ပြိုင်ဘီးစီးအသင်း Saxo-Tinkoff မှာ ပါဝင်ယှဉ်ပြိုင်လျက်ရှိနေတဲ့ (၃၃)နှစ်အရွယ် သြစတြေးလျနိုင်ငံ သား မိုက်ကယ်ရော်ဂျာဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပပြု လုပ်ခဲ့တဲ့ Japan Cup Cycle Road Race ပြိုင်ပွဲအတွင်း ရှောင်တစ်ခင် တားမြစ်ဆေးစစ်ဆေးခဲ့မှုက နေ ပိတ်ပင်ထားတဲ့ clenbuterol တွေ့ရှိခဲ့တာကြောင့် လောလောဆယ် ပြိုင်ပွဲဝင်ခွင့်များပိတ်ပင်ခံ ထားရပါပြီ။ အောက်တိုဘာ (၂၀)ရက်နေ့က ပြိုင်ပွဲအပြီး မိုက်ကယ်ရော်ဂျာရဲ့ ဆီးနမူနာကို နိုင်ငံတ ကာတားမြစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်ဆီ (WADA) ကနေ တောင်းခံခဲ့ကာ စစ်ဆေးခဲ့ခြင်းကနေ ဒီလိုတွေ့ရှိလာခဲ့ရတာဖြစ်ပါတယ်။ ဒီလိုတားမြစ်ဆေး Positive ပြခဲ့မှုကြောင့် ပြစ်ဒဏ်ချမှတ်ခြင်းမပြု ခင်အချိန်ထိ မိုက်ကယ်ကို နိုင်ငံတကာစက်ဘီးစီးအဖွဲ့အစည်းကနေ ပြိုင်ပွဲဝင်ခွင့်ယာယီပိတ်ပင်ထား မှာဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံသားဟာ ဂရိနိုင်ငံ၊ အေသင်မြို့မှာ ၂၀၀၄ခုနှစ်က ကျင်းပခဲ့တဲ့ အေသင်အိုလံပစ်ပြိုင် ပွဲအတွင်း ကြေးတံဆိပ်တစ်ခုရရှိခဲ့ဖူးသူဖြစ်သလို ၂၀၀၃၊ ၂၀၀၄၊ ၂၀၀၅ သုံးနှစ်ဆက်တိုက် World Time Trail Championship ပြိုင်ပွဲများမှာ ချန်ပီယံဖြစ်ခဲ့ဖူးပါတယ်။ သူ့အနေနဲ့ ဒုတိယမြောက်ဆီးနမူ နာနဲ့ ထပ်မံစစ်ဆေးခံခွင့်ရှိနေတာကြောင့် အခွင့်အရေးရှိနေဆဲလို့ ဆိုနိုင်ပါတယ်။