တစ်ချိန်လုံး စိတ်ပူပန်နေတတ်တဲ့အဖြစ်က လွတ်မြောက်ပြီး ဘဝမှာပျော်ပျော်နေတတ်ဖို့

လူတိုင်းမှာ စိတ်ပူပန်စရာကိစ္စတွေ ရှိပါတယ်။ ဒါပေမယ့် တစ်ချို့ က ဒီထက်ပိုပြီး စိုးရိမ်လွန်ကဲတတ်ကြတယ်။

သောကများစရာတွေက မင်းကို ပျော်ရွှင်မှုတွေဆီက အဝေးတွန်းထုတ်သလို ဖြစ်နေလား ? ဘာကိုမှ အာရုံစိုက်မရဘဲ ဖြစ်နေသလား ။ မင်းရဲ့စိတ်ကို နည်းနည်း အနားပေးဖို့လိုနေပါပြီ။

worry box လေးကို အသုံးပြု
မင်းရဲ့စိုးရိမ်မှုတွေ၊ သောကတွေကို သိမ်းဆည်းထားတဲ့ worry box လေးကို ဒီတိုင်းထားလို့ မဖြစ်ဘူး။သုံးစွဲတတ်ဖို့ လိုပါတယ်။ အသွင်းပဲ ရှိပြီး အထုတ်မရှိရင် မင်းပို ပင်ပန်းရပါတယ်။ အဖြစ်ပျက်တစ်ခုကသင့်ကို စိုးရိမ်ပူပန်မှုတွေ ပေးလာပြီဆိုရင် ၅မိနစ်ထက်ပိုပြီး မခံစားပါနဲ့။ ထုတ်ပစ်ပါ။ စာရွက်ပေါ်မှာချရေး ၊ ပြီးရင် အဲ့ဒီစာရွက်ကို Box လေးတစ်ခုတည်း ထည့်ထားလိုက်ပါ။ ဒိုင်ယာရီရေးသလိုပါပဲ။ ဒိုင်ယာရီက စာအုပ်နဲ့ချရေးတာပေါ့။ ဒါကျတော့ စာရွက်လေးနဲ့ လတ်တလောဖြစ်ပျက်သွားတကို ရင်ဖွင့်ရေးလိုက်ပြီး box လေးထဲ ထည့်လိုက်တာ။ စိတ်ကိုလည်း အပြောင်းလဲဖြစ်စေတာပေါ။့ ဒီနည်းလမ်းလေးကို ဖလော်ရီဒါ Singer Island က စာရေးဆရာ Jaime Pfefferက အကြံပြုထားတာဖြစ်ပါတယ်။

“worry time” ကို အချိန်ဇယားချ
အရမ်းကို မင်းစိတ်ရှုပ်လာပြီဆိုရင် အချိန်ဇယားတစ်ခု ချကြည့်ပါ။ ဥပမာ – 6:30 AM -6:40 AM ။ အဲ့ဒါ မင်းရဲ့စိုးရိမ်ပူပန်မှုတွေအတွက် ပေးရမယ့် အချိန်တစ်ခုပဲ။ ပေးထားတဲ့ အချိန်အတွင်းမှာပဲ အဲ့ဒီပူပင်သောကတွေကို ခံစားလိုက်ပါ။ တစ်နေ့လုံး အချိန်ပေးပြီးတော့ ထပ်တလဲလဲတွေးနေစရာမလိုပါဘူး။ ဒီနည်းလမ်းက နည်းနည်းတော့ ဘောင်ခတ်သလိုဖြစ်ပေမယ့် လူအများစုက ကိုယ်စိတ်ပူပန်တတ်တဲ့ အချိန်ကို ရှာတွေ့သွားတဲ့အခါ သူတို့ဒီထက်ပိုပြီး စိုးရိမ်မလွန်ကဲကြတော့ဘူးလို့ Pfeffer ကပြောပါတယ်။

တရားထိုင်

meditative-places-to-meditate
စိုးရိမ်သောကတွေကိုလျော့ချဖို့ နည်းလမ်းတွေထဲမှာ တရားထိုင်တာကတော့ မပါမဖြစ်ပါပဲ။ တကယ်
လည်း တရားထိုင်ခြင်းက သင့်စိတ်ကို တည်ငြိမ်စေပြီး အရမ်းကို အေးချမ်းစေပါတယ်Cherophobia က အကျိုးဆက်တွေဖြစ်တဲ့ အထီးကျန်၊ အားငယ်၊ စိတ်ဓာတ်ကျခြင်းတို့ကို တရားထိုင်ခြင်းက အကောင်းဆုံးကုသပေးနိုင်ပါတယ်။ နေ့စဉ် ပုံမှန်တရားထိုင်တဲ့အခါ ကိုယ်ခန္ဓာကျန်းမာ ၊ အာရုံကောင်းကောင်းစိုက်နိုင် ၊ ဆက်ဆံရေးပိုကောင်းမွန်လာပြီး စိတ်ပူပန်မှုတွေကို အချိန်တိုတွင်း ငြိမ်းသွားစေတယ်။

လက်ခံနိုင်အောင် ကြိုးစား
ဖြစ်သမျှကို လက်မခံနိုင်ရင် မင်းအများကြီး ပင်ပန်းရဦးမှာပါ။ လက်ခံနိုင်အောင် ကြိုးစားပြီးရင် ဘယ်လိုရှေ့ဆက်မလဲဆိုတာကို အဖြေထုတ်ပါ။ အတိတ်ကို အတိတ်မှာ မထားခဲ့နိုင်ရင် အမြဲပူလောင်နေရမယ်။ ကိုယ့်ကိုယ်ကိုယ် စိတ်ဒဏ်ရာမပေးပါနဲ့။ မင်းစိတ်ကို အလွတ်လပ်ဆုံးထားနိုင်ခြင်း ၊မထားနိုင်ခြင်းဆိုတာ မင်းအပေါ်ပဲမူတည်ပါတယ်။ ရှုပ်ထွေးလွန်းတဲ့ စိတ်ခံစားချက်ပေါင်းများစွာထမှာ မင်းကိုယ်မင်း ရှာတွေ့ပြီဆိုရင် ဖြစ်သမျှကို လက်ခံလာနိုင်ပါလိမ့်မယ်။

ဒါတွေက လိုက်လုပ်ဖို့ မလွယ်နိုင်လောက်ဘူးထင်ပေမယ့် ကြိုးစားကြည့်ပါ။ ခေါက်ရိုးကျိုးနေတဲ့ အကျင့်တွေက ပြင်ရခက်ပါတယ်။ ဖြည်းဖြည်းချင်း ကျင့်ယူပါ။ ငြိမ်းချမ်းမှု အစစ်မှန်ကို ရှာတွေ့တဲ့တစ်နေ့ မင်းလုံးဝလွတ်လပ်သွားပါပြီ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.