CyanogenMod ရံပုံငွေ ၂၃သန်းထိ မြင့်တက်လာ

cyanogenmod-installer2.png

 

Android firmware တွေရေးဆွဲတဲ့ CyanogenMod အဖွဲ့ရဲ့ အစီအစဉ်တွေကို ရင်းနှီးမြှုပ်နှံသူတွေက သူတို့ရဲ့ ယုံကြည်ချက်ကို ပြသခဲ့ကြအတွက် CyanogenMod ရင်းနှီးမြှုပ်နှံမှု  ရံပုံငွေပမာဏဟာ ၂၃သန်းထိမြင့်တက်လာပါတယ်။

အမေရိကန်၊ ကယ်လီဖိုးနီးယား အခြေစိုက် Andressen Horowitz ကုမ္ပဏီနဲ့ တရုတ် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ Tencent တို့က မ'တည်ခဲ့တာလို့ သိရပါတယ်။ ဒုတိယအကြိမ် ရံပုံငွေ မတည်မှုခြင်း ပိတ်လိုက်ပြီလို့ CyanogenMod က ကြေညာခဲ့ပါတယ်။

လက်ရှိမှာ ၂၅ယောက်နဲ့ ဖွဲ့ထားတဲ့ CyanogenMod အဖွဲ့ကို ထပ်မံတိုးချဲ့သွားဖို့အတွက် ရံပုံငွေတွေကို သုံးသွားပါလိမ့်မယ်။ core software, အသုံးပြုသူ ကွန်ပျူတာအစီအစဉ်ပေါင်းကူးစနစ် နဲ့ ဒီဇိုင်း၊  ထုတ်ကုန် တိုးတက်မှု စတဲ့ CyanogenMod ထောင့်ပေါင်းစုံ တိုးတက်ရေးတွေအတွက် အင်ဂျင်နီယာတွေ ငှားသွားမှာဖြစ်ပါတယ်။ Cyanogen ဒါရိုက်တာများ ဘုတ်အဖွဲ့ကိုလည်း A16Z (Andressen Horowitz) အဖွဲ့ဝင် Peter Levine ပါဝင်လာပါလိမ့်မယ်။

Ref: zdnet,Wikipedia,A16Z,cnet

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.