ခ်စ္သူရည္းစားျခင္းရန္ျဖစ္ရင္ေတာင္မထြက္သင္႔တဲ႔စကားေတြက

ဒီလိုစကားေတြကသင္နဲ႕သင္႔ခ်စ္သူရဲ႕ဆက္ဆံေရးကို ေ၀းေ၀းသြားေအာင္တြန္းပို႕ေပးနုိင္တယ္ဆိုတာသင္သိပါသလား…မသိရင္အခုျဖစ္ျဖစ္သိေအာင္ျကည္႔ထားလုိက္ပါ။တစ္ခ်ိဳ႕စကားေတြကစိတ္အခန္႕မသင္႔တဲ႔အခ်ိန္ေျပာလုိက္မိပင္မဲ႔ကိုယ္႔ခ်စ္သူရင္ထဲကို အနက္ရိႈင္းဆံုးထိရွသြားေစနုိင္ျပီးသင္တုိ႕ရဲ႕ခ်စ္ေရးခ်စ္ရာကို ဖ်က္ဆီးပစ္လုိက္နုိင္ပါတယ္။
(၁) နင္႔မွာဘာအျဖစ္ရွိလုိ႕လဲ
တစ္ေယာက္ကိုတစ္ေယာက္ခ်ိဳးနွိမ္ေစတဲ႔စကားမ်ိဳးကိုမေျပာမိပါေစနဲ႕။ ဒါဟာလူတစ္ေယာက္ရဲ႕သိကၡာနဲ႕မာနတရားကိုထိခိုက္ေစနိုင္တာေျကာင္႔ သင္႔ကိုခ်စ္တယ္ဆိုရင္ေတာင္စိတ္ထဲမွာေတာ႔နာေနမွာအနည္းနဲ႕အမ်ားပါပဲ။
(၂) နင္မရွိလည္းရတယ္
သိပ္ကိုထိရွသြားပါျပီ။ ကိုယ္ကေတာ႔ သူ႕ကိုစိတ္တိုတုန္းေျပာလိုက္တာဆိုပင္မဲ႔သူ႕အျမင္မွာေတာ႔ သူ႕တကယ္မရွိလည္းသင္ရတယ္ဆိုတဲ႔စကားေျကာင္႔သင္႔နားကေနအေ၀းဆံုးကိုထြက္သြားပါလိမ္႔မယ္။
(၃) ဒါမွန္းသိအစတည္းကမျကိုက္ခဲ႔ပါဘူး
ခ်စ္ခဲ႔မိတာကိုေနာင္တရသလုိလိုစကားမ်ိဳးမေျပာပါနဲ႕။ ဒါဟာ RS တုိင္းအတြက္သိပ္ကို ရြံ႕ရွာမုန္းတီးစရာေကာင္းတဲ႔စကားတစ္ခြန္းပါပဲ။ ခ်စ္ခဲ႔တာေတြေမတၱာထားခဲ႔ျကတာေတြအားလံုးသဲထဲေရသြန္လုိက္သလုိပါပဲ။
(၄) စိတ္ကုန္တယ္၊စိတ္ပ်က္တယ္
လူတစ္ေယာက္ကိုစိတ္တိုတာထက္စိတ္ပ်က္တယ္စိတ္ကုန္တယ္ဆိုတဲ႔စကားဟာ တစ္ဖက္လူကိုအမွန္တကယ္နာက်င္ေစရပါတယ္။ သင္ရဲ႕သူ႕အေပၚစိတ္ပ်က္တယ္ဆိုတဲ႔အေျပာဆိုေျကာင္႔ သင္႔နားကေနအေ၀းဆံုးကိုထြက္ေျပးသြားနုိင္ပါတယ္။
(၅) သူ႕ရဲ႕အားနည္းခ်က္ကိုေထာက္ျပတာ
လူတစ္ေယာက္ရဲ႕အားနည္းခ်က္ကိုကူညီေဖးမေပးျပီးလမ္းျပမေပးပဲ ေထာက္ျပျပီး နွိမ္တာမ်ိဳးဟာ ဘယ္ေလာက္ပဲစိတ္တိုေနပါေစ ေျပာမထြက္သင္႔ပါဘူး။အထူးသျဖင္႔ခ်စ္သူရည္းစားေတြျကားအားနည္းခ်က္ေထာက္ျပတာဟာသိပ္ကိုစိတ္ဒဏ္ရာရေစနိုင္တဲ႔အျပဳမူမလုိ႕မလုပ္တာပဲေကာင္းပါတယ္။

Unicode

ဒီလိုစကားတွေကသင်နဲ့သင့်ချစ်သူရဲ့ဆက်ဆံရေးကို ဝေးဝေးသွားအောင်တွန်းပို့ပေးနိုင်တယ်ဆိုတာသင်သိပါသလား…မသိရင်အခုဖြစ်ဖြစ်သိအောင်ကြည့်ထားလိုက်ပါ။တစ်ချို့စကားတွေကစိတ်အခန့်မသင့်တဲ့အချိန်ပြောလိုက်မိပင်မဲ့ကိုယ့်ချစ်သူရင်ထဲကို အနက်ရှိုင်းဆုံးထိရှသွားစေနိုင်ပြီးသင်တို့ရဲ့ချစ်ရေးချစ်ရာကို ဖျက်ဆီးပစ်လိုက်နိုင်ပါတယ်။
(၁) နင့်မှာဘာအဖြစ်ရှိလို့လဲ
တစ်ယောက်ကိုတစ်ယောက်ချိုးနှိမ်စေတဲ့စကားမျိုးကိုမပြောမိပါစေနဲ့။ ဒါဟာလူတစ်ယောက်ရဲ့သိက္ခာနဲ့မာနတရားကိုထိခိုက်စေနိုင်တာကြောင့် သင့်ကိုချစ်တယ်ဆိုရင်တောင်စိတ်ထဲမှာတော့နာနေမှာအနည်းနဲ့အများပါပဲ။
(၂) နင်မရှိလည်းရတယ်
သိပ်ကိုထိရှသွားပါပြီ။ ကိုယ်ကတော့ သူ့ကိုစိတ်တိုတုန်းပြောလိုက်တာဆိုပင်မဲ့သူ့အမြင်မှာတော့ သူ့တကယ်မရှိလည်းသင်ရတယ်ဆိုတဲ့စကားကြောင့်သင့်နားကနေအဝေးဆုံးကိုထွက်သွားပါလိမ့်မယ်။
(၃) ဒါမှန်းသိအစတည်းကမကြိုက်ခဲ့ပါဘူး
ချစ်ခဲ့မိတာကိုနောင်တရသလိုလိုစကားမျိုးမပြောပါနဲ့။ ဒါဟာ RS တိုင်းအတွက်သိပ်ကို ရွံ့ရှာမုန်းတီးစရာကောင်းတဲ့စကားတစ်ခွန်းပါပဲ။ ချစ်ခဲ့တာတွေမေတ္တာထားခဲ့ကြတာတွေအားလုံးသဲထဲရေသွန်လိုက်သလိုပါပဲ။
(၄) စိတ်ကုန်တယ်၊စိတ်ပျက်တယ်
လူတစ်ယောက်ကိုစိတ်တိုတာထက်စိတ်ပျက်တယ်စိတ်ကုန်တယ်ဆိုတဲ့စကားဟာ တစ်ဖက်လူကိုအမှန်တကယ်နာကျင်စေရပါတယ်။ သင်ရဲ့သူ့အပေါ်စိတ်ပျက်တယ်ဆိုတဲ့အပြောဆိုကြောင့် သင့်နားကနေအဝေးဆုံးကိုထွက်ပြေးသွားနိုင်ပါတယ်။
(၅) သူ့ရဲ့အားနည်းချက်ကိုထောက်ပြတာ
လူတစ်ယောက်ရဲ့အားနည်းချက်ကိုကူညီဖေးမပေးပြီးလမ်းပြမပေးပဲ ထောက်ပြပြီး နှိမ်တာမျိုးဟာ ဘယ်လောက်ပဲစိတ်တိုနေပါစေ ပြောမထွက်သင့်ပါဘူး။အထူးသဖြင့်ချစ်သူရည်းစားတွေကြားအားနည်းချက်ထောက်ပြတာဟာသိပ်ကိုစိတ်ဒဏ်ရာရစေနိုင်တဲ့အပြုမူမလို့မလုပ်တာပဲကောင်းပါတယ်။

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.