ေစာေစာထတတ္တဲ့အက်င့္ေလးကို ဒီလိုပ်ဳိးေထာင္မယ္

မနက္ေစာေစာထဖုို႔ဆိုတာ အေျပာသာ လြယ္တယ္။ တကယ္တမ္း လက္ေတြ႔က်င့္သံုးဖို႔က ကိုယ့္
စိတ္ကိုယ္ ႏုိင္မွျဖစ္မယ္။ ထလိုက္တာပဲ ဘာခက္လဲလုိ႔ ေတြးေကာင္းေတြးမိမွာပဲ။ မနက္ပိုင္းဆို
အရမ္းအိပ္လို႔ေကာင္းတဲ့ ခံစားခ်က္က ဘာနဲ႔မွမတူတာ ေတာ္ေတာ္မ်ားမ်ားလည္း သိၾကပါတယ္။

ထလိုက္ျပီးမွ အိပ္ယာေပၚျပန္ေခြခ်င္စိတ္က အရမ္းကိုၾကီးစိုးေနတာကိုး။ ၅မိနစ္ရရ ၊ ၁ဝမိနစ္ရရ ခဏေလး ဝင္နပ္ရတာကိုပဲ ၾကိဳက္ၾကတဲ့ လူေတြခ်ည္းပါပဲ။ အဲ.. ဝီရိယေကာင္းတဲ့ လူေတြကိုေတာ့ မေျပာပါဘူးေလ။

မနက္ေစာေစာထရင္ ရမယ့္အက်ဳိးေက်းဇူးေလးေတြကို အရင္ဆံုးေျပာျပေပးမယ္။
– စိတ္ၾကည္လင္မယ္
– အိုင္ဒီယာေကာင္းေတြ ပိုထုတ္သံုးလာႏုိင္တယ္
– ေပ်ာ္ရႊင္မႈရ
– ၾကိဳတင္စီစဥ္ႏုိင္၊ အလုပ္ေတြ ေစာေစာျပီးေျမာက္

ဘာေၾကာင့္ အေစာၾကီးထသင့္တာလဲ (ခိုင္မာတဲ့ အေၾကာင္းရင္းတစ္ခု႐ွိသင့္)

You can become a morning person with these 5 easy habits
မနက္ေစာေစာထရတဲ့ အေၾကာင္းရင္းတစ္ခုက ခိုင္မာေနရင္ ပိုေကာင္းပါတယ္။ ရည္ရြယ္ခ်က္ ေကာင္းျဖစ္ဖုိ႔လိုတယ္။ မနက္ထျပီး ငါဘာလုပ္မလဲ ? ဒါကိုေသခ်ာ စဥ္းစားထားရမယ္။ မနက္ကေတာ့ ေစာေစာထလိုက္တာ ။ ဘာမွလည္း မလုပ္ဘူး။ ဟုိေယာင္ ဒီေယာင္နဲ႔ဆိုလည္း အလုပ္မျပီးပါဘူး။ တရားထိုင္မလား ၊ ေလ့က်င့္ခန္းလုပ္မလား ၊ တစ္ေန႔တာ အခ်ိန္ဇယားေတြ စဆဲြမလား ။ ေသခ်ာ ေရြးခ်ယ္ဆံုးျဖတ္ျပီးမွ မနက္ေစာေစာထဖို႔ Alarm ေပးပါလို႔ အၾကံေပးခ်င္ပါတယ္။

မနက္ ေစာေစာထျခင္းျဖင့္ အိပ္မက္ေတြကို အေကာင္ထည္ေဖာ္

ways to sleep better wake up energized
အိပ္မက္ေတြကို အေကာင္ထည္ေဖာ္ႏုိင္သူ တစ္နည္းအားျဖင့္ ေအာင္ျမင္ေနသူေတြဟာ မနက္ေစာ
ေစာထတတ္တဲ့ အက်င့္ကိုေမြးထားၾကတယ္။ ေန႔တုိင္း ထေနရင္ မ်က္လံုးက အလိုလိုပြင့္တယ္ Alarm ေတာင္ေပးစရာမလိုပါဘူး။ ေစာေစာထရင္ အိပ္ခ်င္စိတ္က အရမ္းမ်ားေနမွာသိပါတယ္။
ခႏၶာကိုယ္ကုိ ပ်င္းခြင့္မေပးနဲ႔။ ဝုန္းခနဲ ထလိုက္။ ေရခ်ဳိးခန္း ေျပး၊ မ်က္ႏွာသစ္လိုက္ ။ အနည္းဆံုး
ေတာ့ အိပ္ခ်င္စိတ္ေပ်ာက္သြားမွာပါ။ ျပီးရင္ လုပ္စရာ႐ွိတာ ဆက္လုပ္ပါ။

ေလ့က်င့္ခန္းလုပ္ေပး

valuable-tips-for-healthy-body-and-mind
လႈပ္႐ွားမႈမ႐ွိတဲ့ ခႏၶာကိုယ္ဟာ ေလးပင္တယ္။ ထိုင္ျပီး အလုပ္လုပ္ေနရသူေတြ ေလ့က်င့္ခန္းမလုပ္
လို႔ ၾကာရင္ပံုပ်က္သြားႏုိင္ပါတယ္။ ပံုမွန္ ေလ့က်င့္ခန္းလုပ္ေပးပါ။ ၾကိဳက္ႏွစ္သက္တဲ့ ေလ့က်င့္ခန္းကို ျပဳလုပ္ေပးရင္ ခႏၶာကိုယ္ထဲက ေခၽြးေတြထြက္ျပီး ေသြးလည္ပတ္မႈလည္း ေကာင္းေစတယ္။ လႈပ္႐ွားေပးေနေတာ့ မလိုအပ္တဲ့ အဆီေတြကိုလည္း ဖယ္ႏုိင္တာေပါ့။

အဓိက မနက္ေစာေစာထရတာဟာ အခ်ိန္ပိုထြက္လာလုိ႔ပါ။ တစ္ေန႔တာ လုပ္ငန္းေတြျပီးေျမာက္သြားရင္ ေနာက္ထပ္ ကိုယ္ဝါႆာနာပါရာအလုပ္ေလးေတြအတြက္ အခ်ိန္ေပးလာႏုိင္တာေပါ့။ ပံုမွန္ ထေနက်ထက္ နည္းနည္းေလးေစာျပီး ထၾကည့္လုိက္ပါ။ တကယ္အက်ဳိး႐ွိတယ္ဆုိတာ ေတြ႔ရပါလိမ့္မယ္။

(Unicode)

မနက်စောစောထဖိုု့ဆိုတာ အပြောသာ လွယ်တယ်။ တကယ်တမ်း လက်တွေ့ကျင့်သုံးဖို့က ကိုယ့်
စိတ်ကိုယ် နိုင်မှဖြစ်မယ်။ ထလိုက်တာပဲ ဘာခက်လဲလို့ တွေးကောင်းတွေးမိမှာပဲ။ မနက်ပိုင်းဆို
အရမ်းအိပ်လို့ကောင်းတဲ့ ခံစားချက်က ဘာနဲ့မှမတူတာ တော်တော်များများလည်း သိကြပါတယ်။

ထလိုက်ပြီးမှ အိပ်ယာပေါ်ပြန်ခွေချင်စိတ်က အရမ်းကိုကြီးစိုးနေတာကိုး။ ၅မိနစ်ရရ ၊ ၁ဝမိနစ်ရရ ခဏလေး ဝင်နပ်ရတာကိုပဲ ကြိုက်ကြတဲ့ လူတွေချည်းပါပဲ။ အဲ.. ဝီရိယကောင်းတဲ့ လူတွေကိုတော့ မပြောပါဘူးလေ။

မနက်စောစောထရင် ရမယ့်အကျိုးကျေးဇူးလေးတွေကို အရင်ဆုံးပြောပြပေးမယ်။
– စိတ်ကြည်လင်မယ်
– အိုင်ဒီယာကောင်းတွေ ပိုထုတ်သုံးလာနိုင်တယ်
– ပျော်ရွှင်မှုရ
– ကြိုတင်စီစဉ်နိုင်၊ အလုပ်တွေ စောစောပြီးမြောက်

ဘာကြောင့် အစောကြီးထသင့်တာလဲ (ခိုင်မာတဲ့ အကြောင်းရင်းတစ်ခုရှိသင့်)

မနက်စောစောထရတဲ့ အကြောင်းရင်းတစ်ခုက ခိုင်မာနေရင် ပိုကောင်းပါတယ်။ ရည်ရွယ်ချက် ကောင်းဖြစ်ဖို့လိုတယ်။ မနက်ထပြီး ငါဘာလုပ်မလဲ ? ဒါကိုသေချာ စဉ်းစားထားရမယ်။ မနက်ကတော့ စောစောထလိုက်တာ ။ ဘာမှလည်း မလုပ်ဘူး။ ဟိုယောင် ဒီယောင်နဲ့ဆိုလည်း အလုပ်မပြီးပါဘူး။ တရားထိုင်မလား ၊ လေ့ကျင့်ခန်းလုပ်မလား ၊ တစ်နေ့တာ အချိန်ဇယားတွေ စဆွဲမလား ။ သေချာ ရွေးချယ်ဆုံးဖြတ်ပြီးမှ မနက်စောစောထဖို့ Alarm ပေးပါလို့ အကြံပေးချင်ပါတယ်။

မနက် စောစောထခြင်းဖြင့် အိပ်မက်တွေကို အကောင်ထည်ဖော်

အိပ်မက်တွေကို အကောင်ထည်ဖော်နိုင်သူ တစ်နည်းအားဖြင့် အောင်မြင်နေသူတွေဟာ မနက်စော
စောထတတ်တဲ့ အကျင့်ကိုမွေးထားကြတယ်။ နေ့တိုင်း ထနေရင် မျက်လုံးက အလိုလိုပွင့်တယ် Alarm တောင်ပေးစရာမလိုပါဘူး။ စောစောထရင် အိပ်ချင်စိတ်က အရမ်းများနေမှာသိပါတယ်။
ခန္ဓာကိုယ်ကို ပျင်းခွင့်မပေးနဲ့။ ဝုန်းခနဲ ထလိုက်။ ရေချိုးခန်း ပြေး၊ မျက်နှာသစ်လိုက် ။ အနည်းဆုံး
တော့ အိပ်ချင်စိတ်ပျောက်သွားမှာပါ။ ပြီးရင် လုပ်စရာရှိတာ ဆက်လုပ်ပါ။

လေ့ကျင့်ခန်းလုပ်ပေး

လှုပ်ရှားမှုမရှိတဲ့ ခန္ဓာကိုယ်ဟာ လေးပင်တယ်။ ထိုင်ပြီး အလုပ်လုပ်နေရသူတွေ လေ့ကျင့်ခန်းမလုပ်
လို့ ကြာရင်ပုံပျက်သွားနိုင်ပါတယ်။ ပုံမှန် လေ့ကျင့်ခန်းလုပ်ပေးပါ။ ကြိုက်နှစ်သက်တဲ့ လေ့ကျင့်ခန်းကို ပြုလုပ်ပေးရင် ခန္ဓာကိုယ်ထဲက ချွေးတွေထွက်ပြီး သွေးလည်ပတ်မှုလည်း ကောင်းစေတယ်။ လှုပ်ရှားပေးနေတော့ မလိုအပ်တဲ့ အဆီတွေကိုလည်း ဖယ်နိုင်တာပေါ့။

အဓိက မနက်စောစောထရတာဟာ အချိန်ပိုထွက်လာလို့ပါ။ တစ်နေ့တာ လုပ်ငန်းတွေပြီးမြောက်သွားရင် နောက်ထပ် ကိုယ်ဝါဿာနာပါရာအလုပ်လေးတွေအတွက် အချိန်ပေးလာနိုင်တာပေါ့။ ပုံမှန် ထနေကျထက် နည်းနည်းလေးစောပြီး ထကြည့်လိုက်ပါ။ တကယ်အကျိုးရှိတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

134 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.