်းဆိုတာနဲ့
ရင်ဆိုင်မတွေ့ခင် ဘဝကြီးက လှပတဲ့အမှတ်တရတွေရှိနေဖို့လည်းလိုအပ်တယ်မဟုတ်လား။သင်ချစ်ရတဲ့ တစ်စုံတစ်ယောက် ဒီလောကကြီးထဲမှာမရှိတော့ဘူးဆိုတာနဲ့ သင့်မှာ ဒီလိုနာကျင်မှုတွေကိုခံစားလာရပါလိမ့်မယ်။

ပထမဆုံး နောင်တတွေရလာမယ်
သူသက်ရှိထင်ရှားရှိနေစဉ်အချိန်အတွင်းမှာ ဘာလို့သူ့ကိုအချိန်မပေးခဲ့မိတာလဲ၊သူ့ကို ချစ်တယ်လို့ အများကြီးပြောခဲ့သင့်တာ။သူနဲ့သာ အတူတူအချိန်ကုန်ဆုံးခဲ့ရင် သူ့အကြောင်းကို ပိုပြီးသိနိုင်ခဲ့မှာ၊သူ့အကြိုက်တွေကိုပိုသိနိုင်ခဲ့မှာ။ဘာလို့မလုပ်ခဲ့မိတာလဲ ဆိုတဲ့နောင်တတွေပေါ့။နောင်တရနေတာက ဘာကိုမှမပြောင်းလဲနိုင်သလို သင့်ကိုယ့်သင် အပြစ်တင်ချင်တဲ့စိတ်သာ ပိုများလာပါလိမ့်မယ်။သင်ဆုံးရှုံးလိုက်ရတဲ့သူကလည်း သင်နောင်တတွေနဲ့ငိုနေတာကိုမြင်ချင်မှာမဟုတ်ပါဘူး။အကောင်းဆုံးက ကိုယ်ချစ်ရတဲ့သူတွေရှိနေတုန်းကို သူတို့ကိုတန်ဖိုးထားပါ။အချိန်ပေးနိုင်အောင်ကြိုးစားဖို့ပါပဲ။နောက်ထပ်နောင်တတွေမရချင်ရင်ပေါ့။

ပြီးရင် ဘဝတစ်လျှောက်လုံးမှာ ကိုယ့်ကိုယ့်ကိုယ်အပြစ်တင်နေမိလိမ့်မယ်
သေတဲ့သူကသေသွားပြီဆိုပေမဲ့ တစ်ခါတစ်လေ ကိုယ်ပြုံးလိုက်မိတဲ့အခါ၊ကိုယ်ပျော်လိုက်မိတဲ့အခါ အပြစ်ရှိသလိုခံစားလိုက်ရမယ်။သင်ပျော်ရွှင်မိတဲ့အချိန်တွေမှာ အရင်က သူ့အနားမှာ သင်ကောင်းကောင်းရှိမနေပေးနိုင်ခဲ့တာကိုတွေးပြီး သင့်ကိုယ့်သင်တောင်ပျော်ရွှင်ခွင့်ပေးဖို့မေ့လာလိမ့်မယ်။

ဝမ်းနည်းမှုတွေက မပြီးဆုံးတော့ဘူး
ကိုယ်ချစ်ရတဲ့သူကိုဆုံးရှုံးလိုက်ရတဲ့နေ့ကစပြီး အနာဂတ်အထိ သူက အမြဲတမ်းသင့်အတွေးထဲမှာရှိနေတော့မှာပါ။တိုက်ဆိုင်တာတွေမြင်ရင်သတိရမယ်။မေ့နေပေမဲ့ သူကြိုက်တဲ့အစားအစာလေးမြင်တော့ ပြန်သတိရမိမယ်။သူကြိုက်တဲ့အဝတ်အစားလေးမြင်တော့ ဝယ်ပေးချင်မိမယ်။ပြီးရင်
သူ့အကြောင်းတွေပြန်စဉ်းစားမိပြီး တစ်နေရာရာမှာထိုင်ပြီးငို်နေမိမယ်။ဒီဆုံးရှုံးမှုကို ကိုယ်တိုင်ခံစားခဲ့ဖူးတဲ့သူငယ်ချင်းတစ်ယောက်ရှိမယ်ဆိုရင်ဖြင့်သင်က ကံကောင်းပါတယ်။ဆုံးရှုံးမှုရဲ ့တကယ့်အဓိပ္ပာယ်ကို ဆုံးရှုံးလိုက်ရတဲ့သူချင်းပဲနားလည်တာမဟုတ်လား။

ဒီလိုနာကျင်မှုတွေက သင့်အနားမှာရှိနေတဲ့သူ၊သင်ချစ်ရတဲ့သူ လောကကြီးမှာအသက်ရှင်သန်နေတုန်း သူ့အပေါ်သေချာဂရုမစိုက်ပေးခဲ့လို့၊သူ့အပေါ် အချိန်မပေးနိုင်ခဲ့လို့၊ရှိနေခိုက်မှာ တန်ဖိုးထားဖို့မေ့နေခဲ့လို့ ဒီနာကျင်မှုတွေရလာတာပါပဲ။တကယ်လို့ သင်သာ သင်ချစ်တဲ့သူတွေအနားရှိနေခိုက်
တန်ဖိုးထားပြီးသေချာဂရုစိုက်ပေးခဲ့မယ်၊အချိန်ပေးခဲ့မယ်။သူတို့အတွက်ပျော်ရွှင်မှုတွေဖန်တီးပေးခဲ့မယ်ဆိုရင် နောင်တရစရာအကြောင်းဆိုတာမရှိနိုင်ပါဘူး။ကိုယ်အကောင်းဆုံးလုပ်ပေးနိုင်ခဲ့တယ်ဆိုတဲ့အသိက ကိုယ်ချစ်ရတဲ့တစ်စုံတစ်ယောက်ကိုဆုံးရှုံးလိုက်ရတဲ့အခါ ဖြေသာပါလိမ့်မယ်။

ဆုံးရှုံးပြီးကာမှ ပြန်လိုချင်လို့မရပါဘူး။အဲ့ဒါကြောင့် ကိုယ်ချစ်တဲ့သူတွေအနားမှာရှိနေတုန်း တန်ဖိုးထားပြီးချစ်ပေးပါ။အချိန်ပေးပါ။သူနဲ့အတူ အချိန်ကုန်ဆုံးပါ။ကိုယ့်ဘက်က အကောင်းဆုံးလုပ်ပေးနိုင်သမျှလုပ်ပေးပါ။ကိုယ်ချစ်ရတဲ့သူတွေရဲ ့အမှတ်တရတိုင်းမှာ ကိုယ်ပါဝင်နေပါစေ ❤

792 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.