နှစ်ရှည်ကာလကြာတွဲလာပေမယ့် စိတ်တွေဝေးကွာနေကြတဲ့အဖြစ်မျိုး ကြုံနေရပြီလား

လက်ရှိတွဲလည်း တွဲနေတယ်။ ချစ်လားမေးရင် ချစ်တယ် ဆိုပေမယ့် အခြားတစ်ယောက်အပေါ် ကောက်ကာငင်ကာ စိတ်ယိုင်သွားတာမျိုး တွေ့ဖူး မြင်ဖူး၊ ကြုံဖူးပါတယ်။ ဖောက်ပြန်တဲ့အကြောင်းတွေကို ခဏထားပါ။

လူတွေရဲ့ ပေါင်းစပ် ဆုံစည်းမှုဟာ အချိန်အကန့်သတ်ရှိပါတယ်။ လူ့စိတ်ဆိုတာ တစ်သတ်မတ်တည်း သွားနေမယ်လို့ ဘယ်သူပြောလဲ ? မနက်ဖြန် ဘာဖြစ်မလဲ ဘာမှ ကြိုမသိနိုင်ပါဘူး။ တွေ့ဆုံ ကြုံကွဲဆိုတဲ့ စကားက တမင် ပြောထားတာမှမဟုတ်တာ။ တွေ့ဆုံရမယ့် ရေစက်ပါလို့တွေ့ကြတယ်။ ခွဲရမယ့်အချိန်တန်လာရင်လည်း ခွဲရမှာပါပဲ။

အဓိက ပြောချင်တာက အခုမှစမှာပါ။ အချိန်တွေ အကြာကြီးတွဲလာကြပြီးမှ ဘာလို့ပြတ်ရတာလဲ။
ပြတ်ရတဲ့အကြောင်းရင်းတွေက အမျိုးမျိုးဖြစ်နိုင်ပါတယ်။ တစ်ချို့ ဆို အချိန်ခဏလေးနဲ့တွေ့ပြီး တကယ်ချစ်လို့ လက်ထပ်လိုက်ကြတယ်။ အိမ်ထောင်ကျပြီးတော့လည်း သူတို့ရဲ့ဘဝခရီးက ချောမွေ့နေတာတွေ့ရတယ်။ တစ်ချို့ လည်း ချစ်လို့ လက်ထပ်လိုက်တယ်။ အဆင်မပြေဘူး။ ညှိမရတော့ နှစ်ယောက်ကြား တိုက်ခိုက်မှုတွေများလာပြီး မတတ်နိုင်တဲ့အဆုံး လမ်းခွဲလိုက်ကြတယ်။

Luxe Pauvre

တစ်ယောက် အကြောင်း တစ်ယောက်သိဖို့ဆိုတာ အချိန်အတိုင်းတာတစ်ခုလည်း လိုအပ်ပေမယ့်
ခုနပြောတဲ့ ရေစက်ဆိုတာလည်း ရှိပါသေးတယ်။ တွဲနေကြတာ ဟုတ်ပါပြီ။ တစ်ယောက်အပေါ် တစ်ယောက် အပြည့်ဝ နားလည်မှု ဘယ်လောက်ပေးနိုင်လဲ ? သူ့ရဲ့dark side ကို မင်းလက်ခံနိုင်ပြီ
လား။ မင်းရဲ့အချစ်တွေကကော သူ့အတွက် စိတ်ချမ်းသာမှု ပေးနိုင်ရဲ့လား ?

ချစ်ပုံချစ်နည်း မှားယွင်းနေရင် Relationship တစ်ခုက ကြာရှည်မခံဘူးနော်။ မင်းရဲ့အချစ်တွေက သူ့အတွက် မွန်းကြပ်နေလို့မဖြစ်ဘူး။ အရာရာ ချစ်လို့၊ စိတ်မချလို့ဆိုပြီး လိုက်ပိတ်ပင် ၊ တားဆီးနေ
တာဟာ အစမှာတော့ ကြည်နူးစရာလို့ထင်ပေမယ့် အချိန်ကြာလာတဲ့အခါ ဒါတွေက အပြစ်ဖြစ်လာ
စေတယ်။ သူ့အပေါ် ကိုယ့်ရဲ့ဆက်ဆံပုံတွေကလည်း အများကြီး အရေးပါတယ်။ သူ့ကို ဘာရယ်မဟုတ်ပဲ နှိမ်သလို၊ မသိရကောင်းလားဆိုပြီး လူရှေ့သူရှေ့ အော်ပြောတာမျိုးတွေက မင်းတို့နှစ်ယောက်ကို ပိုဝေးကွာစေပါတယ်။ အပြန်လှန်လေးစားမှုဆိုတာလည်း ထားသင့်တယ်လေ။မွန်းကြပ်လို့ မင်းကို ဘာမှမပြောပဲသာ နေလိမ့်မယ်။ တစ်နေ့မှာ သူမင်းဆီက ရုန်းထွက်သွားလိမ့်မယ်။ ဒါတွေဟာ ကိုယ်ချစ်ပုံချစ်နည်းမှားခဲ့လို့ဆိုတာ နားလည်ရမယ်။ တွဲတာ အချိန်သာကြာလာပေမယ့် တစ်ယောက်နဲ့တစ်ယောက် စိတ်တွေဝေးကွာနေတာမျိုးလည်း ဖြစ်နိုင်တယ်။

ပြီးတော့ လူတွေက ” တူရာ တူရာ ” စုတတ်ပါတယ်။ အကျင့်စရိုက်ချင်း လုံးဝကွာဟနေတဲ့ လူနှစ်ယောက်က ပေါင်းစည်းနိုင်ဖို့ ရာခိုင်နှုန်းမသေချာပါဘူး။

” ငါဒီလောက်ချစ်ပေးခဲ့တာ သူဘာလို့ မမြင်တာလဲ” လို့ တွေးမိပါလိမ့်မယ်။ သူ့အနေနဲ့ မင်းအချစ်ကိုအသိမှတ်မပြုတာမဟုတ်ပါဘူး။ ပြုပါတယ်။ ဖြစ်နေတာ သူ့စိတ်ပါ။ အရာရာ ကိုယ့်စိတ်နဲ့ လိုက်နှိုင်းလို့မရပါဘူး။ သူက မင်းမှမဟုတ်ဘဲ.. မင်းတွေးသလို၊ မင်းထင်သလို ၊ မင်းပေးဆပ်ခဲ့တာတွေက သူ့စိတ်ထဲမှာ အရာထင်ချင်မှ ထင်လိမ့်မယ်။

Hufflepuff Pukwudgie

အချိန်မရွေးလေ… ကိုယ်မထင်မှတ်ထားတာတွေ၊ မမျှော်လင့်ထားတာတွေ ကြုံလာနိုင်ပါတယ်။ ကိုယ့်စိတ်ကိုယ်သာ ကြံခိုင်အောင် ပျိုးထောင်ပေးထားပါ။ မင်းရဲ့စိတ်ချမ်းသာမှုက သူ့အပေါ်မှာပဲ မှီခိုနေလို့မဖြစ်ဘူးနော်။ စစ်မှန်တဲ့ စိတ်ချမ်းသာမှုကိုလိုချင်ရင် မေတ္တာပဲပေးပါ။ ဘာမှမမျှော်လင့်နဲ့ ။ အချစ်က ပူလောင်တယ်။ ရှုပ်ထွေးတယ်။ နက်ရှိုင်းတယ်။ အဖြေထုတ်ရ ခက်တယ်။ ဘယ်သူမှ ကိုင်တွယ် မဖြေရှင်းနိုင်တဲ့ ပုစ္ဆာတစ်ပုဒ်။ မီးဆိုတာ ပူမှန်းသိလို့ မကိုင်နဲ့ပြောရင် လင်းနေတာ ဘာလေးလဲဆိုပြီး သွားကိုင်ချင်သူတွေချည်းပါပဲ။ ပူမှန်းသွားရင် ကိုယ့်ဘဝကို ဒီသောကတွေကြားလှောင်ပိတ်မထားပါနဲ့။ မင်းအတွက်ဖြစ်နိုင်ချေတွေက အနာဂတ်မှာ စောင့်နေတယ်။ အသည်းကွဲတယ်ဆိုတာ ခဏပါ..

671 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.