တကယ္ခ်စ္မိသြားတဲ႔မိန္းမတစ္ေယာက္မွာ ဒီလိုအေငြ႕သက္ေတြေပ်ာက္ျခင္းမလွေပ်ာက္ကြယ္သြားပါလိမ္႔မယ္

မိန္းကေလးေတြဆိုတာထင္ထားတာထက္ပိုျပီးအခ်စ္ျကီးအစြဲလန္းျကီးတတ္ျကတဲ႔အမ်ိဳးေတြပါ( အားလံုးကိုေတာ႔မဆိုလုိပါဘူး) သူတုိ႕မိသားစုေတြသူတုိ႕တြယ္တာျမတ္နိုးရသူေတြနဲ႕သာဆုိ သူတုိ႕နားကဒီလုိအရာေတြက ေပ်ာက္ျခင္းမလွကို ေပ်ာက္ရွသြားတတ္ျကတာပါ…
(၁) ငါစြဲ
မိန္းကေလးတစ္ေယာက္ဟာ သိပ္ခ်စ္မိသြားတဲ႔အခါ ကိုယ္႔ကိုယ္ကိုယ္ထက္ပိုလို႕ကိုခ်စ္မိသြားတတ္ျကပါတယ္(မယံုမရွိနဲ႕ေနာ္) တကယ္႔အခ်စ္ျကီးတဲ႔မိန္းမေတြဆိုတာကိုယ္႔ခ်စ္သူစိတ္ခ်မ္းသာမႈကို ကုိယ္႔စိတ္ခ်မ္းသာမႈထက္ပိုေတြးေပးတတ္ျကတာအက်င္႔ျကီးကိုျဖစ္ေနတတ္ျကပါျပီ။ ဒါကိုသိကၡာက်တယ္ေစ်းေပါတယ္ဆုိတဲ႔ ခပ္ညံ႕ညံ႕စကားေတြနဲ႕ေတာ႔တင္စားလုိ႕မရပါဘူး။ အတင္းလုိက္ျပီးဖက္တြယ္ေနတာမ်ိဳးထက္ ျမဳဆြယ္ေနတာမ်ိဳးမဟုတ္ပဲ ကိုယ္႔ကိုယ္ကိုယ္ထက္ပိုခ်စ္လာတတ္ျကတာပါ။
(၂) မာန
သိပ္လွတယ္ ၊ သိပ္ေတာ္တယ္ သိပ္ကို ထက္ျမတ္လွပါတယ္ဆိုတဲ႔မိန္းမေတြေတာင္ တကယ္ခ်စ္မိတဲ႔အခါ ကိုယ္႔ခ်စ္သူရဲ႕အေျပာဆုိေအာက္ေတြမွာေျကြစင္းက်ရံႈးသြားတတ္ျကတာပါ။အသိတရားနဲ႕သာ ျပန္ထိန္းခ်င္ထိန္းလို႕ရမယ္၊ ေသခ်ာတာကေတာ႔ စိတ္ကေတာ႔ေျကြစင္းေနတာေသခ်ာပါျပီ 😛 မိန္းမတစ္ေယာက္ဘ၀မွာ အထားနိုင္ဆံုး ထားလုိ႕အေကာင္းဆံုးဟာမာနဆိုတဲ႔ဟာျကီးပါပဲ၊ ဒါပင္မဲ႔ဒီမာနကိုသူတုိ႕ခ်စ္တဲ႔ေယာက်ၤားတစ္ေယာက္ေအာက္မွာပဲခ်နင္းခံ၊ ပ်က္စီးခံေလ႕ရွိတတ္ျကပါတယ္။ ဒါေျကာင္႔သင္႔အေပၚ မာနေတြ ေဒါသေတြမထားပဲ ဆက္ဆံတတ္တဲ႔မိန္းမမ်ိဳးကို အနုိင္မယူပဲတန္ဖိုးထားတတ္ပါေစ။
(၃) ပတ္၀န္းက်င္ဂရုစိုက္မႈ
ပတ္၀န္းက်င္ဆိုတာ အျမဲမေကာင္းေျပာဖို႕ေခ်ာင္းေနတတ္တဲ႔အမ်ိဳးပါ။ အထူးသျဖင္႔မိန္းကေလးေတာ္ေတာ္မ်ားမ်ားဟာ ပတ္၀န္းက်င္ရဲ႕ပုတ္ခတ္ေ၀ဖန္မႈဒဏ္ကို မခံနုိင္ျကပါဘူး။ ဒါပင္မဲ႔ မိန္းမတို႕မ်ား ခ်စ္တတ္ျပီဆိုလာရင္ကိုယ္႔ခ်စ္သူနဲ႕ပတ္သတ္သမ်ွ ကို ဘာေတြပဲေျပာေျပာ ဂရုမစိုက္ပဲ အခ်စ္သူရဲေကာင္းမျကီးေတြလုပ္ခ်င္တတ္ျကတာပါ။ ကိုယ္ခ်စ္ရပါတယ္ဆိုတဲ႔သူကေနာက္ဆံုးထားသြားလို႕ပတ္၀န္းက်င္တံေတြးခြက္ပက္လန္ေမ်ာ မယ္ဆုိရင္ေတာင္ ခပ္တည္တည္နဲ႕အေမ်ာခံတတ္ျကတာပါ။
(၄) အတၱ
ငါကမိန္းကေလးမလုိ႕ငါ႔ကိုပဲသူေခ်ာ႕ရမယ္၊ ငါကမိန္းမပဲ ဆိုတဲ႔ တစ္ယူသန္အေတြးေတြမထားပဲ ညိွညွိနိႈင္းနိႈင္းနဲ႕ေအးခ်မ္းတဲ႔ဘ၀ကိုပဲ ပိုင္ဆုိင္ခ်င္တတ္ျကတာပါ။ မိန္းမမလို႕ဆုိတဲ႔စိတ္နဲ႕အခြင္႔ထူးခံခ်င္တာမ်ိဳးေတြေတာင္မေတြးတတ္ေတာ႔ပဲသာသာယာယာခ်စ္ေနရရင္ကိုေပ်ာ္ေနတတ္ျကတာပါ။
မိန္းမတစ္ေယာက္ဟာ ဒီလိုအရာေတြေပ်ာက္ဆံုးေနမိျပီဆိုရင္သူတကယ္ကို အဲ႔လူတစ္ေယာက္ေပၚနွစ္နွစ္ကာကာနဲ႕စစ္မွန္စြာခ်စ္ေနမိတယ္ဆိုတာ ေသခ်ာသေလာက္ကိုရွိေနပါျပီ…ကိုုယ္႔ကိုယ္သိပ္ခ်စ္တဲ႔မိန္းမတိုင္းကိုပိုင္ဆိုင္ထားရတဲ႔ ေယာက်ၤားထုတို႕ဒီလိုမိန္းကေလးေတြကိုပိုလို႕ဆတိုးခ်စ္နုိင္ျကပါေစဆုေတာင္းရင္း…

Unicode

မိန်းကလေးတွေဆိုတာထင်ထားတာထက်ပိုပြီးအချစ်ကြီးအစွဲလန်းကြီးတတ်ကြတဲ့အမျိုးတွေပါ( အားလုံးကိုတော့မဆိုလိုပါဘူး) သူတို့မိသားစုတွေသူတို့တွယ်တာမြတ်နိုးရသူတွေနဲ့သာဆို သူတို့နားကဒီလိုအရာတွေက ပျောက်ခြင်းမလှကို ပျောက်ရှသွားတတ်ကြတာပါ…
(၁) ငါစွဲ
မိန်းကလေးတစ်ယောက်ဟာ သိပ်ချစ်မိသွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ထက်ပိုလို့ကိုချစ်မိသွားတတ်ကြပါတယ်(မယုံမရှိနဲ့နော်) တကယ့်အချစ်ကြီးတဲ့မိန်းမတွေဆိုတာကိုယ့်ချစ်သူစိတ်ချမ်းသာမှုကို ကိုယ့်စိတ်ချမ်းသာမှုထက်ပိုတွေးပေးတတ်ကြတာအကျင့်ကြီးကိုဖြစ်နေတတ်ကြပါပြီ။ ဒါကိုသိက္ခာကျတယ်စျေးပေါတယ်ဆိုတဲ့ ခပ်ညံ့ညံ့စကားတွေနဲ့တော့တင်စားလို့မရပါဘူး။ အတင်းလိုက်ပြီးဖက်တွယ်နေတာမျိုးထက် မြုဆွယ်နေတာမျိုးမဟုတ်ပဲ ကိုယ့်ကိုယ်ကိုယ်ထက်ပိုချစ်လာတတ်ကြတာပါ။
(၂) မာန
သိပ်လှတယ် ၊ သိပ်တော်တယ် သိပ်ကို ထက်မြတ်လှပါတယ်ဆိုတဲ့မိန်းမတွေတောင် တကယ်ချစ်မိတဲ့အခါ ကိုယ့်ချစ်သူရဲ့အပြောဆိုအောက်တွေမှာကြွေစင်းကျရှုံးသွားတတ်ကြတာပါ။အသိတရားနဲ့သာ ပြန်ထိန်းချင်ထိန်းလို့ရမယ်၊ သေချာတာကတော့ စိတ်ကတော့ကြွေစင်းနေတာသေချာပါပြီ 😛 မိန်းမတစ်ယောက်ဘဝမှာ အထားနိုင်ဆုံး ထားလို့အကောင်းဆုံးဟာမာနဆိုတဲ့ဟာကြီးပါပဲ၊ ဒါပင်မဲ့ဒီမာနကိုသူတို့ချစ်တဲ့ယောကျင်္ားတစ်ယောက်အောက်မှာပဲချနင်းခံ၊ ပျက်စီးခံလေ့ရှိတတ်ကြပါတယ်။ ဒါကြောင့်သင့်အပေါ် မာနတွေ ဒေါသတွေမထားပဲ ဆက်ဆံတတ်တဲ့မိန်းမမျိုးကို အနိုင်မယူပဲတန်ဖိုးထားတတ်ပါစေ။
(၃) ပတ်ဝန်းကျင်ဂရုစိုက်မှု
ပတ်ဝန်းကျင်ဆိုတာ အမြဲမကောင်းပြောဖို့ချောင်းနေတတ်တဲ့အမျိုးပါ။ အထူးသဖြင့်မိန်းကလေးတော်တော်များများဟာ ပတ်ဝန်းကျင်ရဲ့ပုတ်ခတ်ဝေဖန်မှုဒဏ်ကို မခံနိုင်ကြပါဘူး။ ဒါပင်မဲ့ မိန်းမတို့များ ချစ်တတ်ပြီဆိုလာရင်ကိုယ့်ချစ်သူနဲ့ပတ်သတ်သမျှ ကို ဘာတွေပဲပြောပြော ဂရုမစိုက်ပဲ အချစ်သူရဲကောင်းမကြီးတွေလုပ်ချင်တတ်ကြတာပါ။ ကိုယ်ချစ်ရပါတယ်ဆိုတဲ့သူကနောက်ဆုံးထားသွားလို့ပတ်ဝန်းကျင်တံတွေးခွက်ပက်လန်မျော မယ်ဆိုရင်တောင် ခပ်တည်တည်နဲ့အမျောခံတတ်ကြတာပါ။
(၄) အတ္တ
ငါကမိန်းကလေးမလို့ငါ့ကိုပဲသူချော့ရမယ်၊ ငါကမိန်းမပဲ ဆိုတဲ့ တစ်ယူသန်အတွေးတွေမထားပဲ ညှိညှိနှိုင်းနှိုင်းနဲ့အေးချမ်းတဲ့ဘဝကိုပဲ ပိုင်ဆိုင်ချင်တတ်ကြတာပါ။ မိန်းမမလို့ဆိုတဲ့စိတ်နဲ့အခွင့်ထူးခံချင်တာမျိုးတွေတောင်မတွေးတတ်တော့ပဲသာသာယာယာချစ်နေရရင်ကိုပျော်နေတတ်ကြတာပါ။
မိန်းမတစ်ယောက်ဟာ ဒီလိုအရာတွေပျောက်ဆုံးနေမိပြီဆိုရင်သူတကယ်ကို အဲ့လူတစ်ယောက်ပေါ်နှစ်နှစ်ကာကာနဲ့စစ်မှန်စွာချစ်နေမိတယ်ဆိုတာ သေချာသလောက်ကိုရှိနေပါပြီ…ကိုုယ့်ကိုယ်သိပ်ချစ်တဲ့မိန်းမတိုင်းကိုပိုင်ဆိုင်ထားရတဲ့ ယောကျင်္ားထုတို့ဒီလိုမိန်းကလေးတွေကိုပိုလို့ဆတိုးချစ်နိုင်ကြပါစေဆုတောင်းရင်း…

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.