ဒီလူက ကိုယ့္အတြက္ေသခ်ာမလိုျဖစ္ျပီးမွ ေ၀းကြာသြားရတဲ႔ တကယ့္အေၾကာင္းရင္းက…💌

တစ္ခါတစ္ေလ ကုိယ္တုိ႔ေတြေတြးမိၾကတယ္။ဒီလူနဲ႔ေနာက္ဆံုး ေ၀းကြာရမယ္ဆုိရင္ ဘာလို႔ဆံုေတြ႔ခြင့္ေပးတာလဲေပါ့။ဒီေလာက္လူေတြအမ်ားၾကီးထဲကမွ ကုိယ္တို႔ေတြ သူစိမ္းတစ္ေယာက္ကုိ သံေယာဇဥ္ေတြပုိခဲ႔ၾကတယ္၊ေစတနာေတြပုိခဲ႔ၾကတယ္။ဒီလူနဲ႔ ပုိုျပီးနီးစပ္လာေတာ့မယ္ဆုိျပီးေပ်ာ္ရႊင္ေနတဲ႔အခ်ိန္မွာပဲ ကုိယ္တုိ႔ ေ၀းကြာသြားခဲ့ၾကတယ္။သူစိမ္းေတြလို ျပန္ျဖစ္သြားၾကတယ္။ဒီလုိနဲ့ပဲ အခ်ိန္ေတြကုန္ဆံုးလာလိုက္ ေနာက္ထပ္သူစိမ္းတစ္ေယာက္ကုိ အခ်စ္ေတြပုိလိုက္နဲ႔ေပါ့။

အရင္လူနဲ႔ေ၀းကြာခဲ႔လို႔ ေနာက္လူကုိ လက္လႊတ္မခံေတာ့ဘူးလုိ႔ ေတြးထားခဲ႔ၾကေပမဲ႔ ထပ္ျပီးေ၀းကြာခဲ႔ျပန္တယ္။ဘာလို႔မ်ားလဲ?ဒီလုိနဲ႔ပဲ ကုိယ္တုိ႔ေတြ အခ်စ္ကုိေၾကာက္လာတယ္။အယံုအၾကည္မရွိၾကေတာ့ဘူး။ထပ္ခ်စ္လည္း ထပ္ျပီးေ၀းကြာရဦးမွာပဲဆုိတဲ႔အသိၾကီးနဲ႔ ထပ္ခ်စ္ဖုိ႔လည္းမၾကိဳးစားၾကေတာ့ဘူး။

ကုိယ္တုိ႔ေတြ အတိတ္ကုိျပန္ၾကည့္လိုက္ရင္ ကုိယ္တုိ႔ခ်စ္ခဲ႔ၾကတဲ႔သူက တစ္ေယာက္ႏွစ္ေယာက္မကႏုိင္ဘူးေပါ့။ဒီအေၾကာင္းအရာနဲ႔ပတ္သက္ျပီး Rania Naim ဆုိသူအမ်ိဳးသမီးက “ဘုရားသခင္က ကုိယ့္အတြက္ေသခ်ာမယ့္လူတစ္ေယာက္လို ကုိယ့္အနားကုိတြန္းပို႔လိုက္၊ျပန္ဆြဲေခၚသြားလိုက္နဲ႔လုပ္ေနရတဲ႔တကယ့္အေၾကာင္းရင္းရွိတယ္”ဆုိတဲ႔ေခါင္းစဥ္နဲ႔ေဆာင္းပါးေလးတစ္ခုေရးသားထားတာကုိေတြ႔လိုက္ရပါတယ္။အဲ႔ဒီထဲက တစ္ခ်ိဳ႔အေၾကာင္းအရာေလးေတြကုိ Trend ပရိသတ္ၾကီးကုိုျပန္ျပီးမ်ွေ၀ေပးခ်င္ပါတယ္။

သူမရဲ႔ေရးသားခ်က္အရေတာ့…”ဘုရားသခင္က ကုိယ့္အတြက္ေသခ်ာေတာ့မယ့္လူတစ္ေယာက္လို အနားကုိတြန္းပို႔လိုက္၊ျပန္ဆြဲေခၚသြားလိုက္လုပ္ေနတာက  ကုိယ္တုိ႔ကုိ မတူညီတဲ႔သင္ခန္းစာေတြ၊အေၾကာင္းအရာေတြသင္ျပေပးဖုိ႔ပါပဲတဲ႔။ျပီးေတာ့ ကုိယ္တုိ႔ကုိ လြတ္လပ္ခြင့္ေပးလိုက္တယ္ေပါ့။တစ္ေယာက္နဲ႔တစ္ေယာက္ခ်စ္ပံုခ်စ္နည္း၊နားလည္ပံုနားလည္နည္းေတြမတူညီၾကတဲ႔အတြက္ ကုိယ္တု႔ိအနားမွာခ်စ္တဲ႔သူေတြမ်ားလာေလ ဘယ္သူကကုိယ္တို႔အတြက္ အေကာင္းဆံုးလဲ၊ဘယ္သူက ကုိယ္တို႔အေပၚနားလည္အေပးႏုိင္ဆံုးလဲဆုိတာ ရွာေတ႔ြလာပါလိမ့္မယ္။ဒီလို ကုိယ့္အနားမွာအဆံုးထိေသခ်ာရွိမေနၾကတဲ႔သူေတြကလည္း သူတို႔ရဲ ႔ခဏတာ တာ၀န္ကိုေက်ပြန္ၾကတာပါပဲ။ကုိယ္တုိ႔ဘ၀တစ္သက္တာလံုးအတြက္ လိုအပ္တ႔ဲသူကုိေတာ့ ဘုရားသခင္က ေသခ်ာေရြးခ်ယ္ေစခ်င္ခဲ႔တဲ႔ပံုပါ။

သံေယာဇဥ္ေတြပုိခဲ႔ၾကတဲ႔သူစိမ္းတစ္ရံေတြထဲမွာ ကုိယ္တုိ႔မေ၀းကြာခ်င္ခဲ႔တဲ႔သူ၊မျဖစ္ႏုိင္ေပမဲ႔ ကုိယ္တို႔ဘ၀ထဲဆြဲေခၚထားခ်င္ခဲ႔တဲ႔သူဆိုတာ ရွိခဲ႔ၾကမွာပါ။ဒါေပမဲ႔ ေ၀းကြာခဲ႔ၾကတယ္။ဒီလုိအေျခအေနမ်ိဳးမွာဆုိ ကုိယ္တို႔အသည္းကြဲၾကတယ္ဟုတ္! ဘုရားသခင္က ဒီလူေတြဆီကေန ကုိယ္တို႔ကုိ ဘယ္လုိစြန္႔လႊတ္တတ္ေအာင္၊ဘယ္လိုျပန္ျပီး ဒဏ္ရာကုိကုစားတတ္ေအာင္သင္ေပးခဲ႔တာပါပဲ။ေသခ်ာတာတစ္ခုကေတာ့ ဘုရားသခင္က ကုိယ္တုိ႔ဘ၀အတြက္ တကယ္သင့္ေတာ္လိုက္ဖက္တဲ႔သူကုိ ထပ္ျပီးတြန္းပို႔ေပးဦးမွာပါပဲ။ဒါေပမဲ႔ အဲ႔ဒါက ဘယ္ေတာ့လဲဆုိတာေတာ့ ကုိယ္တုိ႔ေတြမသိႏုိင္္ဘူးေပါ့။

ကုိယ္တို႔အတြက္ တစ္ဘ၀လံုးစာလက္တြဲရမယ့္တစ္စံုတစ္ေယာက္ ကုိယ္တုိ႔အနားကုိေရာက္လာတဲ႔အခါ အတိတ္ကုိတစ္ခ်က္ေလာက္ျပန္ၾကည့္ၾကည့္ပါ။အဲဒီေတာ့မွ ကုိယ္တို႔လက္ကုိထိေတြ႔ခဲ႔တဲ႔သူေတြနဲ႔ ကုိယ္တို႔ရဲ႔အသည္းႏွလံုးကုိ ထိခဲ႔တဲ႔သူ ဘယ္လိုကြာျခားမႈေတြရွိလဲဆုိတာ နားလည္လာပါလိမ့္မယ္တဲ႔”။ဒါေလးက သူမေရးသားထားခဲ႔တဲ႔စာေလးပါ။

သူမေရးသားထားခဲ႔သလိုပဲ အခု သင့္ရဲ႔အခ်စ္ေရးက ကံဆုိးေနတာျဖစ္ေစ၊ကံေကာင္းေနတာျဖစ္ေစ ဘယ္လိုုျဖစ္ျဖစ္ ေျပာင္းလဲမႈေတြက ပုိေကာင္းဖုိ႔ျဖစ္လာတာပါလို႔ စိတ္ထဲကေန အျမဲေတြးျပီးလက္ရွိအခ်ိန္အတြက္ အေကာင္းဆံုးဆုိတဲ႔အရာကုိလုပ္ဖုိ႔ ဘယ္ေတာ့မွမေမ့ပါန႔ဲ ❤

Unicode

တစ်ခါတစ်လေ ကိုယ်တို့တွေတွေးမိကြတယ်။ဒီလူနဲ့နောက်ဆုံး ဝေးကွာရမယ်ဆိုရင် ဘာလို့ဆုံတွေ့ခွင့်ပေးတာလဲပေါ့။ဒီလောက်လူတွေအများကြီးထဲကမှ ကိုယ်တို့တွေ သူစိမ်းတစ်ယောက်ကို သံယောဇဉ်တွေပိုခဲ့ကြတယ်၊စေတနာတွေပိုခဲ့ကြတယ်။ဒီလူနဲ့ ပိုုပြီးနီးစပ်လာတော့မယ်ဆိုပြီးပျော်ရွှင်နေတဲ့အချိန်မှာပဲ ကိုယ်တို့ ဝေးကွာသွားခဲ့ကြတယ်။သူစိမ်းတွေလို ပြန်ဖြစ်သွားကြတယ်။ဒီလိုနဲ့ပဲ အချိန်တွေကုန်ဆုံးလာလိုက် နောက်ထပ်သူစိမ်းတစ်ယောက်ကို အချစ်တွေပိုလိုက်နဲ့ပေါ့။

အရင်လူနဲ့ဝေးကွာခဲ့လို့ နောက်လူကို လက်လွှတ်မခံတော့ဘူးလို့ တွေးထားခဲ့ကြပေမဲ့ ထပ်ပြီးဝေးကွာခဲ့ပြန်တယ်။ဘာလို့များလဲ?ဒီလိုနဲ့ပဲ ကိုယ်တို့တွေ အချစ်ကိုကြောက်လာတယ်။အယုံအကြည်မရှိကြတော့ဘူး။ထပ်ချစ်လည်း ထပ်ပြီးဝေးကွာရဦးမှာပဲဆိုတဲ့အသိကြီးနဲ့ ထပ်ချစ်ဖို့လည်းမကြိုးစားကြတော့ဘူး။

ကိုယ်တို့တွေ အတိတ်ကိုပြန်ကြည့်လိုက်ရင် ကိုယ်တို့ချစ်ခဲ့ကြတဲ့သူက တစ်ယောက်နှစ်ယောက်မကနိုင်ဘူးပေါ့။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး Rania Naim ဆိုသူအမျိုးသမီးက “ဘုရားသခင်က ကိုယ့်အတွက်သေချာမယ့်လူတစ်ယောက်လို ကိုယ့်အနားကိုတွန်းပို့လိုက်၊ပြန်ဆွဲခေါ်သွားလိုက်နဲ့လုပ်နေရတဲ့တကယ့်အကြောင်းရင်းရှိတယ်”ဆိုတဲ့ခေါင်းစဉ်နဲ့ဆောင်းပါးလေးတစ်ခုရေးသားထားတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီထဲက တစ်ချို့အကြောင်းအရာလေးတွေကို Trend ပရိသတ်ကြီးကိုုပြန်ပြီးမျှဝေပေးချင်ပါတယ်။

သူမရဲ့ရေးသားချက်အရတော့…”ဘုရားသခင်က ကိုယ့်အတွက်သေချာတော့မယ့်လူတစ်ယောက်ကို အနားကိုတွန်းပို့လိုက်၊ပြန်ဆွဲခေါ်သွားလိုက်လုပ်နေတာက  ကိုယ်တို့ကို မတူညီတဲ့သင်ခန်းစာတွေ၊အကြောင်းအရာတွေသင်ပြပေးဖို့ပါပဲတဲ့။ပြီးတော့ ကိုယ်တို့ကို လွတ်လပ်ခွင့်ပေးလိုက်တယ်ပေါ့။တစ်ယောက်နဲ့တစ်ယောက်ချစ်ပုံချစ်နည်း၊နားလည်ပုံနားလည်နည်းတွေမတူညီကြတဲ့အတွက် ကိုယ်တို့အနားမှာချစ်တဲ့သူတွေများလာလေ ဘယ်သူကကိုယ်တို့အတွက် အကောင်းဆုံးလဲ၊ဘယ်သူက ကိုယ်တို့အပေါ်နားလည်အပေးနိုင်ဆုံးလဲဆိုတာ ရှာတွေ့လာပါလိမ့်မယ်။ဒီလို ကိုယ့်အနားမှာအဆုံးထိသေချာရှိမနေကြတဲ့သူတွေကလည်း သူတို့ရဲ ့ခဏတာ တာဝန်ကိုကျေပွန်ကြတာပါပဲ။ကိုယ်တို့ဘဝတစ်သက်တာလုံးအတွက် လိုအပ်တဲ့သူကိုတော့ ဘုရားသခင်က သေချာရွေးချယ်စေချင်ခဲ့တဲ့ပုံပါ။

သံယောဇဉ်တွေပိုခဲ့ကြတဲ့သူစိမ်းတစ်ရံတွေထဲမှာ ကိုယ်တို့မဝေးကွာချင်ခဲ့တဲ့သူ၊မဖြစ်နိုင်ပေမဲ့ ကိုယ်တို့ဘဝထဲဆွဲခေါ်ထားချင်ခဲ့တဲ့သူဆိုတာ ရှိခဲ့ကြမှာပါ။ဒါပေမဲ့ ဝေးကွာခဲ့ကြတယ်။ဒီလိုအခြေအနေမျိုးမှာဆို ကိုယ်တို့အသည်းကွဲကြတယ်ဟုတ်! ဘုရားသခင်က ဒီလူတွေဆီကနေ ကိုယ်တို့ကို ဘယ်လိုစွန့်လွှတ်တတ်အောင်၊ဘယ်လိုပြန်ပြီး ဒဏ်ရာကိုကုစားတတ်အောင်သင်ပေးခဲ့တာပါပဲ။သေချာတာတစ်ခုကတော့ ဘုရားသခင်က ကိုယ်တို့ဘဝအတွက် တကယ်သင့်တော်လိုက်ဖက်တဲ့သူကို ထပ်ပြီးတွန်းပို့ပေးဦးမှာပါပဲ။ဒါပေမဲ့ အဲ့ဒါက ဘယ်တော့လဲဆိုတာတော့ ကိုယ်တို့တွေမသိနိုင််ဘူးပေါ့။

ကိုယ်တို့အတွက် တစ်ဘဝလုံးစာလက်တွဲရမယ့်တစ်စုံတစ်ယောက် ကိုယ်တို့အနားကိုရောက်လာတဲ့အခါ အတိတ်ကိုလည်းအတူတူပြန်ကြည့်နိုင်ပြီးအဲဒီတော့မှ ကိုယ်တို့လက်ကိုထိတွေ့ခဲ့တဲ့သူတွေနဲ့ ကိုယ်တို့ရဲ့အသည်းနှလုံးကို ထိခဲ့တဲ့သူ ဘယ်လိုကွာခြားမှုတွေရှိလဲဆိုတာ နားလည်လာပါလိမ့်မယ်တဲ့”။ဒါလေးက သူမရေးသားထားခဲ့တဲ့စာလေးပါ။

သူမရေးသားထားခဲ့သလိုပဲ အခု သင့်ရဲ့အချစ်ရေးက ကံဆိုးနေတာဖြစ်စေ၊ကံကောင်းနေတာဖြစ်စေ ဘယ်လိုုဖြစ်ဖြစ် ပြောင်းလဲမှုတွေက ပိုကောင်းဖို့ဖြစ်လာတာပါလို့ စိတ်ထဲကနေ အမြဲတွေးပြီးလက်ရှိအချိန်အတွက် အကောင်းဆုံးဆိုတဲ့အရာကိုလုပ်ဖို့ ဘယ်တော့မှမမေ့ပါနဲ့

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.