Michael Jackson အတြက္ Tribute ပေရာဂ်က္မွာပါ၀င္ဖုိ႔ ဖိတ္ၾကားခံခဲ႔ရေပမဲ႔ BTS ျငင္းပယ္ခဲ႔တယ္လို႔သိရ

MJJ Music ရဲ ႔စီအီးအုိျဖစ္ခဲ႔သူ Jerry Greenberg ဟာ Michael Jackson ရဲ ႔ေမြးေန႔အတြက္ အမွတ္တရ Tribute song လုပ္ဖုိ႔စီစဥ္ခဲ႔ျပီး ကမာၻတစ္၀န္းက နာမည္ေက်ာ္အႏုပညာရွင္မ်ားစြာကုိဖိတ္ၾကားခဲ့ပါတယ္။အဲ႔ဒီထဲမွာ ေတာင္ကုိရီးယားႏုိင္ငံတင္မက ႏုိင္ငံတကာပရိသတ္ေတြရရွိေနျပီျဖစ္တဲ႔ေကေပါ့ပ္အဖြဲ႔ BTS လည္းပါ၀င္ခဲ႔ပါတယ္။

Michael Jackson tribute song မွာပါ၀င္ဖုိ႔ဖိတ္ၾကားခံခဲ႔ရတဲ႔အတြက္ BTS ရဲ ႔Army ေတြက အရမ္းကုိစိတ္လႈပ္ရွား၀မ္းသာခဲ႔ၾကပါတယ္။ဘာလို႔လဲဆုိေတာ့ ဒါက ႏုိင္ငံတကာက အႏုပညာရွင္ေတြစုေပါင္းပါ၀င္မယ့္ ၾကီးမားတဲ႔ပေရာဂ်က္တစ္ခုလည္းျဖစ္တာကုိး။ဒါေပမဲ႔ ဒီသတင္းနဲ႔ပတ္သက္ျပီး တစ္ခိ်ဳ႔က ဒီဖိတ္ၾကားခ်က္သတင္းက အခုခ်ိန္ထိတရား၀င္အတည္မျပဳရေသးေၾကာင္းေကာမန္႔ေတြေရးသားထားၾကတာျမင္ေတြ႔ရပါတယ္။

BTS ရဲ ႔ေအဂ်င္စီ Big Hit Entertainment ကေတာ့ ကမ္းလွမ္းခ်က္ရရွိခဲ႔ေၾကာင္းအတည္ျပဳခဲ႔ပါတယ္။”BTS အဖြဲ႔က Michael Jacksonအတြက္ tribute song မွာပါ၀င္ဖုိ႔ ဖိတ္ၾကားခံခဲ့ရပါတယ္။ဒီလုိဖိတ္ၾကားခ်က္မ်ိဳး လက္ခံရရွိခဲ႔တာ ၀မ္းသာဂုဏ္ယူစရာကိစၥပါ။ဒါေပမဲ ႔စိတ္မေကာင္းစြာနဲ႔ပဲ ဒီဖိတ္ၾကားခ်က္မရခင္တည္းက မၾကာခင္ထြက္ရွိမယ့္အယ္လ္ဘမ္အသစ္အတြက္ရယ္၊မၾကာခင္စေတာ့မယ့္ ကမာၻလွည့္ေဖ်ာ္ေျဖပြဲအတြက္ရယ္ေၾကာင့္ အလုပ္ခိ်န္ဇယားေတြက ျပည့္ႏွက္ေနပါတယ္။အဲ႔ဒါေၾကာင့္ tribute ပေရာဂ်က္မွာ ပါ၀င္ခ်င္ေပမဲ႔ ပါ၀င္ဖုိ႔အခြင့္အေရးမရွိေတာ့ပါဘူး”လုိ႔ ေျပာခဲ႔ပါတယ္။

Jerry Greenberg ရဲ ႔ေျပာစကားအရ ဒီပေရာဂ်က္မွာ BTS အျပင္တရုတ္ႏုိင္ငံက နာမည္ေက်ာ္အဆုိေတာ္တစ္ေယာက္ျဖစ္တဲ႔ Luhan ကုိလည္းဖိတ္ၾကားထားေၾကာင္းသိရပါတယ္။Michael Jackson ရဲ ႔ေမြးေန႔ကေတာ့ ၾသဂုတ္လ ၂၉ရက္ေန႔ျဖစ္ျပီး သက္ရွိထင္ရွားရွိေနမယ္ဆုိရင္ေတာ့ အသက္ ၆၀ျပည့္ေမြးေန႔ျဖစ္ပါတယ္။ဒီပေရာဂ်က္နဲ႔ပတ္သက္ျပီးဘယ္လိုအေျပာင္းအလဲေတြရွိလာမလဲဆုိတာကိုေတာ့ ဆက္ျပီးေစာင့္ေမ်ွာ္ၾကည့္ေပးပါဦး။

https://www.youtube.com/watch?v=8GFv9uuFHuo&feature=youtu.be

Unicode

MJJ Music ရဲ ့စီအီးအိုဖြစ်ခဲ့သူ Jerry Greenberg ဟာ Michael Jackson ရဲ ့မွေးနေ့အတွက် အမှတ်တရ Tribute song လုပ်ဖို့စီစဉ်ခဲ့ပြီး ကမ္ဘာတစ်ဝန်းက နာမည်ကျော်အနုပညာရှင်များစွာကိုဖိတ်ကြားခဲ့ပါတယ်။အဲ့ဒီထဲမှာ တောင်ကိုရီးယားနိုင်ငံတင်မက နိုင်ငံတကာပရိသတ်တွေရရှိနေပြီဖြစ်တဲ့ကေပေါ့ပ်အဖွဲ့ BTS လည်းပါဝင်ခဲ့ပါတယ်။

Michael Jackson tribute song မှာပါဝင်ဖို့ဖိတ်ကြားခံခဲ့ရတဲ့အတွက် BTS ရဲ ့Army တွေက အရမ်းကိုစိတ်လှုပ်ရှားဝမ်းသာခဲ့ကြပါတယ်။ဘာလို့လဲဆိုတော့ ဒါက နိုင်ငံတကာက အနုပညာရှင်တွေစုပေါင်းပါဝင်မယ့် ကြီးမားတဲ့ပရောဂျက်တစ်ခုလည်းဖြစ်တာကိုး။ဒါပေမဲ့ ဒီသတင်းနဲ့ပတ်သက်ပြီး တစ်ချို့က ဒီဖိတ်ကြားချက်သတင်းက အခုချိန်ထိတရားဝင်အတည်မပြုရသေးကြောင်းကောမန့်တွေရေးသားထားကြတာမြင်တွေ့ရပါတယ်။

BTS ရဲ ့အေဂျင်စီ Big Hit Entertainment ကတော့ ကမ်းလှမ်းချက်ရရှိခဲ့ကြောင်းအတည်ပြုခဲ့ပါတယ်။”BTS အဖွဲ့က Michael Jacksonအတွက် tribute song မှာပါဝင်ဖို့ ဖိတ်ကြားခံခဲ့ရပါတယ်။ဒီလိုဖိတ်ကြားချက်မျိုး လက်ခံရရှိခဲ့တာ ဝမ်းသာဂုဏ်ယူစရာကိစ္စပါ။ဒါပေမဲ ့စိတ်မကောင်းစွာနဲ့ပဲ ဒီဖိတ်ကြားချက်မရခင်တည်းက မကြာခင်ထွက်ရှိမယ့်အယ်လ်ဘမ်အသစ်အတွက်ရယ်၊မကြာခင်စတော့မယ့် ကမ္ဘာလှည့်ဖျော်ဖြေပွဲအတွက်ရယ်ကြောင့် အလုပ်ချိန်ဇယားတွေက ပြည့်နှက်နေပါတယ်။အဲ့ဒါကြောင့် tribute ပရောဂျက်မှာ ပါဝင်ချင်ပေမဲ့ ပါဝင်ဖို့အခွင့်အရေးမရှိတော့ပါဘူး”လို့ ပြောခဲ့ပါတယ်။

Jerry Greenberg ရဲ ့ပြောစကားအရ ဒီပရောဂျက်မှာ BTS အပြင်တရုတ်နိုင်ငံက နာမည်ကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Luhan ကိုလည်းဖိတ်ကြားထားကြောင်းသိရပါတယ်။Michael Jackson ရဲ ့မွေးနေ့ကတော့ သြဂုတ်လ ၂၉ရက်နေ့ဖြစ်ပြီး သက်ရှိထင်ရှားရှိနေမယ်ဆိုရင်တော့ အသက် ၆ဝပြည့်မွေးနေ့ဖြစ်ပါတယ်။ဒီပရောဂျက်နဲ့ပတ်သက်ပြီးဘယ်လိုအပြောင်းအလဲတွေရှိလာမလဲဆိုတာကိုတော့ ဆက်ပြီးစောင့်မျှော်ကြည့်ပေးပါဦး။

91 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.