ချစ်မိမယ်မကြံလေနဲ့မရဘူးချစ်မယ်ဆိုရင်တော့မျက်ရည်အကျခံနိုင်ရမယ် 😌😌😌


Unicode

အချစ်ဆိုတာနဲ့ကို ချစ်ပဲချစ်ရမယ်ထင်လို့ကတော့အကြီးကြီးလွဲလေပြီပေါ့နော်…လူတစ်ယောက်ဟာ တစ်စုံတစ်ယောက်ကို မချစ်မိသေးတဲ့အချိန်ဟာသူ့ဘဝရဲ့ အေးချမ်းတဲ့အချိန်တွေလို့ဆိုရမလားပဲ 😛 ဒါဆိုရင်ချစ်တာနဲ့စိတ်ဆင်းရဲတာလည်း တစ်ယောက်တစ်ယောက်ကိုချစ်မိရင် အမြဲငိုနေရမှာလား၊ ဆိုတော့လည်းဒီလိုတော့မဟုတ်လေပါဘူး။ ပြောချင်တာကလူတိုင်းဟာ တစ်စုံတစ်ယောက်ကို နှစ်နှစ်ကာကာချစ်မိသွားကြတဲ့အခါ မျက်ရည်တော့အနည်းနဲ့များပေးဆပ်တတ်ရပါတယ်။ တစ်ခါတစ်ရံကိုယ့်ကြောင့်ကျတဲ့သူ့မျက်ရည်တွေကိုလည်းသင်ခံစားဖူးမှာပါ၊ သေချာပါပြီဒါဆိုသင်တို့နှစ်ယောက်အပြန်လှန်ကို သိပ်ချစ်မိနေကြပါပြီ။ ငိုရတယ်မျက်ရည်ကျရတယ်ဆိုတာမှာ ကိုယ့်ချစ်သူကကိုယ့်အပေါ်မကောင်းဆို့ ဆိုးလို့ ကိုယ်စိတ်မချမ်းသာစရာတွေကြီးလုပ်လို့ ဆိုတာတွေနဲ့ပဲမျက်ရည်ဆိုတာကျတာမဟုတ်ပါဘူး။ လူတစ်ယောက်ကိုချစ်မိသွားတဲ့အခါ အဲ့လူကကိုယ့်အပေါ်ဘယ်လောက်ပြည့်စုံအောင်ထားထား သူ့ကြောင့်ဘယ်လောက်ကိုပျော်နေရလို့မျက်ရည်မကျဘူး ဆိုပါစေ၊သူနဲ့ပတ်သတ်ပြီး ကျန်းမာရေးစိတ်ပူတာမျိုး၊ သူ့တစ်ရာရာသွားဖုန်းကိုင်မအားလို့ စိတ်ပူပန်ပြီးမျက်ရည်ကျရတာမျိုး၊သူ့ကိုဆုံးရှုံးရမှာကြောက်တဲ့စိတ် ကိုယ်နားကနေထွက်သွားမှာကြောက်တတ်စိတ်တွေကြောင့်ကျတဲ့မျက်ရည်ကတစ်မျိုး ဒီလိုနှိပ်စက်မှငိုရတာမျိုးမဟုတ်ပဲ အချစ်ဆိုတာကြီးကြောင့် မျက်ရည်တွေ ဟာကျဆင်းလာရတတ်တာပါပဲ။ ဒါကြောင့်တစ်ယောက်ယောက်ကိုချစ်ဖို့ ဝန်မလေးဖူးဆိုရင် မျက်ရည် ကျဖို့လည်း လည်းမကြောက်ပါနဲ့။ ချစ်တာနဲ့ စိတ်ပင်ပန်းမှုတွေဟာအနည်းနဲ့အများတော့ကပ်ပါနေပြီးသားမလို့ မချစ်ပဲနေနိုင်ရင်နေပါ၊ မရဘူးချစ်မယ်ဆိုရင်တော့ နာကျင်မှုကိုလည်းချစ်ရင်းပြုံးပြုံးကြီးခံနိုင်ပါစေ….

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.