လူခ်င္းတူပင္မဲ႔တန္ဖိုးခ်င္းေတာ႔မတူေလဘူး…

ေလာကျကီးမွာလူသားတုိင္းဟာ တစ္ေယာက္နဲ႕တစ္ေယာက္မတူညီတဲ႔အရည္ခ်င္းေတြ မတူညီတဲ႔ ပင္ကိုဗီဇေတြ နဲ႕ေမြးဖြားရွင္သန္လာရတာျကီးပါပဲ။ ဒီလုိပဲ တစ္ေယာက္နဲ႕တစ္ေယာက္လည္း
ကံတရားခ်င္းမတူလွပါဘူး။ တစ္ေယာက္ကေခ်ာပင္မဲ႔ တစ္ေယာက္ကမေခ်ာေလာက္ဘူး အဲ႔မေခ်ာတဲ႔တစ္ေယာက္က အိမ္ေထာင္ဖက္ေကာင္းမိသားစုေကာင္းနဲ႕ေတြ႕ေကာင္းေတြ႕မယ္ ေခ်ာတဲ႔တစ္ေယာက္ကဆိုးသြမ္းတဲ႔အိမ္ေထာင္ဖက္နဲ႕ေတြ႕ေကာင္းေတြ႕မယ္ ဒါေတြက ျကိုတင္ခန္႔မွန္းလို႕ရတဲ႔အရာရယ္မဟုတ္ပါဘူး။ တစ္သတ္မွတ္တည္းတြက္ခ်က္ထားလို႕မရတဲ႔လူ႕ေလာကျကီးထဲမွာ ေနထုိင္တတ္ရင္ေတာ႔ ေပ်ာ္စရာေကာင္းတဲ႔အခ်ိန္ေတြကို မ်ားစြာပိုင္ဆုိင္ရမွာပါ။ လူတုိင္းမွာ မတူညီတဲ႔ စရုိက္ေတြ မတူညီတဲ႔ အက်င္႔ေတြရွိသလိုပဲ လူလူခ်င္းတူပင္မဲ႔ တန္ဖိုးခ်င္းေတာ႔ကြာပါတယ္။ တစ္ခ်ိဳ႕ကဆင္းရဲတယ္ ရုပ္ရည္မေခ်ာဘူး ဒါပင္မဲ႔သူတို႕ရဲ႕ပင္ကိုစိတ္ရင္းကသိပ္ကိုျဖဴစင္မြန္ျမတ္လွတယ္။ေရွးဘ၀ကုသိုလ္ေျကာင္႔ အဆင္းမလွပဲျပည္႔စံုတဲ႔ဘ၀ကို မပိုင္ဆိုင္ရရင္ေတာင္သူတုိ႕ရဲ႕လက္ရွိဘ၀ကေနထုိင္မႈတန္ဖိုးနဲ႕စိတ္ရင္းေကာင္းမႈေျကာင္႔ ေကာင္းမြန္တဲ႔ကံတရားေတြေပၚလာတတ္ပါတယ္။ ငါ႔မွာသူ႕ထက္သာတဲ႔အဆင္းရွိရဲ႕သူ႕ထက္သာတဲ႔အခြင္႔ေရးရွိရဲ႕နဲ႕ ဘာေျကာင္႔ သူရတာဟာ၏ေတြငါမရတာလဲဆိုတာ မိ်ဳးေတြးမိတဲ႔အခါ ငါ႔မွာသူနဲ႕တူတဲ႔တန္ဖိုးရွိလားစဥ္းစားျကည္႔႔ပါ။ လူလူခ်င္းတူပင္မဲ႔ တစ္ေယာက္ဘ၀ကိုတစ္ေယာက္ဖန္တီးတည္ေဆာက္တဲ႔ခံယူခ်က္ျခင္း ထိန္းသိမ္းတန္ဖိုးထားတတ္ျခင္း ၊ ေတြက ကြဲထြက္သြားတတ္ပါတယ္။ လူတစ္ေယာက္ရဲ႕မြန္ျမတ္တဲ႔စိတ္ရင္းနဲ႕သူတို႕ဘ၀ရဲ႕ခံယူခ်က္ေတြကသိပ္ကို ထူးျခားေကာင္းမြန္ေနျပီဆိုရင္ မလွပါဘူးဆိုတဲ႔ရုပ္အဆင္းေတာင္ျကည္လင္ေတာက္ပသြားတတ္သလို မျပည္႔စံုပါဘူးဆိုတဲ႔ဘ၀ေတြလည္း အခ်ိတန္ေတာက္ပလာတတ္ပါတယ္။ လူတစ္ေယာက္နဲ႕တစ္ေယာက္ကြာျခားသြားတတ္တာဟာ ၊ အရည္ခ်င္းခ်င္းတူပါလ်က္နဲ႕ ဘ၀ခ်င္း ျခားနားသြားျကတာဟာတန္ဖိုးခ်င္းမတူလို႕ဆိုတာသိပါေစ။ လူသားတုိင္း လူသားတုိင္း ကိုယ္႔ဘ၀ကို တန္ဖိုးရွိေအာင္ေနထုိင္ျပီး ခ်မ္းေျမ႕စရာဘ၀ေတြကိုပိုင္ဆိုင္နိုင္ျကပါေစလို႕ဆုေတာင္းေပးလုိက္ပါတယ္…

Unicode

လောကကြီးမှာလူသားတိုင်းဟာ တစ်ယောက်နဲ့တစ်ယောက်မတူညီတဲ့အရည်ချင်းတွေ မတူညီတဲ့ ပင်ကိုဗီဇတွေ နဲ့မွေးဖွားရှင်သန်လာရတာကြီးပါပဲ။ ဒီလိုပဲ တစ်ယောက်နဲ့တစ်ယောက်လည်း
ကံတရားချင်းမတူလှပါဘူး။ တစ်ယောက်ကချောပင်မဲ့ တစ်ယောက်ကမချောလောက်ဘူး အဲ့မချောတဲ့တစ်ယောက်က အိမ်ထောင်ဖက်ကောင်းမိသားစုကောင်းနဲ့တွေ့ကောင်းတွေ့မယ် ချောတဲ့တစ်ယောက်ကဆိုးသွမ်းတဲ့အိမ်ထောင်ဖက်နဲ့တွေ့ကောင်းတွေ့မယ် ဒါတွေက ကြိုတင်ခန့်မှန်းလို့ရတဲ့အရာရယ်မဟုတ်ပါဘူး။ တစ်သတ်မှတ်တည်းတွက်ချက်ထားလို့မရတဲ့လူ့လောကကြီးထဲမှာ နေထိုင်တတ်ရင်တော့ ပျော်စရာကောင်းတဲ့အချိန်တွေကို များစွာပိုင်ဆိုင်ရမှာပါ။ လူတိုင်းမှာ မတူညီတဲ့ စရိုက်တွေ မတူညီတဲ့ အကျင့်တွေရှိသလိုပဲ လူလူချင်းတူပင်မဲ့ တန်ဖိုးချင်းတော့ကွာပါတယ်။ တစ်ချို့ကဆင်းရဲတယ် ရုပ်ရည်မချောဘူး ဒါပင်မဲ့သူတို့ရဲ့ပင်ကိုစိတ်ရင်းကသိပ်ကိုဖြူစင်မွန်မြတ်လှတယ်။ရှေးဘဝကုသိုလ်ကြောင့် အဆင်းမလှပဲပြည့်စုံတဲ့ဘဝကို မပိုင်ဆိုင်ရရင်တောင်သူတို့ရဲ့လက်ရှိဘဝကနေထိုင်မှုတန်ဖိုးနဲ့စိတ်ရင်းကောင်းမှုကြောင့် ကောင်းမွန်တဲ့ကံတရားတွေပေါ်လာတတ်ပါတယ်။ ငါ့မှာသူ့ထက်သာတဲ့အဆင်းရှိရဲ့သူ့ထက်သာတဲ့အခွင့်ရေးရှိရဲ့နဲ့ ဘာကြောင့် သူရတာဟာ၏တွေငါမရတာလဲဆိုတာ မျိုးတွေးမိတဲ့အခါ ငါ့မှာသူနဲ့တူတဲ့တန်ဖိုးရှိလားစဉ်းစားကြည့့်ပါ။ လူလူချင်းတူပင်မဲ့ တစ်ယောက်ဘဝကိုတစ်ယောက်ဖန်တီးတည်ဆောက်တဲ့ခံယူချက်ခြင်း ထိန်းသိမ်းတန်ဖိုးထားတတ်ခြင်း ၊ တွေက ကွဲထွက်သွားတတ်ပါတယ်။ လူတစ်ယောက်ရဲ့မွန်မြတ်တဲ့စိတ်ရင်းနဲ့သူတို့ဘဝရဲ့ခံယူချက်တွေကသိပ်ကို ထူးခြားကောင်းမွန်နေပြီဆိုရင် မလှပါဘူးဆိုတဲ့ရုပ်အဆင်းတောင်ကြည်လင်တောက်ပသွားတတ်သလို မပြည့်စုံပါဘူးဆိုတဲ့ဘဝတွေလည်း အချိတန်တောက်ပလာတတ်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ကွာခြားသွားတတ်တာဟာ ၊ အရည်ချင်းချင်းတူပါလျက်နဲ့ ဘဝချင်း ခြားနားသွားကြတာဟာတန်ဖိုးချင်းမတူလို့ဆိုတာသိပါစေ။ လူသားတိုင်း လူသားတိုင်း ကိုယ့်ဘဝကို တန်ဖိုးရှိအောင်နေထိုင်ပြီး ချမ်းမြေ့စရာဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်…

294 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.