ဟန္ဒီ သည်းထိတ်ရင်ဖို အက်ရှင်ကား Dhoom 3 ဟာ ဒီဇင်ဘာလ၊ (၂၀)ရက်နေ့မှာ ထွက်ရှိလာပါလိမ့်မယ်။ Vijay Krishna Acharya ရေးသား၊ ရိုက်ကူးထားပြီး ထုတ်လုပ်သူကတော့ Aditya Chopra ပဲဖြစ်ပါတယ်။ ၃ကားမြောက် Dhoom ဇာတ်လမ်းတွဲလဲ ဖြစ်ပါတယ်။ Aamir Khan, Abhishek Bachchan, Uday Chopra, Katrina Kaif တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ၁၇၂မိနစ်စာ ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားပါ။
ဖခင်ဖြစ်သူရဲ့ ဆပ်ကပ် ပြသမားအဖြစ် လေ့ကျင့်ပေးမှုကို ခံယူခဲ့ရပြီး အရွယ်ရောက်လာတော့ တကယ်လှုပ်ရှားဖြစ်တာက ဓားပြတိုက်တာပဲဖြစ်ပါတယ်။ ဖခင်ဖြစ်သူ အသတ်ခံရမှုမှာ ပါဝင်ပတ်သတ်တယ်လို့ ယုံထားတဲ့ ရှိုးပိုင်ရှင်ကို ဓားပြတိုက်ဖို့ လှုပ်ရှားခဲ့ပါတော့တယ်။ Aamirဟာ ဆပ်ကပ်အဖွဲ့မှာ ဂျိုကာတစ်ယောက် အနေနဲ့ အလုပ်လုပ်ပြီး ရုပ်ဖျက်နေတဲ့ ဉာဏ်ကြီးရှင် သူခိုးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။
Ref:Wikipedia,IMDb
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။