ကလေးသူငယ်ကို လိင်ပိုင်းဆိုင်ရာစော်ကားမှုအများဆုံးပါဝင်တဲ့ လိင်ပိုင်းဆိုင်ရာရာဇ၀တ်မှုပေါင်း ၁၃ ခုမှာ အပြစ်ရှိကြောင်းဝန်ခံလိုက်ပြီတဲ့ နောက် Lostprophets ရဲ့အဆိုတော် Ian Watkins ကိုပြစ်ဒဏ်ချမှတ်လိုက်ပါပြီ။ Watkins ဟာ Rock ဂီတသမိုင်းမှာ ကျင့်ဝတ်အဖောက်ပြန်ဆုံးနဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာအကောင်းဆုံး ပြစ်မှုတွေကျူးလွန်ခဲ့တာမှန်ကန်ကြောင်း ၀န်ခံခဲ့တာဖြစ်ပြီး ဒီလုပ်ရပ်ကြောင့် Watkins ဟာထောင်ဒဏ် ၂၉နှစ် နဲ့အမိန့်နာခံပြီးငြိမ်းချမ်းစွာနေပါက လျော့ပေးမယ့်ပြစ်ဒဏ် ၆ နှစ်အပါအ၀င် စုစုပေါင်း ၃၅ နှစ်ကျခံခဲ့ရပါတယ်။ ပြစ်ဒဏ်ရဲ့ သုံးပုံနှစ်ပုံသောကာလ ကျခံလို့မပြီးမချင်း အာမခံရရှိမှာမဟုတ်ပါဘူး။
၃၆နှစ်ရှိပြီဖြစ်တဲ့ အဆိုတော်ဟာ သူ့ရဲ့ rock star အဖြစ်နာမည်ကြီးမှုတစ်ခုကိုအသုံးပြုပြီး လူငယ်ပရိတ်သတ်တွေကို နှစ်ပေါင်းများစွာလွှမ်းမိုးလာခဲ့တာပါ။ Watkins ဟာ သူ့ရဲ့လွှမ်းမိုးနိုင်စွမ်းကို အလွဲသုံးပြီး အမျိုးသမီးနှစ်ယောက်နဲ့ပါတ်သတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီ့အမျိုးသမီးနှစ်ယောက်ဟာ သူတို့ရဲ့မွေးကင်းစကလေးငယ်တွေကို Watkins တစ်ယောက်လိင်ဆက်ဆံနိုင်စေဖို့ ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။ မုဒိမ်းကျင့်ရန်ကြံစဉ်မှုနှစ်ခု ၁၃ နှစ်အောက်ကလေးတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေနဲ့အတူ အခြားပြစ်မှုတွေဖြစ်တဲ့ ကလေးငယ်တွေရဲ့ဝစ်လစ်စလစ်ပုံရိုက်ကူးပိုင်ဆိုင်မှု ၆ခု၊ တိရိစ္ဆာန်တစ်ကောင်နဲ့လိင်ဆက်ဆံနေတဲ့ပုံ ပိုင်ဆိုင်မှုတွေမှာ အပြစ်ရှိကြောင်းဝန်ခံခဲ့ပါတယ်။
Watkins ရဲ့စီရင်ချက်ကို ဒီဇင်ဘာ ၁၈ရက်နေ့မနက်မှာပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါ အမည်မသိတဲ့ အမျိုးသမီးနှစ်ဦးကိုလဲ ထောင်ဒဏ် ၁၄ နှစ်နဲ့ ၁၇နှစ် အသီးသီးချမှတ်ခဲ့ပါတယ်။
Ref:loudwire