Relationship ထဲမွာ သင့္ကုိယ္သင္ ေပ်ာက္ဆံုးသြားတာမ်ိဳးမျဖစ္ရေအာင္ 🌸

Single ေတြ RS ဘ၀ကုိ မကူးေျပာင္းေသးတာကလည္း Relationship ထဲမွာသူတုိ႔ကုိယ္သူတို႔ေပ်ာက္ဆံုးသြားမွာ၊သူတို႔ရဲ ႔ကုိယ္ပုိင္ဘ၀ေလးေပ်ာက္ဆံုးသြားမွာကုိေၾကာက္ေနလု႔ိပါ။Single ေတြမွမဟုတ္ပါဘူး။RS ေတြထဲမွာလည္း ခ်စ္သူနဲ႔လက္တြဲရလို႔ ေပ်ာ္ရႊင္ေပမဲ႔ ကုိယ့္ရဲ ႔ကုိယ္ပုိင္လြတ္လပ္ခြင့္ေလးေပ်ာက္ဆံုးသြားမွာကုိ ေၾကာက္တဲ႔သူေတြရွိပါတယ္။

ကုိယ့္ဘ၀ထဲကုိတစ္ျခားတစ္ေယာက္၀င္လာတဲ႔အခါ ဘ၀က ပုိျပီးေပ်ာ္ရႊင္စရာေကာင္းလာတာ
မွန္ေပမဲ႔ Relationship ထဲမွာနစ္ေျမာသြားတဲ႔အခါ ကုိယ္ပုိင္ဆံုးျဖတ္ခ်က္ဆုိတာေ၀ေ၀၀ါး၀ါးသာပဲရွိလာပါလိမ့္မယ္။အစပုိင္းေတာ့ သူ႔ဆံုးျဖတ္ခ်က္အတိုင္း၊ကုိယ့္ဆံုးျဖတ္ခ်က္အတုိင္းလုိက္လုပ္ၾကတာ ေပ်ာ္ရႊင္ပါလိမ့္မယ္။ဒါေပမဲ႔ အခ်ိန္ေတြၾကာလာတဲ႔အခါ အဲ႔ဒီခံစားခ်က္က ကုိယ့္ကုိယ့္ကုိယ္ဒီ RS ထဲမွာပိတ္မိေနသလိုခံစားလာရျပီး လြတ္ေျမာက္ဖုိ႔ၾကိဳးစားတဲ႔အထိျဖစ္လာပါလိမ့္မယ္။အဲ႔ဒီလုိေတြျဖစ္လာတဲ႔အခါ တစ္ေယာက္နဲ႔တစ္ေယာက္ခ်စ္ရဲ႕သားနဲ႔မလိုလားအပ္တဲ႔ျပႆနာေတြၾကံဳလာႏုိင္ပါတယ္။အဲ့ဒါေၾကာင့္ အဲ႔ဒီလုိအဆံုးသတ္မ်ိဳးမၾကံဳရေအာင္ Relationship ဘ၀မွာပဲ ကုိယ့္ကုိယ့္ကုိယ္ေပ်ာက္ဆံုးမသြားေစမယ့္ နည္းလမ္းေလးေတြကုိမ်ွေ၀ေပးသြားပါမယ္။ဒါက ေယာက်္ားေလးေရာ၊မိန္းကေလးေရာ ႏွစ္ေယာက္လံုးအတြက္ပါပဲေနာ္

*ကုိယ္စီအခိ်န္ျဖဳန္းတဲ႔အခ်ိန္ရွိပါေစ
အျမဲတမ္းႏွစ္ေယာက္တတြဲတြဲလုပ္မေနပဲ အရင္ Single ဘ၀တုန္းကလုိ သူငယ္ခ်င္းေတြနဲ႔ေလွ်ာက္သြားတာမ်ိဳး၊တစ္ေယာက္တည္းသြားလာတာမ်ိဳး၊အားလပ္ခ်ိန္ေတြကုိ ကုိယ္လုပ္ခ်င္တဲ႔အရာေလးေတြလုပ္ရင္းအခ်ိန္ကုန္ဆံုးတာမ်ိဳးရွိပါေစ။ဒါက ရည္းစားရသြားလို႔သူငယ္ခ်င္းေတြကုိပစ္ထားတယ္ဆုိတာမ်ိဳးမျဖစ္ေစသလို ခ်စ္ရတဲ႔သူငယ္ခ်င္းေတြနဲ႔ အေနေ၀းသြားတာမ်ိဳးလည္းမျဖစ္ေစေတာ့ပါဘူး။Relationship ေၾကာင့္ Friendship ကုိဆံုးရွံဳးရတာမ်ိဳးမျဖစ္ပါေစနဲ႔။

*တစ္ေယာက္နဲ႔တစ္ေယာက္ ေျပာင္းလဲဖုိ႔မၾကိဳးစားပါနဲ႔
သင့္မွာသူမၾကိဳက္တဲ႔အခ်က္ေတြရွိႏုိင္သလို ၊သူ႔မွာလည္းသင္မၾကိဳက္တဲ႔အခ်က္ေတြရွိမွာပါပဲ။ခ်စ္သူေတြျဖစ္ျပီးသြားရင္ ငါျပဳျပင္မယ္ဆုိတဲ႔စိတ္နဲ႔ေတြးျပီးခ်စ္သူအျဖစ္လက္ခံခဲ႔တာဆုိရင္ေတာ့ သင္တို႔ရဲ႔အခ်စ္ေရးက ေရရွည္အဆင္မေျပႏုိင္ပါဘူး။အဲ႔ဒီလုိမဟုတ္ပဲ နဂိုကတည္းက သူ႔ပံုစံ၊ကုိယ့္ပံုစံသိျပီးသားကုိသေဘာက်ျပီးခ်စ္သူေတြျဖစ္ခဲ႔တာဆိုရင္ ခ်စ္သူဘ၀မွာ တစ္ေယာက္ကုိတစ္ေယာက္ေျပာင္းလဲဖုိ႔၊ထိန္းခ်ဳပ္ဖုိ႔မၾကိဳးစားပါနဲ႔။ကုိယ့္ခ်စ္သူကုိခ်စ္တဲ႔စိတ္နဲ႔သာ သူမၾကိဳက္တာေလးေတြကုိ ေလ်ွာ့လုပ္ေပါ့။သင့္ခ်စ္သူစိတ္ေက်နပ္ေပ်ာ္ရႊင္ဖုိ႔ သင့္ဘက္က စြန္႔လႊတ္လိုက္ရတာေတြမ်ားေနတယ္ဆုိရင္ ဒါကေရရွည္မွာအဆင္မေျပပါဘူး။သင္တုိ႔ရဲ ႔အခ်စ္ေရးကုိ သာယာေပ်ာ္ရႊင္ေအာင္ထိန္းထားႏုိင္တဲ႔နည္းလမ္းတစ္ခုလည္း မဟုတ္ပါဘူး။

*ကိုယ့္၀ါသနာကို လက္မလႊတ္ပါနဲ႔
သင္က ေတာင္တက္ရတာကုိ၀ါသနာပါတယ္။သင့္ခ်စ္သူက ၀ါသနာမပါဘူး။သူ ၀ါသနာမပါတာနဲ႔ပဲ သင့္ကုိ ေတာင္မတက္ခိုင္းဘူး၊သူမပါလို႔ ေတာင္တက္၀ါသနာကုိစြန္႔လႊတ္လိုက္ျပီဆုိတာမ်ိဳးကေတာ့ မျဖစ္သင့္ပါေနာ္။တစ္ခါတစ္ေလ သူ႔၀ါသနာလည္း ကုိယ္လိုက္၀ါသနာပါ၊ကုိယ္၀ါသနာပါတဲ႔အားကစားလည္း သူလုိက္လုပ္ဆိုဘယ္ေလာက္ေပ်ာ္စရာေကာင္းလဲ။တစ္ေယာက္ရဲ ႔၀ါသနာကုိ တစ္ေယာက္ပံ႔ပုိးႏုိင္တဲ႔ခ်စ္သူေတြျဖစ္ပါေစေနာ္ ။

*ကုိယ့္ရဲ ႔ကုိယ္ပုိင္ရည္မွန္းခ်က္ကုိ အာရံုစိုက္ပါ
တစ္ခါတစ္ေလကုိယ္၀ါသနာပါတဲ႔အလုပ္၊ကုိယ္ျဖစ္ခ်င္တဲ႔ရည္မွန္းခ်က္ကို ကုိယ့္ခ်စ္သူက ဟုိလိုျဖစ္တယ္။ဒီလုိျဖစ္တယ္၊မလုပ္ရဘူး၊တစ္ျခားအလုပ္ကုိရွာလို႔ေျပာလို႔ ကုိယ့္ရဲ ႔ကုိယ္ပုိင္ရည္မွန္းခ်က္ကုိ စြန္႔လႊတ္ဖုိ႔မလိုပါဘူး။ဒီလူနဲ႔မေတြ႔ခင္ကတည္းက ကုိယ့္ရဲ႔ရည္မွန္းခ်က္ပန္းတုိင္က ရွိျပီးသားကုိ သူ႔ေၾကာင့္ကုိယ့္ရည္မွန္းခ်က္ပ်က္စီးသြားတာမ်ိဳးက မျဖစ္သင့္ပါဘူး။သင့္ရဲ႔ ရည္မွန္းခ်က္ကုိ သူ႔ဘက္က တားျမစ္ပုိင္ခြင့္မရွိသလို၊သူ႔ရဲ႔ရည္မွန္းခ်က္ကုိလည္း သင့္ဘက္က ေလးစားဖုိ႔လိုပါတယ္။အဲ႔ဒါကသာ သင္တို႔ရဲ ႔အခ်စ္ေရးက သာယာေပ်ာ္ရႊင္ႏုိင္ျပီး ႏွစ္ေယာက္လံုး Relationship ထဲမွာ ပိတ္မိေနတာမ်ိဳးမျဖစ္မွာပါ။

အဆင္ေျပသာယာျပီး လူအမ်ားအားက်ၾကတဲ႔စံုတြဲဆုိတာ ကိုယ္စီအရည္အခ်င္းရွိၾကျပီး တစ္ေယာက္ကုိတစ္ေယာက္လည္း အေကာင္းဆံုးပံ႔ပုိးေပးၾကပါတယ္။အဲ႔ဒါမွ ကုိယ္ပုိင္ဘ၀လည္းျပည့္စံုလာမွာျဖစ္သလုိ အခ်စ္ေရးမွာလည္းခိုင္ျမဲေနၾကတာပါ။သင့္ဘ၀မွာ တစ္ျခားတစ္ေယာက္၀င္လာလို႔ သင့္ကုိယ့္သင္ေပ်ာက္ဆံုးသြားတယ္ခံစားေနရရင္ေတာ့ ျပန္ရွာဖုိ႔ၾကိဳးစားၾကည့္ပါဦးလုိ႔…🌸

Unicode

Single တွေ RS ဘဝကို မကူးပြောင်းသေးတာကလည်း Relationship ထဲမှာသူတို့ကိုယ်သူတို့ပျောက်ဆုံးသွားမှာ၊သူတို့ရဲ ့ကိုယ်ပိုင်ဘဝလေးပျောက်ဆုံးသွားမှာကိုကြောက်နေလို့ပါ။Single တွေမှမဟုတ်ပါဘူး။RS တွေထဲမှာလည်း ချစ်သူနဲ့လက်တွဲရလို့ ပျော်ရွှင်ပေမဲ့ ကိုယ့်ရဲ ့ကိုယ်ပိုင်လွတ်လပ်ခွင့်လေးပျောက်ဆုံးသွားမှာကို ကြောက်တဲ့သူတွေရှိပါတယ်။

ကိုယ့်ဘဝထဲကိုတစ်ခြားတစ်ယောက်ဝင်လာတဲ့အခါ ဘဝက ပိုပြီးပျော်ရွှင်စရာကောင်းလာတာ
မှန်ပေမဲ့ Relationship ထဲမှာနစ်မြောသွားတဲ့အခါ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဆိုတာဝေဝေ၀ါးဝါးသာပဲရှိလာပါလိမ့်မယ်။အစပိုင်းတော့ သူ့ဆုံးဖြတ်ချက်အတိုင်း၊ကိုယ့်ဆုံးဖြတ်ချက်အတိုင်းလိုက်လုပ်ကြတာ ပျော်ရွှင်ပါလိမ့်မယ်။ဒါပေမဲ့ အချိန်တွေကြာလာတဲ့အခါ အဲ့ဒီခံစားချက်က ကိုယ့်ကိုယ့်ကိုယ်ဒီ RS ထဲမှာပိတ်မိနေသလိုခံစားလာရပြီး လွတ်မြောက်ဖို့ကြိုးစားတဲ့အထိဖြစ်လာပါလိမ့်မယ်။အဲ့ဒီလိုတွေဖြစ်လာတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်ချစ်ရဲ့သားနဲ့မလိုလားအပ်တဲ့ပြဿနာတွေကြုံလာနိုင်ပါတယ်။အဲ့ဒါကြောင့် အဲ့ဒီလိုအဆုံးသတ်မျိုးမကြုံရအောင် Relationship ဘဝမှာပဲ ကိုယ့်ကိုယ့်ကိုယ်ပျောက်ဆုံးမသွားစေမယ့် နည်းလမ်းလေးတွေကိုမျှဝေပေးသွားပါမယ်။ဒါက ယောကျ်ားလေးရော၊မိန်းကလေးရော နှစ်ယောက်လုံးအတွက်ပါပဲနော်

*ကိုယ်စီအချိန်ဖြုန်းတဲ့အချိန်ရှိပါစေ
အမြဲတမ်းနှစ်ယောက်တတွဲတွဲလုပ်မနေပဲ အရင် Single ဘဝတုန်းကလို သူငယ်ချင်းတွေနဲ့လျှောက်သွားတာမျိုး၊တစ်ယောက်တည်းသွားလာတာမျိုး၊အားလပ်ချိန်တွေကို ကိုယ်လုပ်ချင်တဲ့အရာလေးတွေလုပ်ရင်းအချိန်ကုန်ဆုံးတာမျိုးရှိပါစေ။ဒါက ရည်းစားရသွားလို့သူငယ်ချင်းတွေကိုပစ်ထားတယ်ဆိုတာမျိုးမဖြစ်စေသလို ချစ်ရတဲ့သူငယ်ချင်းတွေနဲ့ အနေဝေးသွားတာမျိုးလည်းမဖြစ်စေတော့ပါဘူး။Relationship ကြောင့် Friendship ကိုဆုံးရှုံးရတာမျိုးမဖြစ်ပါစေနဲ့။

*တစ်ယောက်နဲ့တစ်ယောက် ပြောင်းလဲဖို့မကြိုးစားပါနဲ့
သင့်မှာသူမကြိုက်တဲ့အချက်တွေရှိနိုင်သလို ၊သူ့မှာလည်းသင်မကြိုက်တဲ့အချက်တွေရှိမှာပါပဲ။ချစ်သူတွေဖြစ်ပြီးသွားရင် ငါပြုပြင်မယ်ဆိုတဲ့စိတ်နဲ့တွေးပြီးချစ်သူအဖြစ်လက်ခံခဲ့တာဆိုရင်တော့ သင်တို့ရဲ့အချစ်ရေးက ရေရှည်အဆင်မပြေနိုင်ပါဘူး။အဲ့ဒီလိုမဟုတ်ပဲ နဂိုကတည်းက သူ့ပုံစံ၊ကိုယ့်ပုံစံသိပြီးသားကိုသဘောကျပြီးချစ်သူတွေဖြစ်ခဲ့တာဆိုရင် ချစ်သူဘဝမှာ တစ်ယောက်ကိုတစ်ယောက်ပြောင်းလဲဖို့၊ထိန်းချုပ်ဖို့မကြိုးစားပါနဲ့။ကိုယ့်ချစ်သူကိုချစ်တဲ့စိတ်နဲ့သာ သူမကြိုက်တာလေးတွေကို လျှော့လုပ်ပေါ့။သင့်ချစ်သူစိတ်ကျေနပ်ပျော်ရွှင်ဖို့ သင့်ဘက်က စွန့်လွှတ်လိုက်ရတာတွေများနေတယ်ဆိုရင် ဒါကရေရှည်မှာအဆင်မပြေပါဘူး။သင်တို့ရဲ ့အချစ်ရေးကို သာယာပျော်ရွှင်အောင်ထိန်းထားနိုင်တဲ့နည်းလမ်းတစ်ခုလည်း မဟုတ်ပါဘူး။

*ကိုယ့်ဝါသနာကို လက်မလွှတ်ပါနဲ့
သင်က တောင်တက်ရတာကို၀ါသနာပါတယ်။သင့်ချစ်သူက ၀ါသနာမပါဘူး။သူ ၀ါသနာမပါတာနဲ့ပဲ သင့်ကို တောင်မတက်ခိုင်းဘူး၊သူမပါလို့ တောင်တက်ဝါသနာကိုစွန့်လွှတ်လိုက်ပြီဆိုတာမျိုးကတော့ မဖြစ်သင့်ပါနော်။တစ်ခါတစ်လေ သူ့ဝါသနာလည်း ကိုယ်လိုက်ဝါသနာပါ၊ကိုယ်ဝါသနာပါတဲ့အားကစားလည်း သူလိုက်လုပ်ဆိုဘယ်လောက်ပျော်စရာကောင်းလဲ။တစ်ယောက်ရဲ ့ဝါသနာကို တစ်ယောက်ပံ့ပိုးနိုင်တဲ့ချစ်သူတွေဖြစ်ပါစေနော် ။

*ကိုယ့်ရဲ ့ကိုယ်ပိုင်ရည်မှန်းချက်ကို အာရုံစိုက်ပါ
တစ်ခါတစ်လေကိုယ်ဝါသနာပါတဲ့အလုပ်၊ကိုယ်ဖြစ်ချင်တဲ့ရည်မှန်းချက်ကို ကိုယ့်ချစ်သူက ဟိုလိုဖြစ်တယ်။ဒီလိုဖြစ်တယ်၊မလုပ်ရဘူး၊တစ်ခြားအလုပ်ကိုရှာလို့ပြောလို့ ကိုယ့်ရဲ ့ကိုယ်ပိုင်ရည်မှန်းချက်ကို စွန့်လွှတ်ဖို့မလိုပါဘူး။ဒီလူနဲ့မတွေ့ခင်ကတည်းက ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်က ရှိပြီးသားကို သူ့ကြောင့်ကိုယ့်ရည်မှန်းချက်ပျက်စီးသွားတာမျိုးက မဖြစ်သင့်ပါဘူး။သင့်ရဲ့ ရည်မှန်းချက်ကို သူ့ဘက်က တားမြစ်ပိုင်ခွင့်မရှိသလို၊သူ့ရဲ့ရည်မှန်းချက်ကိုလည်း သင့်ဘက်က လေးစားဖို့လိုပါတယ်။အဲ့ဒါကသာ သင်တို့ရဲ ့အချစ်ရေးက သာယာပျော်ရွှင်နိုင်ပြီး နှစ်ယောက်လုံး Relationship ထဲမှာ ပိတ်မိနေတာမျိုးမဖြစ်မှာပါ။

အဆင်ပြေသာယာပြီး လူအများအားကျကြတဲ့စုံတွဲဆိုတာ ကိုယ်စီအရည်အချင်းရှိကြပြီး တစ်ယောက်ကိုတစ်ယောက်လည်း အကောင်းဆုံးပံ့ပိုးပေးကြပါတယ်။အဲ့ဒါမှ ကိုယ်ပိုင်ဘဝလည်းပြည့်စုံလာမှာဖြစ်သလို အချစ်ရေးမှာလည်းခိုင်မြဲနေကြတာပါ။သင့်ဘဝမှာ တစ်ခြားတစ်ယောက်ဝင်လာလို့ သင့်ကိုယ့်သင်ပျောက်ဆုံးသွားတယ်ခံစားနေရရင်တော့ ပြန်ရှာဖို့ကြိုးစားကြည့်ပါဦးလို့…🌸

382 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.