သင္ကိုယ္တိုင္ေတာင္မသိပဲ သင့္ဘ၀သင္ ဖ်က္ဆီးေနမိေနျပီလား 💌

ဘ၀ဆိုတာ ပန္းခင္းလမ္းလိုေခ်ာေခ်ာေမြ႔ေမြ႔မရွိႏုိင္ဘူးဆုိတာ အားလံုးသိၾကတယ္ဟုတ္! ဒီလုိမလြယ္လွတဲ႔ဘ၀ေရစီးေၾကာင္းထဲလိုက္ပါေနရင္း ကုိယ္တိုင္ေတာင္မသိပဲ ကုိယ့္ဘ၀ကုိုယ္ဖ်က္ဆီးေနမိတာေတြ၊ကုိယ့္စိတ္ကုိေလွာင္ပိတ္မိေနတာေတြရွိတတ္ပါတယ္။သင္ကိုယ္တုိင္ေတာင္မသိပဲနဲ႔ေပါ့။

သင့္ဘ၀မွာ သင္တကယ္မခင္ခ်င္တဲ႔သူ၊မေပါင္းသင္းခ်င္တဲ႔သူ၊စကားေတာင္မေျပာခ်င္တဲ႔သူေတြအတြက္ အခ်ိန္ေပးေနရျပီလား?အလုပ္ကိစၥနဲ႔မဟုတ္ပဲကုိယ္ေရးကုိယ္တာကိစၥေတြနဲ႔ပတ္သက္ျပီး သင့္စိတ္ထဲက စိတ္လိုလက္ရခင္ခ်င္တ႔ဲသူ၊စကားေျပာခ်င္တဲ႔သူမဟုတ္ပဲ စကားေတြေျပာေနရတာေတြ၊ခ်ိန္းရင္ သြားမေတြ႔ခ်င္ပဲနဲ႔သြားေတြ႔ေနရတာေတြရွိေနျပီလား? ဒီလုိကိုယ္မလုပ္ခ်င္တဲ႔ကိစၥေတြကုိ အားနာပါးနာနဲ႔ လိုက္လုပ္ေနရတာေတြက စိတ္ကုိတကယ္မြန္းက်ပ္ေစပါတယ္။သင္ ကုိယ္တိုင္လည္းသိမွာပါ။ဒါေပမဲ႔ အားနာတာေတြ၊သြားမေတြ႔ရင္မေကာင္းပါဘူးေလဆုိတာေတြနဲ႔ သင့္စိတ္ကုိသင္မြန္းက်ပ္ေအာင္လုပ္ဖုိ႔မလုိပါဘူး။သင့္စိတ္အလိုအတိုင္းပဲ လိုက္နာႏုိင္ရင္ သိပ္ေကာင္းမွာပါပဲ။မလိုအပ္တာေတြအတြက္ စိတ္ဖိစီးမႈေတြရွိေနတာကိုက သင့္က်န္းမာေရးနဲ႔ပတ္သက္ျပီးဆိုး၀ါးေအာင္လုပ္မိေနတာပါ။

အတိတ္တုန္းကျဖစ္ရပ္ေတြ၊ခံစားခ်က္ေတြက အခုလက္ရွိအခ်ိန္ထိေခါင္းထဲမွာရွိေနတုန္းလား၊နာက်င္ေနတုန္းလား၊ခံစားေနရတုန္းလား? Let it Go ….အဲ႔ဒါေတြကိုဘာလို႔ လက္ရွိအခ်ိန္ကုိယူလာေနဦးမွာလဲ။အတိတ္ကုိအတိတ္မွာပဲထားပစ္ခဲ႔ပါေတာ့။မေကာင္းတဲ႔အရာေတြ၊မေကာင္းတဲ႔ခံစားခ်က္ေတြ၊အဆုိးျမင္စိတ္ေတြကုိ လက္ရွိအခ်ိန္ထိသယ္ေဆာင္လာေနမယ္ဆုိရင္ ဒါက သင့္ဘ၀သင္ဖ်က္ဆီးေနတာပါပဲ။အတိတ္တုန္းက အခ်စ္ေရးမွာသစၥာေဖာက္ခံခဲ႔ရလို႔ အားလံုးကုိ
အဆုိးျမင္ေနမယ္ဆုိရင္ တကယ္ေကာင္းမြန္တာကို သင္ျမင္ေတြ႔ႏုိင္မွာမဟုတ္ပါဘူးေနာ္။လြန္ခဲ႔တဲ႔အေၾကာင္းအရာေတြေၾကာင့္ ေကာင္းမြန္တဲ႔အခြင့္အလမ္းေတြကုိလက္မလႊတ္မိပါေစနဲ႔။

တစ္ျခားသူေတြနဲ႔ ကုိယ့္ကုိယ့္ကုိယ္ႏႈိင္းယွဥ္မိေနတာကလည္း ကုိယ့္ဘ၀ကုိယ္ဖ်က္ဆီးေနမိတာပါပဲေနာ္။ ေဖ့ဘြတ္ခ္၊အင္စတာဂရမ္မွာေဖာလိုး၀ါးမ်ားတာနည္းတာကသင့္ရဲ ႔လက္ရွိဘ၀တန္ဖုိးကုိ တုိးမလာေစသလုိ ေလ်ာ့လည္းေလ်ာ့မသြားေစပါဘူး။ဘဏ္အေကာင့္ထဲမွာေငြနည္းေနတာကလည္း သင့္ရဲ ႔အိပ္မက္ေတြ၊သင့္ရဲ ႔ေပ်ာ္ရႊင္မႈေတြ၊သင့္ရဲ ႔စိတ္ကူးေကာင္းေတြကုိမလႊမ္းမိုးမဖ်က္ဆီးႏုိင္ပါဘူး။အဲ႔ဒါေၾကာင့္ ကုိယ့္ထက္ သူမ်ားက ဘယ္ေလာက္ပဲသာေနပါေစ၊သူမ်ားေတြမွာဘယ္ေလာက္ပဲေငြေၾကးၾကြယ္၀ေနပါေစ ကုိယ့္ကုိယ့္ကုိယ္ ဘယ္ေတ့ာမွတစ္ျခားသူေတြနဲ႔မႏႈိင္းယွဥ္ပါနဲ႔။ကုိယ့္ထက္ၾကြယ္၀တဲ႔သူနဲ႔ႏိႈင္းယွဥ္စရာမလိုသလို ကုိယ့္ထက္ေငြေၾကးႏြမ္းပါးသူနဲ႔လည္း ႏိႈင္းဖုိ႔မလိုအပ္ပါဘူး။သင္လုပ္ရမွာက ဒီေန႔သင္နဲ႔ ေနာက္ေန႔ သင္ဘယ္ေလာက္ထိတုိးတက္လာသလဲဆုိတာႏႈိင္းယွဥ္ဖုိ႔ပါပဲ။

သင့္ကုိယ္သင္အမွန္အတုိင္းခ်ျပရမွာကုိ ေၾကာက္ေနတာကလည္း မလိုအပ္ပဲ သင့္ဘ၀ကုိ သင္ဖ်က္ဆီးေနမိတာပါပဲ။သင္မွမဟုတ္ပါဘူး။ေတာ္ေတာ္မ်ားမ်ားကကိုယ့္ဘက္က နက္နက္နဲနဲခံစားေနရတာကုိ ခ်ျပလိုက္တဲ႔အခါ ေလွာင္ရယ္ခံရမွာကုိေၾကာက္ၾကပါတယ္။ဒါေၾကာင့္ပဲ ကုိယ့္စိတ္ရဲ႔ခံစားခ်က္အမွန္ထက္ တစ္၀က္ေလာက္နီးပါးကုိသာ ထုတ္ေျပာတတ္ၾကပါတယ္။တစ္ခါတစ္ေလဆုိထုတ္ေတာင္မေျပာၾကပါဘူး။အဲ႔ဒီလုိေၾကာက္စိတ္ေတြေၾကာင့္ သင့္ဘ၀ရဲ ႔အေရးၾကီးဆံုးလူေတြကုိေတာင္ သင့္ရဲ႔ခံစားခ်က္အမွန္ကုိမေျပာလိုက္ရပဲျဖစ္သြားႏုိင္္ပါတယ္။သူငယ္ခ်င္းေတြေရွ႔မွာ သင့္အေမကိုခ်စ္တယ္ေျပာဖုိ႔လည္းမရွက္ပါနဲ႔။အေမကုိခ်စ္တယ္ဆုိတာ ႏႈတ္ကေျပာစရာမလုိတဲ႔အမွန္တရားဆုိေပမဲ႔လည္း ေျပာပါ။သင့္ဘက္က သူတုိ႔အေပၚခ်စ္ေၾကာင္းေဖာ္ျပႏုိင္သေလာက္ေဖာ္ျပပါ။
ဒီလုိပဲ အေဖ့အေပၚ၊သူငယ္ခ်င္းေတြအေပၚ၊ခ်စ္သူအေပၚ ခ်စ္တယ္ဆုိတာစိတ္ထဲကသိေပမဲ႔လည္း ခ်စ္ေၾကာင္းေျပာပါ။ကုိယ္ခ်စ္တဲ႔သူကုိခ်စ္တယ္လို႔ေျပာရတာေလာက္ ေပ်ာ္စရာေကာင္းျပီးၾကည္ႏူးစရာေကာင္းတဲ႔အခ်ိန္ဆိုတာမရွိပါဘူး။

သင့္ရဲ ႔မသိစိတ္ကုိ ယံုၾကည္မႈမရွိတာကလည္း သင္ကိုယ္တိုင္မသိတဲ႔အမွားတစ္ခုပါပဲ။တစ္ခါတစ္ေလ ကုိယ့္စိတ္ထဲက ဒီလုိလုပ္လိုက္ရင္ပိုေကာင္းမယ္လို႔ထင္တယ္။ဒါေပမဲ႔ တစ္ခ်ိဳ႔တစ္ခ်ိဳ႔ေသာအေၾကာင္းအရာေတြေၾကာင့္ မလုပ္ျဖစ္လိုက္ဘူး။တကယ္တမ္းလုပ္ျဖစ္လိုက္တဲ႔အရာက ကုိယ့္စိတ္ထဲကစဥ္းစားမိခဲ႔တာေလာက္မေကာင္းဘူး။ကုိယ့္ရဲ ႔မသိစိတ္အေပၚအယံုအၾကည္ကင္းမဲ႔တာကလည္း မလိုလားအပ္တဲ႔ေနာင္တေတြျဖစ္ေစပါတယ္။ကုိယ္လုပ္ခ်င္တဲ့အရာကိုလုပ္လိုက္မိလို႔ျဖစ္လာတဲ႔အက်ိဳးဆက္ေတြက ကုိယ့္အတြက္ သင္ခန္းစာတစ္ခုပါပဲ။လုပ္ခ်င္ရဲ႔သားနဲ႔ မလုပ္လိုက္မိတဲ႔ေနာင္တေတြရမွာထက္စာရင္ သင္ခန္းစာတစ္ခုရေတာ့ပုိမေကာင္းဘူးလား။

သင့္ဘ၀ကုိ သင္ကုိယ္တုိင္ဖ်က္ဆီးေနတဲ႔ဒီအရာေလးေတြကုိ သိျပီဆုိရင္ သင့္ကုိယ့္သင္ ယံုၾကည္မႈအျပည့္နဲ႔ ေျပာင္းလဲသင့္တာေတြေျပာင္းလဲျပီး ေရွ႔ဆက္ေလ်ွာက္ပါေတာ့…🌸

Unicode

ဘဝဆိုတာ ပန်းခင်းလမ်းလိုချောချောမွေ့မွေ့မရှိနိုင်ဘူးဆိုတာ အားလုံးသိကြတယ်ဟုတ်! ဒီလိုမလွယ်လှတဲ့ဘဝရေစီးကြောင်းထဲလိုက်ပါနေရင်း ကိုယ်တိုင်တောင်မသိပဲ ကိုယ့်ဘဝကိုုယ်ဖျက်ဆီးနေမိတာတွေ၊ကိုယ့်စိတ်ကိုလှောင်ပိတ်မိနေတာတွေရှိတတ်ပါတယ်။သင်ကိုယ်တိုင်တောင်မသိပဲနဲ့ပေါ့။

သင့်ဘဝမှာ သင်တကယ်မခင်ချင်တဲ့သူ၊မပေါင်းသင်းချင်တဲ့သူ၊စကားတောင်မပြောချင်တဲ့သူတွေအတွက် အချိန်ပေးနေရပြီလား?အလုပ်ကိစ္စနဲ့မဟုတ်ပဲကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ပတ်သက်ပြီး သင့်စိတ်ထဲက စိတ်လိုလက်ရခင်ချင်တဲ့သူ၊စကားပြောချင်တဲ့သူမဟုတ်ပဲ စကားတွေပြောနေရတာတွေ၊ချိန်းရင် သွားမတွေ့ချင်ပဲနဲ့သွားတွေ့နေရတာတွေရှိနေပြီလား? ဒီလိုကိုယ်မလုပ်ချင်တဲ့ကိစ္စတွေကို အားနာပါးနာနဲ့ လိုက်လုပ်နေရတာတွေက စိတ်ကိုတကယ်မွန်းကျပ်စေပါတယ်။သင် ကိုယ်တိုင်လည်းသိမှာပါ။ဒါပေမဲ့ အားနာတာတွေ၊သွားမတွေ့ရင်မကောင်းပါဘူးလေဆိုတာတွေနဲ့ သင့်စိတ်ကိုသင်မွန်းကျပ်အောင်လုပ်ဖို့မလိုပါဘူး။သင့်စိတ်အလိုအတိုင်းပဲ လိုက်နာနိုင်ရင် သိပ်ကောင်းမှာပါပဲ။မလိုအပ်တာတွေအတွက် စိတ်ဖိစီးမှုတွေရှိနေတာကိုက သင့်ကျန်းမာရေးနဲ့ပတ်သက်ပြီးဆိုးဝါးအောင်လုပ်မိနေတာပါ။

အတိတ်တုန်းကဖြစ်ရပ်တွေ၊ခံစားချက်တွေက အခုလက်ရှိအချိန်ထိခေါင်းထဲမှာရှိနေတုန်းလား၊နာကျင်နေတုန်းလား၊ခံစားနေရတုန်းလား? Let it Go ….အဲ့ဒါတွေကိုဘာလို့ လက်ရှိအချိန်ကိုယူလာနေဦးမှာလဲ။အတိတ်ကိုအတိတ်မှာပဲထားပစ်ခဲ့ပါတော့။မကောင်းတဲ့အရာတွေ၊မကောင်းတဲ့ခံစားချက်တွေ၊အဆိုးမြင်စိတ်တွေကို လက်ရှိအချိန်ထိသယ်ဆောင်လာနေမယ်ဆိုရင် ဒါက သင့်ဘဝသင်ဖျက်ဆီးနေတာပါပဲ။အတိတ်တုန်းက အချစ်ရေးမှာသစ္စာဖောက်ခံခဲ့ရလို့ အားလုံးကို
အဆိုးမြင်နေမယ်ဆိုရင် တကယ်ကောင်းမွန်တာကို သင်မြင်တွေ့နိုင်မှာမဟုတ်ပါဘူးနော်။လွန်ခဲ့တဲ့အကြောင်းအရာတွေကြောင့် ကောင်းမွန်တဲ့အခွင့်အလမ်းတွေကိုလက်မလွှတ်မိပါစေနဲ့။

တစ်ခြားသူတွေနဲ့ ကိုယ့်ကိုယ့်ကိုယ်နှိုင်းယှဉ်မိနေတာကလည်း ကိုယ့်ဘဝကိုယ်ဖျက်ဆီးနေမိတာပါပဲနော်။ ဖေ့ဘွတ်ခ်၊အင်စတာဂရမ်မှာဖောလိုးဝါးများတာနည်းတာကသင့်ရဲ ့လက်ရှိဘဝတန်ဖိုးကို တိုးမလာစေသလို လျော့လည်းလျော့မသွားစေပါဘူး။ဘဏ်အကောင့်ထဲမှာငွေနည်းနေတာကလည်း သင့်ရဲ ့အိပ်မက်တွေ၊သင့်ရဲ ့ပျော်ရွှင်မှုတွေ၊သင့်ရဲ ့စိတ်ကူးကောင်းတွေကိုမလွှမ်းမိုးမဖျက်ဆီးနိုင်ပါဘူး။အဲ့ဒါကြောင့် ကိုယ့်ထက် သူများက ဘယ်လောက်ပဲသာနေပါစေ၊သူများတွေမှာဘယ်လောက်ပဲငွေကြေးကြွယ်ဝနေပါစေ ကိုယ့်ကိုယ့်ကိုယ် ဘယ်တေ့ာမှတစ်ခြားသူတွေနဲ့မနှိုင်းယှဉ်ပါနဲ့။ကိုယ့်ထက်ကြွယ်ဝတဲ့သူနဲ့နှိုင်းယှဉ်စရာမလိုသလို ကိုယ့်ထက်ငွေကြေးနွမ်းပါးသူနဲ့လည်း နှိုင်းဖို့မလိုအပ်ပါဘူး။သင်လုပ်ရမှာက ဒီနေ့သင်နဲ့ နောက်နေ့ သင်ဘယ်လောက်ထိတိုးတက်လာသလဲဆိုတာနှိုင်းယှဉ်ဖို့ပါပဲ။

သင့်ကိုယ်သင်အမှန်အတိုင်းချပြရမှာကို ကြောက်နေတာကလည်း မလိုအပ်ပဲ သင့်ဘဝကို သင်ဖျက်ဆီးနေမိတာပါပဲ။သင်မှမဟုတ်ပါဘူး။တော်တော်များများကကိုယ့်ဘက်က နက်နက်နဲနဲခံစားနေရတာကို ချပြလိုက်တဲ့အခါ လှောင်ရယ်ခံရမှာကိုကြောက်ကြပါတယ်။ဒါကြောင့်ပဲ ကိုယ့်စိတ်ရဲ့ခံစားချက်အမှန်ထက် တစ်ဝက်လောက်နီးပါးကိုသာ ထုတ်ပြောတတ်ကြပါတယ်။တစ်ခါတစ်လေဆိုထုတ်တောင်မပြောကြပါဘူး။အဲ့ဒီလိုကြောက်စိတ်တွေကြောင့် သင့်ဘဝရဲ ့အရေးကြီးဆုံးလူတွေကိုတောင် သင့်ရဲ့ခံစားချက်အမှန်ကိုမပြောလိုက်ရပဲဖြစ်သွားနိုင််ပါတယ်။သူငယ်ချင်းတွေရှေ့မှာ သင့်အမေကိုချစ်တယ်ပြောဖို့လည်းမရှက်ပါနဲ့။အမေကိုချစ်တယ်ဆိုတာ နှုတ်ကပြောစရာမလိုတဲ့အမှန်တရားဆိုပေမဲ့လည်း ပြောပါ။သင့်ဘက်က သူတို့အပေါ်ချစ်ကြောင်းဖော်ပြနိုင်သလောက်ဖော်ပြပါ။
ဒီလိုပဲ အဖေ့အပေါ်၊သူငယ်ချင်းတွေအပေါ်၊ချစ်သူအပေါ် ချစ်တယ်ဆိုတာစိတ်ထဲကသိပေမဲ့လည်း ချစ်ကြောင်းပြောပါ။ကိုယ်ချစ်တဲ့သူကိုချစ်တယ်လို့ပြောရတာလောက် ပျော်စရာကောင်းပြီးကြည်နူးစရာကောင်းတဲ့အချိန်ဆိုတာမရှိပါဘူး။

သင့်ရဲ ့မသိစိတ်ကို ယုံကြည်မှုမရှိတာကလည်း သင်ကိုယ်တိုင်မသိတဲ့အမှားတစ်ခုပါပဲ။တစ်ခါတစ်လေ ကိုယ့်စိတ်ထဲက ဒီလိုလုပ်လိုက်ရင်ပိုကောင်းမယ်လို့ထင်တယ်။ဒါပေမဲ့ တစ်ချို့တစ်ချို့သောအကြောင်းအရာတွေကြောင့် မလုပ်ဖြစ်လိုက်ဘူး။တကယ်တမ်းလုပ်ဖြစ်လိုက်တဲ့အရာက ကိုယ့်စိတ်ထဲကစဉ်းစားမိခဲ့တာလောက်မကောင်းဘူး။ကိုယ့်ရဲ ့မသိစိတ်အပေါ်အယုံအကြည်ကင်းမဲ့တာကလည်း မလိုလားအပ်တဲ့နောင်တတွေဖြစ်စေပါတယ်။ကိုယ်လုပ်ချင်တဲ့အရာကိုလုပ်လိုက်မိလို့ဖြစ်လာတဲ့အကျိုးဆက်တွေက ကိုယ့်အတွက် သင်ခန်းစာတစ်ခုပါပဲ။လုပ်ချင်ရဲ့သားနဲ့ မလုပ်လိုက်မိတဲ့နောင်တတွေရမှာထက်စာရင် သင်ခန်းစာတစ်ခုရတော့ပိုမကောင်းဘူးလား။

သင့်ဘဝကို သင်ကိုယ်တိုင်ဖျက်ဆီးနေတဲ့ဒီအရာလေးတွေကို သိပြီဆိုရင် သင့်ကိုယ့်သင် ယုံကြည်မှုအပြည့်နဲ့ ပြောင်းလဲသင့်တာတွေပြောင်းလဲပြီး ရှေ့ဆက်လျှောက်ပါတော့…

243 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.