သူတို့စုံတွဲအချစ်ရေးနဲ့ပတ်သက်ပြီးဝေဖန်မှုတွေခံနေရပေမဲ့ အပြုံးမပျက်တုံ့ပြန်ခဲ့တဲ့ Nick Jonas
Unicode
နာမည်ကျော်ဘောလိဝုဒ်မင်းသမီးချော Priyanka Chopra နဲ့အမေရိကန်အဆိုတော်ချောလေး Nick Jonas တို့ဟာ ချစ်သူတွေဖြစ်နေကြောင်း မကြာသေးခင်လပိုင်းက ကြေညာခဲ့ပါတယ်။တရားဝင်ချစ်သူတွေဖြစ်ကြောင်းကြေညာခဲ့တဲ့့အပြင် တစ်ယောက်မိသားစုနဲ့တစ်ယောက်မိတ်ဆက်ပြီးလို့ လက်ထပ်ဖို့အဆင့်ကိုတက်လှမ်းတော့မယ့်အကြောင်းလည်း အရိပ်အမြွက်သတင်းတွေထွက်ရှိနေတဲ့အချိန်ကာလပါ။နှစ်ယောက်လုံးက နာမည်ကျော်တွေဖြစ်တဲ့အတွက် သဘောတူတဲ့ပရိသတ်တွေရှိကြသလို တစ်ချို့ပရိသတ်တွေကလည်းသဘောမတူကြပါဘူး။
သူတို့စုံတွဲကိုချစ်တဲ့ပရိသတ်တွေက သူတို့ပုံလေးတွေရှယ်ပြီးချစ်ကြောင်း၊လိုက်ဖက်ကြောင်းပြောကြသလို မုန်းကြတဲ့သူတွေကလည်းပုံတွေအောက်မှာရိုင်းရိုင်းစိုင်းစိုင်းကောမန့်တွေပေးခဲ့ကြပုံပါ။အနုပညာရှင်တွေဖြစ်တဲ့အတွက် ဝေဖန်တဲ့ပရိသတ်တွေကတော့ အနည်းနဲ့အများဆိုသလိုရှိကြတာပါပဲ။ဒါပေမဲ့ဒီလိုမျိုး သူတို့စုံတွဲရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီးရိုင်းစိုင်းတဲ့ကောမန့်တွေ၊ရိုင်းစိုင်းတဲ့စကားတွေကိုကြားရပါများလာတော့ အနုပညာရှင်ဆိုပေမဲ့ အသက် ၂၅နှစ်အရွယ်လူငယ်တစ်ယောက်ဖြစ်တဲ့ Nick Jonas က ဒီကောမန့်တွေနဲ့ပတ်သက်ပြီးသူ့ရဲ့ခံစားချက်တစ်ချို့ကို အင်စတာဂရမ်မှာတင်ခဲ့ပါတော့တယ်။
Haters တွေဆိုတာက ကိုယ်ဘာပဲလုပ်လုပ် အမြဲမကောင်းမြင်နေကြတာပါ။အဲ့ဒီလို Hater တွေအတွက် Nickjonas က “Blocking the haters out like…”ဆိုတဲ့Caption လေးနဲ့ သူ့့ရဲ ့ချစ်သူ ဘောလိဝုဒ်မင်းသမီးချောလေးပုံကို တင်ခဲ့ပါတယ်။ပုံထဲမှာမင်းသမီးချောနဲ့အတူ Nick ရဲ ့အစ်ကို Joe ရဲ ့ချစ်သူမင်းသမီးချော Sophie Turner တို့လည်း ပါဝင်နေပါတယ်။အစ်ကိုဖြစ်သူ Joe က ရိုက်ကူးပေးထားတာပဲဖြစ်ပါတယ်။Nick က ဒီပုံလေးကို အင်စတာဂရမ်စတိုရီမှာတင်ခဲ့တာဖြစ်ပြီး သူမထက်အသက် ၁ဝနှစ်ငယ်တဲ့ကောင်လေးနဲ့တွဲနေတယ်ဆိုပြီး သူ့ရဲ ့ချစ်သူကောင်မလေးကို အပုပ်ချမကောင်းပြောနေတဲ့သူတွေကို ရိုးရိုးရှင်းရှင်းလေးတုံ့ပြန့်ချေပခဲ့တာပဲဖြစ်ပါတယ်။
ဒီပုံလေးက Priyanka ရဲ ့ အသက် ၃၆နှစ်ပြည့်မွေးနေ့ကိုကျင်းပဖို့ လန်ဒန်မြို့က စားသောက်ဆိုင်တစ်ဆိုင်ကိုအုပ်စုလိုက်သွားရောက်ခဲ့ကြတဲ့ပုံလေးပါ။Double date လေးလုပ်ခဲ့ကြပါတယ်ပေါ့။
ဘယ်လောက်ပဲ Haterတွေများများ သူတို့စုံတွဲကတော့ သာသာယာယာပါပဲနော်။အသက် ၁ဝနှစ်လောက်ကွာပေမဲ့လည်း အချစ်စစ်ဆိုတာ အသက်အရွယ်ပေါ်မှာမူတည်မနေဘူးဆိုတာ ပြသလိုက်တဲ့ စုံတွဲလေး   ပြီးတော့ အသက် ၁ဝနှစ်လောက်ငယ်ရွယ်တဲ့ချစ်သူကိုရွေးချယ်ခဲ့လို့ ဝေဖန်မှုတွေရှိနေပေမဲ့Priyanka ကတော့ သူမရဲ ့ချစ်သူတစ်မျက်နှာပဲကြည့်နေခဲ့ပါတယ်။သူတို့စုံတွဲပုံလေးတွေကို ကြည့်လိုက်ပါဦး။ဘယ်လိုတောင်ပျော်ရွှင်နေကြတာလဲဆိုတာ
2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.