ဆံႏြယ္ေကာက္သားလွလွေလးေတြရဖုိ႔ ဆံပင္ေကာက္စက္မလိုဘူးဆုိရင္ေရာ…😎

သဘာ၀အတိုင္းဆံသားေျဖာင့္တဲ႔သူက ဆံသားေကာက္ခ်င္တယ္၊ဆံသားေကာက္တဲ႔သူက်ျပန္ေတာ့လည္း ဆံပင္ေျဖာင့္ခ်င္တယ္။ဒါက သဘာ၀ပါပဲ။ကုိယ္လုိခ်င္သလို အေကာက္၊အေျဖာင့္ရဖုိ႔ ဆံပင္ေျဖာင့္စက္တုိ႔၊ဆံပင္ေကာက္စက္တု႔ိအကူအညီေတြကလည္းလိုေသး။ႏူးညံ႔တ႔ဲဆံပင္သားေတြက စက္ပစၥည္းအကူအညီယူရတဲ႔အခါ ၂လေနမွပ်က္စီးၾကမ္းတမ္းမယ့္ဆံပင္က တစ္လတည္းနဲ႔ပ်က္စီးတာေတြျဖစ္လာတတ္ပါတယ္။အခု Trend ပရိသတ္ပ်ိဳေမတို႔အတြက္ ဆံပင္ေကာက္စက္မလိုပဲ ဆံပင္ေကာက္သားလွလွေလးေတြရႏုိင္တဲ႔နည္းလမ္းေလးေတြကုိ ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။

၁)ဆံပင္အေခြအလိပ္ပါးပါးေလး
ဆံပင္အေခြအလိပ္ပါးပါးေလးလုိခ်င္တယ္ဆုိရင္ လြယ္လြယ္ေလးပါေနာ္။ေခါင္းေလ်ွာ္ျပီး ေရမေျခာက္တေျခာက္ဆံပင္ေတြကုိ အရင္ဆံုးႏွစ္ဖက္ခြဲထားလိုက္ျပီး တစ္ဖက္စီကုိ အလိမ္ေလးေတြလုပ္ပါ။
ပံုထဲကလိုေပါ့။ျပီးရင္ အဲ႔ဒီလိမ္ထားတဲ႔ဆံပင္ႏွစ္ခုကုိ ဆံပင္စည္းၾကိဳးေလးနဲ႔ခ်ည္ထားလိုက္ရံုပါပဲ။ဆံပင္ေတြေသခ်ာေျခာက္သြားတဲ႔အခ်ိန္ထိ ေစာင့္ျပီးရင္ဆံပင္စည္းၾကိဳးကုိေျဖလိုက္ပါ။ဒါဆိုရင္ေတာ့ ဆံႏြယ္အေခြအလိပ္ေလးရျပီေပါ့။

၂)ဆံပင္အေခြအလိပ္မ်ားမ်ား


ဒါကေတာ့ ပထမနည္းလမး္ထက္ ဆံပင္ေကာက္သားပုိေပၚခ်င္တယ္၊အေခြအလိပ္မ်ားခ်င္တယ္ဆုိသူေတြအတြက္ပါ။Hair band ေလးရွိဖုိ႔ေတာ့ လိုတယ္ေနာ္။ပထမဆံုးေခါင္းျဖီး၊ျပီးရင္ ဆံပင္ကုိ ေရေလးနည္းနည္းျဖန္းလိုက္ပါ။Hair band ကုိေခါင္းမွာစြပ္လိုက္ျပီး ဆံပင္အေခြအလိပ္လိုခ်င္တဲ႔အခ်ိန္အဆတုိင္းဆံပင္ေလးေတြကုိစုလိန္ျပီး Hair Band ထဲမွာ လိမ္ျပီးထည့္ပါ။ပံုထဲမွာျပထားသလို ဆံပင္အစုေလးေတြကုိ လိမ္ျပီး Band ထဲအားလံုးထည့္ျပီးသြားျပီဆုိရင္ နာရီအနည္းငယ္ေလာက္ေစာင့္ပါ။ဒါမွမဟုတ္ ညအိပ္ခါနီးလုပ္ျပီးတစ္ညလံုးထားေပါ့။မနက္ႏုိးလို႔ေျဖခ်လိုက္ရင္ သင္လိုခ်င္တဲ႔ဆံပင္အေခြအလိပ္ခပ္ၾကီးၾကီးေတြရျပီေနာ္။

၃)တကယ့္အစစ္ဆံပင္ေကာက္ထားသလို ေကာက္သားမ်ားမ်ားေလး
ဒီနည္းလမ္းေလးကေတာ့ ဆံပင္ေကာက္စက္နဲ႔သြားေကာက္ထားသလားထင္ရျပီး အရမ္းလွေစတဲ႔နည္းလမ္းေလးေပါ့။ဆံပင္ေတြကုိသင္လိုခ်င္တဲ႔ခြဲေၾကာင္းအတုိင္းထားျပီးရင္ ပံုထဲမွာျပထားသလို ဆံပင္အစုေလးေတြလိန္ထားျပီး ေခါင္းစည္းကြင္းေလးေတြ၊ကလစ္ေလးေတြနဲ႔ ဆံထုံးေလးလုိထံုးပါ။အရမ္းၾကီးမတင္းက်ပ္ေစဖုိ႔လည္းသတိထားပါ။

ဆံပင္အေခြေလးေတြလိန္ျပီး အထံုးေလးေတြျဖစ္ေအာင္ထံုးျပီးရင္ ၂နာရီ ၃နာရီေလာက္ၾကာေအာင္ထားပါ။အခ်ိန္ၾကာေလ ပုိျပီးေကာက္သားေကာင္းေလပါပဲ။အားလံုးျပီးလို႔ ေခါင္းစည္းကြင္းေလးေတြ၊ကလစ္ေလးေတြဖယ္ျပီးေျဖခ်လိုက္တဲ႔အခါ လွပတဲ႔ဆံပင္ေကာက္သာေလးေတြျဖစ္ေနတာကုိ သင္ျမင္ေတြ႔ရမွာပါ။

ဒီနည္းေလးေတြကုိသံုးျပီး မတူညီတဲ႔ဆံပင္ပံုစံေလးေတြနဲ႔ အျမဲလန္းႏုိင္ၾကပါေစေနာ္ ❤

Unicode

သဘာဝအတိုင်းဆံသားဖြောင့်တဲ့သူက ဆံသားကောက်ချင်တယ်၊ဆံသားကောက်တဲ့သူကျပြန်တော့လည်း ဆံပင်ဖြောင့်ချင်တယ်။ဒါက သဘာဝပါပဲ။ကိုယ်လိုချင်သလို အကောက်၊အဖြောင့်ရဖို့ ဆံပင်ဖြောင့်စက်တို့၊ဆံပင်ကောက်စက်တို့အကူအညီတွေကလည်းလိုသေး။နူးညံ့တဲ့ဆံပင်သားတွေက စက်ပစ္စည်းအကူအညီယူရတဲ့အခါ ၂လနေမှပျက်စီးကြမ်းတမ်းမယ့်ဆံပင်က တစ်လတည်းနဲ့ပျက်စီးတာတွေဖြစ်လာတတ်ပါတယ်။အခု Trend ပရိသတ်ပျိုမေတို့အတွက် ဆံပင်ကောက်စက်မလိုပဲ ဆံပင်ကောက်သားလှလှလေးတွေရနိုင်တဲ့နည်းလမ်းလေးတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

၁)ဆံပင်အခွေအလိပ်ပါးပါးလေး
ဆံပင်အခွေအလိပ်ပါးပါးလေးလိုချင်တယ်ဆိုရင် လွယ်လွယ်လေးပါနော်။ခေါင်းလျှော်ပြီး ရေမခြောက်တခြောက်ဆံပင်တွေကို အရင်ဆုံးနှစ်ဖက်ခွဲထားလိုက်ပြီး တစ်ဖက်စီကို အလိမ်လေးတွေလုပ်ပါ။
ပုံထဲကလိုပေါ့။ပြီးရင် အဲ့ဒီလိမ်ထားတဲ့ဆံပင်နှစ်ခုကို ဆံပင်စည်းကြိုးလေးနဲ့ချည်ထားလိုက်ရုံပါပဲ။ဆံပင်တွေသေချာခြောက်သွားတဲ့အချိန်ထိ စောင့်ပြီးရင်ဆံပင်စည်းကြိုးကိုဖြေလိုက်ပါ။ဒါဆိုရင်တော့ ဆံနွယ်အခွေအလိပ်လေးရပြီပေါ့။

၂)ဆံပင်အခွေအလိပ်များများ

ဒါကတော့ ပထမနည်းလမး်ထက် ဆံပင်ကောက်သားပိုပေါ်ချင်တယ်၊အခွေအလိပ်များချင်တယ်ဆိုသူတွေအတွက်ပါ။Hair band လေးရှိဖို့တော့ လိုတယ်နော်။ပထမဆုံးခေါင်းဖြီး၊ပြီးရင် ဆံပင်ကို ရေလေးနည်းနည်းဖြန်းလိုက်ပါ။Hair band ကိုခေါင်းမှာစွပ်လိုက်ပြီး ဆံပင်အခွေအလိပ်လိုချင်တဲ့အချိန်အဆတိုင်းဆံပင်လေးတွေကိုစုလိန်ပြီး Hair Band ထဲမှာ လိမ်ပြီးထည့်ပါ။ပုံထဲမှာပြထားသလို ဆံပင်အစုလေးတွေကို လိမ်ပြီး Band ထဲအားလုံးထည့်ပြီးသွားပြီဆိုရင် နာရီအနည်းငယ်လောက်စောင့်ပါ။ဒါမှမဟုတ် ညအိပ်ခါနီးလုပ်ပြီးတစ်ညလုံးထားပေါ့။မနက်နိုးလို့ဖြေချလိုက်ရင် သင်လိုချင်တဲ့ဆံပင်အခွေအလိပ်ခပ်ကြီးကြီးတွေရပြီနော်။

၃)တကယ့်အစစ်ဆံပင်ကောက်ထားသလို ကောက်သားများများလေး
ဒီနည်းလမ်းလေးကတော့ ဆံပင်ကောက်စက်နဲ့သွားကောက်ထားသလားထင်ရပြီး အရမ်းလှစေတဲ့နည်းလမ်းလေးပေါ့။ဆံပင်တွေကိုသင်လိုချင်တဲ့ခွဲကြောင်းအတိုင်းထားပြီးရင် ပုံထဲမှာပြထားသလို ဆံပင်အစုလေးတွေလိန်ထားပြီး ခေါင်းစည်းကွင်းလေးတွေ၊ကလစ်လေးတွေနဲ့ ဆံထုံးလေးလိုထုံးပါ။အရမ်းကြီးမတင်းကျပ်စေဖို့လည်းသတိထားပါ။ဆံပင်အခွေလေးတွေလိန်ပြီး အထုံးလေးတွေဖြစ်အောင်ထုံးပြီးရင် ၂နာရီ ၃နာရီလောက်ကြာအောင်ထားပါ။အချိန်ကြာလေ ပိုပြီးကောက်သားကောင်းလေပါပဲ။အားလုံးပြီးလို့ ခေါင်းစည်းကွင်းလေးတွေ၊ကလစ်လေးတွေဖယ်ပြီးဖြေချလိုက်တဲ့အခါ လှပတဲ့ဆံပင်ကောက်သာလေးတွေဖြစ်နေတာကို သင်မြင်တွေ့ရမှာပါ။

ဒီနည်းလေးတွေကိုသုံးပြီး မတူညီတဲ့ဆံပင်ပုံစံလေးတွေနဲ့ အမြဲလန်းနိုင်ကြပါစေနော် ❤

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.