လီမင်ဟိုဟာ “2013 Baidu The Hottest Awards” ကို တက်ရောက်လိမ့်မယ်လို့ သိရပါတယ်။ သူ့ရဲ့ အေဂျင်စီက ပြောတာတော့ လီမင်ဟိုဟာ အဲဒီပွဲရဲ့ တစ်ဦးတည်းသော နိုင်ငံခြားသား သရုပ်ဆောင်အဖြစ် တက်ရောက်မှာဖြစ်ပြီး တခြား နာမည်ကျော် သရုပ်ဆောင်တွေ ဖြစ်တဲ့ ဂျက်ကီချန်းတို့နဲ့အတူ ယှဉ်တွဲတက်ရောက်ရမှာလည်း ဖြစ်ပါတယ်။
Baidu ရဲ့ဖော်ပြချက်အရ လီမင်ဟိုဟာ တရုတ်ပြည်မှာ အတော်လေးခေတ်စားနေတာ ဖြစ်ပြီး ပွဲတွေအတွက် အတောင်းဆိုဆုံး နာမည်ကျော်တစ်ယောက်လည်း ဖြစ်နေပါတယ်။ သူရဲ့ နောက်ဆုံးဇာတ်ကားဖြစ်တဲ့ “The Heirs” ဇာတ်ကားဟာ တရုတ်ပြည်မှ တုန့်ပြန်မှုအများကြီး ရရှိခဲ့ပြီး တရုတ်တစ်နိုင်ငံလုံးဟာ အမျိုးမျိုးသော ဗီဒီယိုဝဘ်ဆိုဒ်တွေကနေ ကြည့်ရှုခဲ့ကြပါတယ်။
လီမင်ဟိုဟာ ရှန်ဟိုင်းကိုအရင်သွားမှာဖြစ်ပြီး ပွဲကိုမတက်ရောက်ခင် ဇာတ်လမ်းရိုက်ကူးဦးမှာ ဖြစ်ပြီး ပွဲကတော့ ဒီဇင်ဘာလ (၂၂)ရက်နေ့မှာ ဘေဂျင်းမှာ ကျင်းပမှာဖြစ်ပါတယ်။
Ref:kpopstarz