Taecyeon ရဲ႔ေအဂ်င္စီအေျပာင္းအလဲေၾကာင့္ 2PM အဖြဲ႔ပ်က္ျပီလားလို႔ ပရိသတ္ေတြကစုိးရိမ္ေနၾက

2PM အဖြဲ႔၀င္တစ္ေယာက္ျဖစ္တ႔ဲ Ok Taecyeon  ဟာ JYP Entertainment ေအဂ်င္စီကေန ထြက္ခဲ့ျပီး ေအဂ်င္စီအသစ္ျဖစ္တဲ႔ 51K နဲ႔စာခ်ဳပ္ခ်ဳပ္ဆုိခဲ႔တယ္လို႔သိရပါတယ္။ဒီေန႔မနက္ပုိင္းေလးတင္ 51K က သူတုိ႔ေအဂ်င္စီကေန ၾကိဳဆုိေၾကာင္းတရား၀င္ေၾကညာခဲ႔ပါတယ္။51K ေအဂ်င္စီဟာ
နာမည္ေက်ာ္မင္းသား So Ji Sub နဲ႔ ကေလးသရုပ္ေဆာင္ေလး Lee Hyo Je တုိ႔ရွိေနတဲ႔ေအဂ်င္စီလည္းျဖစ္ပါတယ္။

JYP ဟာ 2PM စတင္ခဲ႔တဲ႔ေနရာျဖစ္သလို က်န္တဲ႔အဖြဲ႔၀င္ေတြကလည္း JYP မွာရွိေနတာေၾကာင့္ပရိသတ္ေတြက သူတုိ႔အဖြဲ႔တစ္ခုခုျဖစ္သလားစုိးရိမ္ေနၾကေပမဲ႔မစုိးရိမ္ၾကပါနဲ႔လို႔။ပရိသတ္ေတြရဲ႔အားေပးမႈေတြအျမဲရရွိေနတဲ႔ 2PM အဖြဲ႔က အရင္အတုိင္းပဲ တစ္ဖြဲ႔တည္းျဖစ္ေနဆဲပါ။51K ေအဂ်င္စီကလည္းသူတုိ႔ဆီေရာက္လာတဲ႔ Taecyeon ကုိ အားေပးကူညီျပီး သူ႔ရဲ ႔အစြမ္းအစေတြကုိအေကာင္းဆံုးေဖာ္ထုတ္ေပးႏုိင္မွာေသခ်ာပါတယ္။51K ေအဂ်င္စီကဒီေန႔မနက္ပုိင္းက အခုလိုမ်ိဳးအတည္ျပဳစာထုတ္ျပန္ခဲ႔ပါတယ္။”ဟယ္လို 51K ေအဂ်င္စီပါ။အဆိုေတာ္လည္းျဖစ္သလို မင္းသားလည္းျဖစ္တဲ႔ Taecyeon ကကြ်န္ေတာ္တုိ႔ရဲ႔မိသားစုအ၀င္အသစ္ျဖစ္လာပါျပီ။ကုိရီးယားႏုိင္ငံရဲ ႔နာမည္ေက်ာ္အဖြဲ႔၀င္တစ္ေယာက္ျဖစ္တဲ႔သူနဲ႔အလုပ္တြဲလုပ္ရမွာျဖစ္လို႔ ကြ်န္ေတာ္တို႔လည္း၀မ္းသာရပါတယ္။ သူက အရည္အခ်င္းအစြမ္းအစေတြရွိတဲ႔မင္းသားတစ္လက္လည္းျဖစ္ပါတယ္။ကြ်န္ေတာ္တုိ႔ သူ႔ကုိ အေကာင္းဆံုးပံ႔ပိုးကူညီေပးသြားမွာပါ။JYP ေအဂ်င္စီနဲ႔ပူးေပါင္းျပီးအေကာင္းဆံုးလုပ္ေဆာင္သြားမွာျဖစ္လို႔ 2PM မွာလည္း Taecyeon ရဲ ႔လႈပ္ရွားမႈေတြကုိျမင္ေတြ႔လာရမွာပါ။အခုလက္ရွိ သူက စစ္မႈထမ္းေဆာင္ေနဆဲကာလျဖစ္လို႔ ကြ်န္ေတာ္တို႔ေအဂ်င္စီက အခုလိုေၾကညာေပးတာပဲျဖစ္ပါတယ္။ပရိသတ္ေတြလည္း သူ႔ရဲ ႔အနာဂတ္မွာ 51K ေအဂ်င္စီနဲ႔အေကာင္းဆံုးလုပ္ေဆာင္သြားႏုိင္ဖုိ႔ အားေပးခ်စ္ခင္ေပးၾကပါဦး”လုိ႔ေျပာခဲ႔ပါတယ္။

ဂီတေလာကမွာလည္း နာမည္တစ္လံုးရွိတဲ႔အဖြဲ႔၀င္ျဖစ္သလို သရုပ္ေဆာင္ေလာကထဲမွာလည္း Taecyeon ကုိျမင္ေတြ႔ႏုိင္ပါတယ္။အခုလိုေအဂ်င္စီေျပာင္းလဲမႈနဲ႔ပတ္သက္ျပီး JYP က ” Taecyeon က ေအဂ်င္စီေျပာင္းလဲသြားတယ္ဆုိေပမဲ႔ သူက 2PM ရဲ ႔အဖြဲ႔၀င္တစ္ေယာက္ျဖစ္ေနဆဲပါ။ေနာက္ထပ္လုုပ္မယ့္ပရိုမိုးရွင္းေတြအတြက္လည္း ကြ်န္ေတာ္တုိ႔ဘက္က အေကာင္းဆုံးစီစဥ္ေနပါတယ္”လို႔ေျပာခဲ႔ပါတယ္။Taecyeon က အခုေလာေလာဆယ္မွာစစ္မႈထမ္းေဆာင္တာျဖစ္ျပီး ၂၀၁၉၊ဇြန္လ ၃ရက္ေန႔မွ ျပီးဆံုးမွာျဖစ္ပါတယ္။ဒါေၾကာင့္ 2PM အဖြဲ႔က မပ်က္ပဲ ဆက္ျပီးလႈပ္ရွားမႈေတြရွိဦးမွာပါလုိ႔ သတင္းေကာင္းပါးလိုက္ပါတယ္။

Unicode

2PM အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Ok Taecyeon ဟာ JYP Entertainment အေဂျင်စီကနေ ထွက်ခဲ့ပြီး အေဂျင်စီအသစ်ဖြစ်တဲ့ 51K နဲ့စာချုပ်ချုပ်ဆိုခဲ့တယ်လို့သိရပါတယ်။ဒီနေ့မနက်ပိုင်းလေးတင် 51K က သူတို့အေဂျင်စီကနေ ကြိုဆိုကြောင်းတရားဝင်ကြေညာခဲ့ပါတယ်။51K အေဂျင်စီဟာ နာမည်ကျော်မင်းသား So Ji Sub နဲ့ ကလေးသရုပ်ဆောင်လေး Lee Hyo Je တို့ရှိနေတဲ့အေဂျင်စီလည်းဖြစ်ပါတယ်။

JYP ဟာ 2PM စတင်ခဲ့တဲ့နေရာဖြစ်သလို ကျန်တဲ့အဖွဲ့ဝင်တွေကလည်း JYP မှာရှိနေတာကြောင့်ပရိသတ်တွေက သူတို့အဖွဲ့တစ်ခုခုဖြစ်သလားစိုးရိမ်နေကြပေမဲ့မစိုးရိမ်ကြပါနဲ့လို့။ပရိသတ်တွေရဲ့အားပေးမှုတွေအမြဲရရှိနေတဲ့ 2PM အဖွဲ့က အရင်အတိုင်းပဲ တစ်ဖွဲ့တည်းဖြစ်နေဆဲပါ။51K အေဂျင်စီကလည်းသူတို့ဆီရောက်လာတဲ့ Taecyeon ကို အားပေးကူညီပြီး သူ့ရဲ ့အစွမ်းအစတွေကိုအကောင်းဆုံးဖော်ထုတ်ပေးနိုင်မှာသေချာပါတယ်။51K အေဂျင်စီကဒီနေ့မနက်ပိုင်းက အခုလိုမျိုးအတည်ပြုစာထုတ်ပြန်ခဲ့ပါတယ်။”ဟယ်လို 51K အေဂျင်စီပါ။အဆိုတော်လည်းဖြစ်သလို မင်းသားလည်းဖြစ်တဲ့ Taecyeon ကကျွန်တော်တို့ရဲ့မိသားစုအဝင်အသစ်ဖြစ်လာပါပြီ။ကိုရီးယားနိုင်ငံရဲ ့နာမည်ကျော်အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့သူနဲ့အလုပ်တွဲလုပ်ရမှာဖြစ်လို့ ကျွန်တော်တို့လည်းဝမ်းသာရပါတယ်။ သူက အရည်အချင်းအစွမ်းအစတွေရှိတဲ့မင်းသားတစ်လက်လည်းဖြစ်ပါတယ်။ကျွန်တော်တို့ သူ့ကို အကောင်းဆုံးပံ့ပိုးကူညီပေးသွားမှာပါ။JYP အေဂျင်စီနဲ့ပူးပေါင်းပြီးအကောင်းဆုံးလုပ်ဆောင်သွားမှာဖြစ်လို့ 2PM မှာလည်း Taecyeon ရဲ ့လှုပ်ရှားမှုတွေကိုမြင်တွေ့လာရမှာပါ။အခုလက်ရှိ သူက စစ်မှုထမ်းဆောင်နေဆဲကာလဖြစ်လို့ ကျွန်တော်တို့အေဂျင်စီက အခုလိုကြေညာပေးတာပဲဖြစ်ပါတယ်။ပရိသတ်တွေလည်း သူ့ရဲ ့အနာဂတ်မှာ 51K အေဂျင်စီနဲ့အကောင်းဆုံးလုပ်ဆောင်သွားနိုင်ဖို့ အားပေးချစ်ခင်ပေးကြပါဦး”လို့ပြောခဲ့ပါတယ်။

ဂီတလောကမှာလည်း နာမည်တစ်လုံးရှိတဲ့အဖွဲ့ဝင်ဖြစ်သလို သရုပ်ဆောင်လောကထဲမှာလည်း Taecyeon ကိုမြင်တွေ့နိုင်ပါတယ်။အခုလိုအေဂျင်စီပြောင်းလဲမှုနဲ့ပတ်သက်ပြီး JYP က ” Taecyeon က အေဂျင်စီပြောင်းလဲသွားတယ်ဆိုပေမဲ့ သူက 2PM ရဲ ့အဖွဲ့ဝင်တစ်ယောက်ဖြစ်နေဆဲပါ။နောက်ထပ်လုုပ်မယ့်ပရိုမိုးရှင်းတွေအတွက်လည်း ကျွန်တော်တို့ဘက်က အကောင်းဆုံးစီစဉ်နေပါတယ်”လို့ပြောခဲ့ပါတယ်။Taecyeon က အခုလောလောဆယ်မှာစစ်မှုထမ်းဆောင်တာဖြစ်ပြီး ၂၀၁၉၊ဇွန်လ ၃ရက်နေ့မှ ပြီးဆုံးမှာဖြစ်ပါတယ်။ဒါကြောင့် 2PM အဖွဲ့က မပျက်ပဲ ဆက်ပြီးလှုပ်ရှားမှုတွေရှိဦးမှာပါလို့ သတင်းကောင်းပါးလိုက်ပါတယ်။

142 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.