အင်တာနက်ပေါ်က အလှအပအကြံပေးချက်တွေကို လက်တွေ့လိုက်လုပ်ကြည့်သောအခါ…😎
Unicode
တစ်ခါတစ်လေ အွန်လိုင်းမှာအလှအပနဲ့ပတ်သက်ပြီး လွယ်ကူတဲ့အမြန်နည်းလမ်းလေးတွေကို အကြံပေးထားကြတာတွေ့ဖူးကြမှာပါ။အိုင်းလိုင်နာကုန်သွားတဲ့အခါ မက်စ်ကာရာကိုသုံးလို့ရတယ်တို့ဘာတို့ beauty trick လေးတွေပေါ့။အဲ့ဒီလို လျှပ်တပြက်နည်းလမ်းလေးတွေကို အပြင်မှာတကယ်လိုက်လုပ်ပြီးအဆင်ပြေမပြေ အင်တာနက်မှာတင်ပေးခဲ့တဲ့ မိန်းကလေးတစ်ယောက်ရှိပါတယ်။သူမက နာမည်ကြီးနေတဲ့ လျှပ်တပြက်နည်းလမ်းလေးတွေကို အပြင်မှာလုပ်ပြထားတာပါ။ကဲ လျှပ်တပြက်နည်းလမ်းလေးတွေက လက်တွေ့မှာရော တကယ်ပဲအသုံးဝင်ရဲ့လားဆိုတာကြည့်လိုက်ပါဦး
လက်သည်းနီဆိုးတဲ့အခါ ဘေးကိုပေကျံသွားတာမဖြစ်အောင် ကော်သုံးရမယ်လို့အကြံပေးထားတဲ့အခါ…
အဆင်တော့ပြေပါတယ်။ဒါပေမဲ့ ကော်ခြောက်ဖို့အတွက် အချိန်ခဏတော့စောင့်ပေးရပါတယ်။အဲ့ဒါကြောင့် ကော်အစား petroleum jelly လို့ခေါ်တဲ့အလှဆီတစ်မျိုးကိုလိမ်းပေးတာ ပိုကောင်းပါတယ်လို့ သူမက အကြံပေးထားပါတယ်။
ရေထဲစိမ်လိုက်ရင် လက်သည်းနီဆိုးထားတာ ခဏလေးနဲ့ ခြောက်ရဲ့လား
တကယ်တမ်းကျ လက်သည်းနီဆိုးထားပြီး အချိန်ဘယ်လောက်မှမကြာဘူးခြောက်သွားတာပါပဲ။ဒါပေမဲ့ အခုချက်ချင်းခြောက်ချင်တယ်ဆိုရင် ရေက အတော်ကြီးအေးနေဖို့လိုအပ်ပါတယ်။
မက်စ်ကာရာခြောက်ကပ်နေတာကို ဆိုးလို့ရအောင် အပူပေးတာ အိုကေရဲ့လား
ဒီအကြံပေးချက်လေးအတိုင်းလိုက်လုပ်ကြည့်တော့အဆင်ပြေပါတယ်တဲ့။ခြောက်ကပ်နေတဲ့မက်စ်ကာရာကို ရေနွေးပူထဲမှာ ငါးမိနစ်လောက်ထားလိုက်ပါ။ပြီးရင်တော့ မျက်တောင်လေးကော့လို့ရပါပြီ။ဒီနည်းလမ်းကတော့ တကယ်အသုံးဝင်ပါတယ်နော်။
လက်သည်းနီကို Matte လေးဖြစ်ချင်တယ်ဆိုရင်ရော
ဒီနည်းလေးကလည်း အိုခေတဲ့ပုံပါပဲ။ရေနွေးငွေ့ပေါ်မှာ လက်သည်းနီဆိုးပြီးခဏအငွေ့သွားခံလိုက်ရင် တကယ်ကြီး Matte ဖြစ်ပါတယ်တဲ့။
အိုင်းလိုင်နာကုန်သွားပြီ
မပူပါနဲ့။မက်စ်ကာရာရှိသေးရင် အိုင်းလိုင်နာပဲပေါ့။မက်စ်ကာရာထဲက နည်းနည်းယူပြီး ခပ်သွက်သွက်လေး မျက်လုံးမှာဆိုးလိုက်မယ်ဆို အဆင်ပြေသွားပြီနော်
မက်စ်ကာရာတွေများသွားပြီ
မြန်မြန်လေးသွားတိုက်တံအဟောင်းလေးယူလိုက်ပါ။ပြီးရင် မျက်တောင်ကို သွားတိုက်တံလေးနဲ့နည်းနည်းကေ့ာလိုက်ပေါ့။ဒါဆိုရင် သဘာဝအတိုင်း
ကော့ညွှတ်နေတဲ့မျက်တောင်လေးတွေဖြစ်သွားပါလိမ့်မယ်
ပါးနီမရှိဘူးဆို ဘယ်လိုလုပ်မလဲ
အကြံပေးချက်လေးကတော့ ပါးနီကုန်သွားရင် နှုတ်ခမ်းနီကိုသုံးပါတဲ့။နှုတ်ခမ်းနီကိုလည်း ပါးနီမှာခြယ်လို့ရတာ မမေ့ပါနဲ့။ပါးနီခြယ်သတဲ့ပုံစံအတိုင်း
အစက်လေးတွေချပြီး နည်းနည်းပုံသွင်းလိုက်ပေါ့။
အိုင်းလိုင်နာကို တစ်ချက်တည်းလွယ်လွယ်ကူကူဆွဲဖို့
အခုချိန်ထိ အိုင်းလိုင်နာဆွဲရင် လက်တုန်တုန်ရီရီနဲ့ ဟိုဘက်ဆွဲလိုက်၊ဒီနားလေးနည်းနည်းဖြည့်လိုက်လုပ်နေရတဲ့သူလေးတွေရှိသေးလား။ဒါဆိုရင်သင့်ကို ဇွန်းလေးတစ်ချာင်းက ကူညီပေးနိုင်ပါတယ်။ပုံထဲမှာပြထားသလို ဇွန်းလေးကို မျက်လုံးနားမှာထားပြီးတစ်ချက်တည်းဆွဲချလိုက်ရုံပါပဲ။ဇွန်းကိုင်
ထားတဲ့လက်မတုန်ဖို့တော့လိုတယ်နော်
လျှပ်တပြက်နည်းလမ်းတွေကို အကျိုးရှိရှိအသုံးချကြည့်နော်
738 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.