ႏႈတ္ခမ္းနီမေလးေတြရဲ ႔အခ်စ္ဦး ဂြ်န္ေစာနဲ႔ပတ္သက္လုိ႔ ဒါေလးေတြက မသိမျဖစ္ေနာ္ ❤️

“ေဆာင္းဦးရြက္ေၾကြခ်စ္သက္ေသ” ဆုိတဲ႔ဇာတ္ကားကေန စသိလာခဲ႔တဲ႔ မင္းသား ဂြ်န္ေစာ (Song Seung Heon) ဟာ အခုခ်ိန္ထိတိုင္ေအာင္ႏႈတ္ခမ္းနီမေလးေတြ သည္းသည္းလႈပ္ဆဲ မင္းသားတစ္လက္ပါ။အသက္ ၄၁ႏွစ္ဆုိေသာ္ျငားလည္း မိန္းကေလးပရိသတ္ေတြမ်က္စိထဲမွာေတာ့
ပိုေခ်ာ၊ပုိခန္႔လာတာကလြဲရင္ အသက္မၾကီးသေယာင္ထင္ရတဲ႔ မင္းသားလည္းျဖစ္ပါေသးတယ္။

တရုတ္မင္းသမီးေခ်ာေလးLiu Yifei နဲ႔ခ်စ္သူေတြျဖစ္ခဲ႔ေပမဲ့ အဆင္မေျပမႈေတြေၾကာင့္ ႏွစ္ေယာက္သားလမ္းခြဲလိုက္ၾကတာ အခ်ိန္အေတာ္ၾကာပါျပီ။အခုလက္ရွိမွာေတာ့ Song Seung Heon ရဲ ႔Black ဆုိတဲ႔ဇာတ္လမ္းတြဲထြက္ရွိထားပါတယ္။ပရိသတ္ေတြကုိ ဒီေန႔ေျပာျပေပးခ်င္တာကေတာ့ ကုိယ္ေတြရဲ ႔အခ်စ္ဦး ဂြ်န္ေစာနဲ႔ပတ္သက္ျပီးပရိသတ္ေတြသိပ္မသိၾကေသးတဲ႔အေၾကာင္းေလးေတြပါပဲ။အတူတူဖတ္ၾကည့္လိုက္ရေအာင္…

၁)Sinsa ဆုိတဲ႔နယ္ေလးမွာ Blacksmith ဆုိတဲ႔စားေသာက္ဆုိင္ၾကီးတစ္ခုရွိျပီး အဲ႔ဒီစားေသာက္ဆုိင္ရဲ ႔စီအီးအုိက Song Seung Heon ပါပဲ။

၂)နာမည္ေက်ာ္မင္းသား၊မင္းသမီးေတြပြဲထုတ္တတ္တဲ႔ Better Entertainment က မင္းသားေခ်ာ Song Seung Heon ပုိင္တာပါ။

၃)Song Seung Heon က IU ရဲ ႔ပရိသတ္ပါတဲ႔။JTBC ရဲ ႔ပရိုဂရမ္တစ္ခုအင္တာဗ်ဴးမွာ သူက IU ရဲ ႔ပရိသတ္ျဖစ္ေၾကာင္းကုိ “ဒီရက္ထဲမွာ ကြ်န္ေတာ္အရမ္းၾကိဳက္ေနတဲ႔သီခ်င္းတစ္ပုဒ္ရွိတယ္။မိန္းကေလးအဆိုေတာ္ပဲ။အဲ့သီခ်င္းကုိေလ့က်င့္ခန္းလုပ္ေနတုန္းနားေထာင္မိလုိက္တာျဖစ္ျပီး သူ႔ကုိယ္သူသတိထားမိလိုက္တဲ႔အခ်ိန္မွာ အဲ့ဒီသီခ်င္းကုိ တစ္နာရီေလာက္နီးပါးျပန္နားေထာင္ေနမိတာဆုိတာပါပဲ။ေလ့က်င့္ခန္းလုပ္ေနတုန္း လိုက္ေတာင္ဆုိမိတဲ႔အထိအလြတ္ေတာင္ရခဲ႔တာပါ”
ဆုိျပီးေျပာခဲ႔ပါတယ္။သီခ်င္းနာမည္ကေတာ့ Friday ျဖစ္ျပီး အဲ႔ဒါကသူအၾကိဳက္ဆံုးသီခ်င္းစာရင္းမွာပါ၀င္ခဲ႔ပါတယ္။

၄)၂၀၁၅၊ဇူလိုင္လ The Third Way of Love စတင္ျပသတဲ႔အခ်ိန္၊ပရိုမိုးရွင္းကာလမွာပဲ သူ႔ထက္ အသက္ ၁၁ႏွစ္ငယ္ရြယ္တဲ႔မင္းသမီးေခ်ာ Liu Yifei နဲ႔တြဲေနျပီ
ျဖစ္ေၾကာင္းသတင္းထြက္လာခဲ႔တာပါ။

၅)မင္းသားေခ်ာ Song Seung Heon က “ပထမဆံုးစေတြ႔တဲ႔အခ်ိန္မွာ မိုးၾကိဳးပစ္ခံလုိက္ရသလို ခံစားမွႈမ်ိဳးေပးစြမ္းႏုိင္တဲ႔မိန္းကေလးက ကြ်န္ေတာ့္ရဲ ႔Ideal type မိန္းကေလးပါပဲ”တဲ႔။ကံၾကမၼာကုိယံုၾကည္တဲ႔အတြက္ blind date လည္းတစ္ခါမွမလုပ္ခဲ႔ဖူးပါဘူးလို႔ေျပာခဲ႔ဖူးပါတယ္။၂၀၁၃ တုန္းကေတာ့အင္တာဗ်ဴးတစ္ခုမွာ Song Hye Kyo က သူ႔ရဲ ႔Ideal type မိန္းကေလးပါလို႔ေျပာျပခဲ့ဖူးပါတယ္။

၆)မင္းသားေခ်ာ So Ji Sub က သူ႔ရဲ ႔အခ်စ္ဆံုးသူငယ္ခ်င္းျဖစ္ျပီး သူတုိ႔ရဲ ႔သံေယာဇဥ္က ႏွစ္ေပါင္း ၂၀မကပါဘူးတဲ႔။သူက So Ji Sub ထက္အရင္လက္ထပ္ျဖစ္မွာလုိ႔ေတာင္ အင္တာဗ်ဴးတစ္ခုမွာေျဖခဲ႔ဖူးပါေသးတယ္။

၇)မၾကာခင္မွာေတာ့ တရုတ္ႏုိင္ငံကအႏုပညာရွင္ေတြနဲ႔လက္တြဲရိုက္ကူးထားတဲ႔ Unbreakable Spirit ဆုိတဲ႔ဇာတ္ကားေလးထြက္ရွိလာေတာ့မွာပါ။ၾသဂုတ္လ ၁၇ရက္ေန႔မွာထြက္ရွိမွာျဖစ္ျပီး ဒီဇာတ္ကားမွာ မင္းသားၾကီး Bruce Willis လည္းပါ၀င္တာျဖစ္လို႔ ၾကည့္ေကာင္းမယ္ဆုိတာေတာ့အေသအခ်ာပါပဲ။

Unicode

ဆောင်းဦးရွက်ကြွေချစ်သက်သေ ဆိုတဲ့ဇာတ်ကားကနေ စသိလာခဲ့တဲ့ မင်းသား ဂျွန်စော (Song Seung Heon) ဟာ အခုချိန်ထိတိုင်အောင်နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်ဆဲ မင်းသားတစ်လက်ပါ။အသက် ၄၁နှစ်ဆိုသော်ငြားလည်း မိန်းကလေးပရိသတ်တွေမျက်စိထဲမှာတော့
ပိုချော၊ပိုခန့်လာတာကလွဲရင် အသက်မကြီးသယောင်ထင်ရတဲ့ မင်းသားလည်းဖြစ်ပါသေးတယ်။

တရုတ်မင်းသမီးချောလေးLiu Yifei နဲ့ချစ်သူတွေဖြစ်ခဲ့ပေမဲ့ အဆင်မပြေမှုတွေကြောင့် နှစ်ယောက်သားလမ်းခွဲလိုက်ကြတာ အချိန်အတော်ကြာပါပြီ။အခုလက်ရှိမှာတော့ Song Seung Heon ရဲ ့Black ဆိုတဲ့ဇာတ်လမ်းတွဲထွက်ရှိထားပါတယ်။ပရိသတ်တွေကို ဒီနေ့ပြောပြပေးချင်တာကတော့ ကိုယ်တွေရဲ ့အချစ်ဦး ဂျွန်စောနဲ့ပတ်သက်ပြီးပရိသတ်တွေသိပ်မသိကြသေးတဲ့အကြောင်းလေးတွေပါပဲ။အတူတူဖတ်ကြည့်လိုက်ရအောင်…

၁)Sinsa ဆိုတဲ့နယ်လေးမှာ Blacksmith ဆိုတဲ့စားသောက်ဆိုင်ကြီးတစ်ခုရှိပြီး အဲ့ဒီစားသောက်ဆိုင်ရဲ ့စီအီးအိုက Song Seung Heon ပါပဲ။

၂)နာမည်ကျော်မင်းသား၊မင်းသမီးတွေပွဲထုတ်တတ်တဲ့ Better Entertainment က မင်းသားချော Song Seung Heon ပိုင်တာပါ။

၃)Song Seung Heon က IU ရဲ ့ပရိသတ်ပါတဲ့။JTBC ရဲ ့ပရိုဂရမ်တစ်ခုအင်တာဗျူးမှာ သူက IU ရဲ ့ပရိသတ်ဖြစ်ကြောင်းကို “ဒီရက်ထဲမှာ ကျွန်တော်အရမ်းကြိုက်နေတဲ့သီချင်းတစ်ပုဒ်ရှိတယ်။မိန်းကလေးအဆိုတော်ပဲ။အဲ့သီချင်းကိုလေ့ကျင့်ခန်းလုပ်နေတုန်းနားထောင်မိလိုက်တာဖြစ်ပြီး သူ့ကိုယ်သူသတိထားမိလိုက်တဲ့အချိန်မှာ အဲ့ဒီသီချင်းကို တစ်နာရီလောက်နီးပါးပြန်နားထောင်နေမိတာဆိုတာပါပဲ။လေ့ကျင့်ခန်းလုပ်နေတုန်း လိုက်တောင်ဆိုမိတဲ့အထိအလွတ်တောင်ရခဲ့တာပါ”
ဆိုပြီးပြောခဲ့ပါတယ်။သီချင်းနာမည်ကတော့ Friday ဖြစ်ပြီး အဲ့ဒါကသူအကြိုက်ဆုံးသီချင်းစာရင်းမှာပါဝင်ခဲ့ပါတယ်။

၄)၂၀၁၅၊ဇူလိုင်လ The Third Way of Love စတင်ပြသတဲ့အချိန်၊ပရိုမိုးရှင်းကာလမှာပဲ သူ့ထက် အသက် ၁၁နှစ်ငယ်ရွယ်တဲ့မင်းသမီးချော Liu Yifei နဲ့တွဲနေပြီ
ဖြစ်ကြောင်းသတင်းထွက်လာခဲ့တာပါ။

၅)မင်းသားချော Song Seung Heon က “ပထမဆုံးစတွေ့တဲ့အချိန်မှာ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားမှှုမျိုးပေးစွမ်းနိုင်တဲ့မိန်းကလေးက ကျွန်တော့်ရဲ ့Ideal type မိန်းကလေးပါပဲ”တဲ့။ကံကြမ္မာကိုယုံကြည်တဲ့အတွက် blind date လည်းတစ်ခါမှမလုပ်ခဲ့ဖူးပါဘူးလို့ပြောခဲ့ဖူးပါတယ်။၂၀၁၃ တုန်းကတော့အင်တာဗျူးတစ်ခုမှာ Song Hye Kyo က သူ့ရဲ ့Ideal type မိန်းကလေးပါလို့ပြောပြခဲ့ဖူးပါတယ်။

၆)မင်းသားချော So Ji Sub က သူ့ရဲ ့အချစ်ဆုံးသူငယ်ချင်းဖြစ်ပြီး သူတို့ရဲ ့သံယောဇဉ်က နှစ်ပေါင်း ၂ဝမကပါဘူးတဲ့။သူက So Ji Sub ထက်အရင်လက်ထပ်ဖြစ်မှာလို့တောင် အင်တာဗျူးတစ်ခုမှာဖြေခဲ့ဖူးပါသေးတယ်။

၇)မကြာခင်မှာတော့ တရုတ်နိုင်ငံကအနုပညာရှင်တွေနဲ့လက်တွဲရိုက်ကူးထားတဲ့ Unbreakable Spirit ဆိုတဲ့ဇာတ်ကားလေးထွက်ရှိလာတော့မှာပါ။သြဂုတ်လ ၁ရရက်နေ့မှာထွက်ရှိမှာဖြစ်ပြီး ဒီဇာတ်ကားမှာ မင်းသားကြီး Bruce Willis လည်းပါဝင်တာဖြစ်လို့ ကြည့်ကောင်းမယ်ဆိုတာတော့အသေအချာပါပဲ။

894 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.