ရန်ဖြစ်ထားလို့ပင်ပန်းနေတဲ့နှစ်ဦးနစ်ဖက်စိတ်အခြေနေကိုဘယ်လိုပြန်လည်ကုစားမလဲ…


Unicode

သမီးရည်းစားတိုင်းရန်ဖြစ်စကားများစိတ်ခုကြတာအဆန်းရယ်မဟုတ်ပါဘူး၊ မဖြစ်မှသာအဆန်းကြီးဖြစ်နေမှာပါ။ တစ်ယောက်နဲ့တစ်ယောက်သဝန်တွေတို စိတ်တွေခု စိတ်ဆိုးဒေါသတွေဖြစ်ကြတာ
အတွဲတိုင်းလိုလိုပါပဲ။ နားလည်မှုတွေလွဲကြ အနိုင်တွေပိုင်းကြ အချစ်တွေကြီးကြရင်း တွဲတဲ့ နှစ်တွေလတွေထက်တောင်စကားများရန်ဖြစ်တဲ့အကြိမ်ရေတွက်များနေတတ်ကြပါတယ်။ ဆိုတော့ တစ်ယောက်နဲ့တစ်ယောက်ချစ်ကြပြီးမှဘာမဟုတ်တာလေးနဲ့လမ်းခွဲတဲ့ထိမဖြစ်စေဖို့ ပင်ပန်းနေတဲ့နှစ်ဦးနှစ်ဖက်ရဲ့စိတ်အခြေကို ဘယ်လိုကုစားသင့်သလဲ..
(၁) လျော့လိုက်ပါ၊ နှစ်ဦးနှစ်ဖက်လုံးတင်းထားပြီးစိတ်ပင်ပန်းခံနေတာမကောင်းပါဘူး။ ဒါကြောင့်ဖြစ်နိုင်ရင်ကိုယ့်စိတ်ကို ကိုယ်တိုင်ဖြေလျော့လိုက်ပါ။
(၂) တွေ့ဆုံပါ၊ ရန်ဖြစ်ထားလို့ မတွေ့ရင် ပိုစိတ်ပင်ပန်းရပါတယ်။ အများဆုံးသုံးရက်လောက်ပဲဆိုးပါ၊ ပြီးတာနဲ့နှစ်ဦးသားတွေ့ဆုံပြီးပြန်လည်နားလည်မှုယူပါ။
(၃) ကတိပေးပါ၊ နောက်ထပ်ဒီလိုကိစ္စတွေနဲ့အလားတူ ရန်ဖြစ်တာမျိုးမလုပ်ကြတော့ဘူးလို့တစ်ဦးနဲ့တစ်ဦးကတိပေးပြီးယုံကြည်မှုပြန်တည်ဆောက်ပါ
(၄) ပျော်စရာကောင်းပြီးကြည်နူးစရာကောင်းတဲ့အချိန်တွေဖန်တီးပါ၊ ချစ်စရာကောင်းပြီးနှစ်ယောက်လုံးအတွက် ကြည်နူးစရာစိတ်ခံစားမှုကို အပြည့်ဝဖြစ်စေနိုင်မဲ့အချိန်လေးတွေကိုဖန်တီးပါ
ဒါဆိုရင်တော့သင်တို့စိတ်ထဲညစ်နွမ်းနေတဲ့ရန်ဖြစ်ထားတဲ့စိတ်ဒဏ်ရာကြီးကနေလွတ်မြောက်ပြီး အရင်လိုပျော်ရွှင်စရာကောင်းတဲ့ RS ဘဝကိုဖြတ်သန်းနိုင်မှာပါ။

419 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.