အချစ်ရဲ့ ပူလောင်မှုတွေ သူတို့နှစ်ယောက်ကြားမှာမထားဘူးဆိုတဲ့ Ryan Reynolds ရဲ့အိမ်ထောင်ရေး 💕

Dead Pool မင်းသား Ryan Reynolds ကတော့ အခုဆို ဇနီးချောလေးနဲ့ ကလေးနှစ်ယောက်တောင်ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ ဇနီးဖြစ်သူ Blake Lively နဲ့ သူငယ်ချင်းတွေလိုပဲ နေထိုင်တယ်လို့ ပြောပါတယ်။

သူတို့ပြောတဲ့ သူငယ်ချင်းဆိုတာ ဒီလိုပါ။ Friendship ဆိုတာ အချစ်တစ်ခုအတွက် အကောင်းဆုံး အခြေခံ အုတ်ချပ်တွေဖြစ်သတဲ့။ သူတို့နှစ်ယောက်ကြားမှာ မဖြစ်သင့်တဲ့ ၊ မလိုအပ်တဲ့ ပူလောင်မှုတွေ မသယ်ဆောင်ချင်ဘူးလို့ ပြောတာပါ။ အချစ်က ပူလောင်တယ်လေ။ မလိုလားပဲ
အားကုန်မယ့် အငြင်းပွား အရွဲ့တိုက်မှုတွေ မလုပ်ပါဘူးတဲ့။

blake-lively-ryan-reynolds-looking-each-other-lovingly

တွဲတုန်းက ရည်းစားသဘာဝ အနည်းငယ်စကားများတာလေးတွေရှိပေမယ့် နောက်တော့ တစ်ယောက်အပေါ် တစ်ယောက်အရမ်းတင်းကြပ် ချုပ်တည်းတာတွေမလုပ်ပဲ ကိုယ့်စိတ်ချမ်းသာသလိုသာ နေကြတယ်။ မလေးနက်တော့တာမဟုတ်ပါဘူး။ ဒါဟာ နှစ်ယောက်လုံးအတွက် ပျော်ရွှင်စေမယ့် နည်းလမ်းလို့သာ သတ်မှတ်ပါတယ်တဲ့။

ဆိုရှယ်မီဒီယာမှာပဲဖြစ်ဖြစ်၊ အင်တာဗျုးတွေမှာ နှစ်ယောက်လုံးက အပြန်လှန်ကျီစယ် စနောက်ရင်း
ပျော်ရွှင်နေတာ အမြဲတွေ့ရပါတယ်။ အသေးစိတ်လေးတွေအတွက် ဘာမှအပြစ်မမြင်တော့ဘူး။ တစ်ယောက် Privacy တစ်ယောက်ဘယ်တော့မှလည်း မချိုးဖောက်ဘူး။ သူ့စည်းနဲ့ သူပဲထားတယ်။

” Ryan က သာမန်ဘဝလေးနဲ့ စိတ်ချမ်းသာစရာကောင်းတဲ့ ဘ၀မျိုးကို ပိုင်ဆိုင်ချင်တယ်။ ကျွန်မတို့ ကလေးတွေ မွေးပြီး နှစ်ယောက်လုံး ရိုးရှင်းတဲ့ဘဝလေးတစ်ခုကို ဖြတ်သန်းသွားချင်တာ ဆန္ဒချင်းတူတယ် ” လို့ Lively က ၂ဝ၁၆တုန်းက အင်တာဗျုးတစ်ခုမှဖြေဖူးပါတယ်။

တစ်ယောက်အလုပ်အပေါ် တစ်ယောက်လေးစားတယ်။ အောင်မြင်လာတာနဲ့အမျှ အနားကိုကပ်တဲ့လူတွေတော့ ရှိတာပေါ့။ သံယောဇဉ် သစ္စာတရားဆိုတာ သူတို့ကြားမှာ ခိုင်မြဲပြီးသားပါ။ ဟောလိဝုဒ်ရဲ့အားကျစရာအကောင်းဆုံး စုံတွဲတွေထဲမှာ Ryan တို့ပါဝင်ပါတယ်။

ryan-reynolds-blake-lively

Ryan ရဲ့ အရွှန်းဖောက်မှုတွေက သူမကိုအမြဲရယ်မောစေခဲ့ပြီး စိတ်ချမ်းသာစေခဲ့တယ်။ အဓိကကတော့ တစ်ယောက်လွတ်လပ်မှုကို တစ်ယောက်က မချုပ်ချယ်ဘူး။ လမ်းဖွင့်ပေးထားတယ်။ အချိန်ကို မျှတအောင်သုံးစွဲနိုင်တယ်။ ဒါကြောင့်လည်း ဒီအချိန်အထိ သူတို့နှစ်ယောက်ခိုင်မြဲနေခဲ့တာပါ။ နှစ်ယောက်ကိုကြည့်လိုက်ရင် ယုံကြည်မှု ၊ နားလည်မှု ၊ လေးစားမှုတွေနဲ့ ခိုင်မာတဲ့ သံယောဇဉ် သစ္စာတရားတွေ အမြဲတမ်း လတ်ဆက်နေတာကိုမြင်တွေ့ရပါတယ်။ သူတို့နှစ်ယောက်ကိုကြည့်ပြီး ပရိတ်သတ်တွေလည်း နမူနာယူနိုင်မယ်လို့ ထင်ပါတယ်။

နှစ်တွေအကြာကြီး ရွှေလက်မြဲမြဲ တွဲနိုင်ကြပါစေRyan Reynolds 💕 Blake Lively

89 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.