E’Dawn တို့နှစ်ယောက်နဲ့ မလိုအပ်ပဲ အထိတွေ့တွေ သိပ်များနေတယ်လို့ ဝေဖန်ခံနေရတဲ့ Hyuna

” Triple H ” ကေပေါ့ပ်အဖွဲ့မှာ Hyuna, Hui နဲ့ E’Dawn တို့ ပါဝင်ပါတယ်။ Hyuna ကိုတော့ ပရိတ်သတ်တွေ သိပြီးသားပါ။ Triple H က ၂ဝ၁၇ခုနှစ်မှာ စတင်ပွဲဦးထွက်ခဲ့တာပါ။ အဖွဲ့ဝင် သုံးယောက်လုံးက အရမ်းရင်းနှီးပါတယ်။ သူတို့ရဲ့ အင်တာဗျုးတွေ၊ တိုက်ရိုက် ထုတ်လွှင့်မှုအစီစဉ်တွေနဲ့ ဆိုရှယ်မီဒီယာတွေမှာဆို သုံးယောက်သား ဆက်ဆံရေးက ဘယ်လောက်ထိရှိလဲဆိုတာ မြင်တာနဲ့သိပါတယ်။

ဒါပေမယ့် Hyuna ကို Hui နဲ့ E’Dawn တို့ကြားမှာ အရမ်းကို ဖင်ပုတ်ခေါင်းပုတ်နိုင်ပြီး မလိုအပ်တဲ့ ခန္ဓာကိုယ် အထိတွေ့တွေ အရမ်းများတယ်လို့ တစ်ချို့ ပရိတ်သတ်တွေက ပြောကြတယ်။

အင်တာဗျုးတွေမှာတင်မဟုတ်ဘူး။ အခြားဘယ်နေရာမဆို Hui ၊ E’Dawn တို့နဲ့ အမြဲတမ်းလုံးထွေးနေတာပဲလို့ ဝေဖန်ထားပါတယ်။

Triple H ရဲ့အမာခံပရိတ်သတ်တွေကတော့ သူတို့သုံးယောက်ဘယ်လိုနေနေ ကြည့်ကောင်းနေပေမယ့် တစ်ချို့ ကတော့ အသားချင်း ထိတွေ့တာကို သဘောကျပုံမရဘူး။ Hyuna က လက်ရဲ ဇက်ရဲနိုင်သတဲ့။

Triple H ရဲ့မကြာမီက ထွက်ရှိထားတဲ့ သီချင်းဗီဒီယိုမှာလည်း sexy side တွေ အရမ်းပါတယ်လို့
ပြောကြပါတယ်။ ဟုတ် ၊ မဟုတ် အောက်က ဗီဒီယိုလေးထဲမှာ ဝင်ရောက်ကြည့်ရှုကြပါဦး …Triple H ပရိတ်သတ်တို့ရေ …

128 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.