တကယ္ထက္ျမက္ျပီးသတိၱရွိတဲ႔သူဆုိတာ Comfort Zone ထဲကေနရုန္းထြက္ရဲတဲ႔သူပါပဲ 🌸

Comfort Zone ဆုိတာ ကိုယ့္အိမ္လိုပဲ။ေႏြးေထြးတယ္၊လံုျခံဳတယ္။အိမ္ထဲမွာေနရင္ ဘာကုိမွထိတ္လန္႔ေနစရာမလိုဘူး။ေကာင္းေကာင္းလည္းအနားယူႏိုင္တယ္။အဲ႔ဒါေၾကာင့္ ကုိယ့္ရဲ ႔လက္ရွိအလုပ္အကုိင္ေလးရယ္၊ကုိယ့္မိသားစုေလးရယ္နဲ႔ေအးေအးခ်မ္းခ်မ္းပဲ ေနေနမိျပီလား?အခ်စ္ေရးနဲ႔ပတ္သက္ျပီးေတာ့ နာက်င္စရာေတြကုိလည္းလက္မခံသလို ေပ်ာ္ရႊင္စရာေတြကုိလည္းမယူေဆာင္ေတာ့ဘူး။အလုပ္အကုိင္အခြင့္အလမ္းနဲ႔ပတ္သက္လို႔ လမ္းေၾကာင္းေပၚလာမွဆုပ္ကုိင္လုိက္တယ္။လမ္းေၾကာင္းအသစ္မေပၚသေရြ႔ ဒီေရစီးေၾကာင္းအတုိင္းပဲေမ်ာလုိက္ေနမိျပီလား?ဒါက Comfort Zone ထဲမွာေနေနတာမဟုတ္ပါဘူး။တကယ္ေတာ့ ပိတ္မိေနတာပါပဲ။

Comfort Zone ထဲမွာေနေနရင္ သင့္ကုိ တစ္ျခားဘယ္သူကမွထိခိုက္နာက်င္ေအာင္မလုပ္ႏုိင္ဘူးလို႔ထင္မယ္။လံုျခံဳေႏြးေထြးမႈေပးႏုိင္တယ္လုိ႔ထင္မယ္။တကယ္ေတာ့ ဒါက အျပင္ေလာက ကုိေၾကာက္လုိ႔ တံခါးပိတ္ထားတဲ႔သေဘာပါပဲ။တံခါးဖြင့္လိုက္ရင္ ဘာေတြမ်ားေစာင့္ၾကိဳေနမလဲဆုိတဲ႔
ေၾကာက္ရြံ႔မႈက Comfort Zone ထဲမွာပဲ ပိတ္မိေနေစတာပါ။Comfort Zone ထဲကမထြက္ဘူးဆုိရင္ သင္ကရင့္က်က္တဲ႔သူတစ္ေယာက္ ဘယ္ေတာ့မွျဖစ္လာမွာမဟုတ္သလို တစ္ေနရာတည္းမွာပဲက်န္ရွိေနမယ့္သူမ်ိဳးပါ။Comfort Zone မွာေနေနသေရြ႔ အခြင့္အေရးသန္းေပါင္းမ်ားစြာကုိလက္လႊတ္လိုက္ရမယ္။သင့္ကုိတကယ္ခ်စ္တဲ႔သူနဲ႔ေတြ႔ဆံုမယ့္အေရးကုိလက္လႊတ္လိုက္ရမယ္။သင့္ရဲ ႔ေအာင္ျမင္မႈ၊အိပ္မက္ပန္းတိုင္ကုိေရာက္မယ့္လမ္းကုိလက္လႊတ္လိုက္ရမယ္။မိတ္ေဆြအေပါင္းအသင္းအသစ္ေတြနဲ႔လက္တြဲလုပ္ေဆာင္ရမယ့္အခြင့္အေရးေတြ၊စစ္မွန္တဲ႔ေမတၱာေတြပုိင္ဆုိင္ရမယ့္အေရးကုိဆံုးရွံဳးလုိက္ရမယ္။အျပင္မွာဘာေတြျဖစ္ေနမလဲ၊ဘာေတြလက္လႊတ္ဆံုးရွံဳးလုိက္ရမလဲဆုိတာလည္း မသိႏုိင္ေတာ့ဘူး။Comfort Zone ထဲမွာေနေနသေရြ႔ ဘာမွထပ္မရသလုိ ဘာမွလည္းမဆံုးရွံဳးဘူးလုိ႔ေတြးေနရင္ မဟာအမွားၾကီးပါပဲ။အျပင္မွာ သင္ရမယ့္အခြင့္အေရးေတြကုိ Comfort Zone ထဲကေန လက္ပုိက္ၾကည့္ျပီးစြန္႔လႊတ္ေနသလုိပါပဲ။

Comfort Zone ဟာ သင့္အတြက္လံုျခံဳတဲ႔ေနရာတစ္ခုဆုိတာ ခဏတာပါပဲ။ေရရွည္ကုိၾကည့္မယ္ဆုိရင္ အရမ္းအႏၱရာယ္မ်ားတဲ႔ေနရာတစ္ခုပါ။Comfort Zone ဟာ သင့္ရဲ ႔စိတ္ကူးအိပ္မက္ေတြတကယ္ျဖစ္မလာေအာင္တားဆီးထားတဲ႔ေနရာတစ္ခု၊သင့္ရဲ ႔အခြင့္အေရးေတြကုိလက္လႊတ္ဆံုးရွံဳး
ရေအာင္ပိတ္ေလွာင္ထားတဲ႔ေနရာတစ္ခု၊ဘ၀တစ္သက္တာလံုးလက္တြဲသြားရမယ့္အခ်စ္စစ္ကုိရွာမေတြ႔ႏုိင္ေအာင္တားဆီးထားတဲ႔ေနရာတစ္ခုပါပဲ။ဒီလုိေနရာမွာ တစ္သက္လံုးေနဖို႔စိတ္ကူးမ်ားရွိေနသလား?

တကယ္ ထက္ျမက္ျပီးသတိၱရွိတဲ႔သူဆုိတာ ကိုယ့္ဆီစာမျပန္မယ့္သူဆုိတာသိေနရင္ေတာင္ ကုိယ့္ဘက္က ပထမဆံုးစာပို႔ရဲတဲ႔သတိၱရွိရမယ္။ကုိယ့္ကုိအလုပ္ခန္႔မခန္႔မေသခ်ာရင္ေတာင္ အလုပ္အင္တာဗ်ဴးကုိရဲရဲ၀ံ႔၀ံ႔သြားေျဖရဲတဲ႔သတိၱရွိရမယ္။တစ္ျခားသူေတြက ထိခိုက္နာက်င္ေအာင္လုပ္မွာစိုးလို႔ တစ္ေနရာတည္းမွာအကာအကြယ္အျပည့္နဲ႔ေနေနတာမ်ိဳးမဟုတ္ပဲ ရဲရဲ၀ံ႔၀ံ႔ေရွ႔တိုးျပီး ကုိယ္ၾကံဳရမယ့္အခက္အခဲမွန္သမ်ွကုိ ေျဖရွင္းႏုိင္တဲ႔သတိၱရွိရမွာပါ။

သင့္ကုိယ့္သင္ ေအးေအးေဆးေဆးေပါ့ေပါ့ပါးပါးထားတယ္ဆုိတာလည္း အခ်ိန္အတိုင္းအတာတစ္ခုအထိပဲေကာင္းပါတယ္။ဘ၀မွာအရမ္းၾကီးသက္ေတာင့္သက္သာျဖစ္ေနတာမ်ိဳးကလည္း ရွင္သန္ရက်ိဳးမနပ္ပါဘူး။သင္ေရာ Comfort Zone ထဲမွာေအးေဆးေနေနတုန္းလား?ကုိယ့္ရ႔ဲတန္ဖုိး၊ကုိယ္နဲ႔ထုိက္တန္တဲ႔အရာကုိ ကုိယ္ကုိယ္တုိင္လမ္းသစ္ထြင္ျပီးရွာေဖြဖုိ႔လုပ္ပါေတာ့ 🌸

Unicode

Comfort Zone ဆိုတာ ကိုယ့်အိမ်လိုပဲ။နွေးထွေးတယ်၊လုံခြုံတယ်။အိမ်ထဲမှာနေရင် ဘာကိုမှထိတ်လန့်နေစရာမလိုဘူး။ကောင်းကောင်းလည်းအနားယူနိုင်တယ်။အဲ့ဒါကြောင့် ကိုယ့်ရဲ ့လက်ရှိအလုပ်အကိုင်လေးရယ်၊ကိုယ့်မိသားစုလေးရယ်နဲ့အေးအေးချမ်းချမ်းပဲ နေနေမိပြီလား?အချစ်ရေးနဲ့ပတ်သက်ပြီးတော့ နာကျင်စရာတွေကိုလည်းလက်မခံသလို ပျော်ရွှင်စရာတွေကိုလည်းမယူဆောင်တော့ဘူး။အလုပ်အကိုင်အခွင့်အလမ်းနဲ့ပတ်သက်လို့ လမ်းကြောင်းပေါ်လာမှဆုပ်ကိုင်လိုက်တယ်။လမ်းကြောင်းအသစ်မပေါ်သရွေ့ ဒီရေစီးကြောင်းအတိုင်းပဲမျောလိုက်နေမိပြီလား?ဒါက Comfort Zone ထဲမှာနေနေတာမဟုတ်ပါဘူး။တကယ်တော့ ပိတ်မိနေတာပါပဲ။

Comfort Zone ထဲမှာနေနေရင် သင့်ကို တစ်ခြားဘယ်သူကမှထိခိုက်နာကျင်အောင်မလုပ်နိုင်ဘူးလို့ထင်မယ်။လုံခြုံနွေးထွေးမှုပေးနိုင်တယ်လို့ထင်မယ်။တကယ်တော့ ဒါက အပြင်လောက ကိုကြောက်လို့ တံခါးပိတ်ထားတဲ့သဘောပါပဲ။တံခါးဖွင့်လိုက်ရင် ဘာတွေများစောင့်ကြိုနေမလဲဆိုတဲ့
ကြောက်ရွံ့မှုက Comfort Zone ထဲမှာပဲ ပိတ်မိနေစေတာပါ။Comfort Zone ထဲကမထွက်ဘူးဆိုရင် သင်ကရင့်ကျက်တဲ့သူတစ်ယောက် ဘယ်တော့မှဖြစ်လာမှာမဟုတ်သလို တစ်နေရာတည်းမှာပဲကျန်ရှိနေမယ့်သူမျိုးပါ။

Comfort Zone မှာနေနေသရွေ့ အခွင့်အရေးသန်းပေါင်းများစွာကိုလက်လွှတ်လိုက်ရမယ်။သင့်ကိုတကယ်ချစ်တဲ့သူနဲ့တွေ့ဆုံမယ့်အရေးကိုလက်လွှတ်လိုက်ရမယ်။သင့်ရဲ ့အောင်မြင်မှု၊အိပ်မက်ပန်းတိုင်ကိုရောက်မယ့်လမ်းကိုလက်လွှတ်လိုက်ရမယ်။မိတ်ဆွေအပေါင်းအသင်းအသစ်တွေနဲ့
လက်တွဲလုပ်ဆောင်ရမယ့်အခွင့်အရေးတွေ၊စစ်မှန်တဲ့မေတ္တာတွေပိုင်ဆိုင်ရမယ့်အရေးကိုဆုံးရှုံးလိုက်ရမယ်။အပြင်မှာဘာတွေဖြစ်နေမလဲ၊ဘာတွေလက်လွှတ်ဆုံးရှုံးလိုက်ရမလဲဆိုတာလည်း မသိနိုင်တော့ဘူး။Comfort Zone ထဲမှာနေနေသရွေ့ ဘာမှထပ်မရသလို ဘာမှလည်းမဆုံးရှုံးဘူးလို့တွေးနေရင် မဟာအမှားကြီးပါပဲ။အပြင်မှာ သင်ရမယ့်အခွင့်အရေးတွေကို Comfort Zone ထဲကနေ လက်ပိုက်ကြည့်ပြီးစွန့်လွှတ်နေသလိုပါပဲ။

Comfort Zone ဟာ သင့်အတွက်လုံခြုံတဲ့နေရာတစ်ခုဆိုတာ ခဏတာပါပဲ။ရေရှည်ကိုကြည့်မယ်ဆိုရင် အရမ်းအန္တရာယ်များတဲ့နေရာတစ်ခုပါ။Comfort Zone ဟာ သင့်ရဲ ့စိတ်ကူးအိပ်မက်တွေတကယ်ဖြစ်မလာအောင်တားဆီးထားတဲ့နေရာတစ်ခု၊သင့်ရဲ ့အခွင့်အရေးတွေကိုလက်လွှတ်ဆုံးရှုံး
ရအောင်ပိတ်လှောင်ထားတဲ့နေရာတစ်ခု၊ဘဝတစ်သက်တာလုံးလက်တွဲသွားရမယ့်အချစ်စစ်ကိုရှာမတွေ့နိုင်အောင်တားဆီးထားတဲ့နေရာတစ်ခုပါပဲ။ဒီလိုနေရာမှာ တစ်သက်လုံးနေဖို့စိတ်ကူးများရှိနေသလား?

တကယ် ထက်မြက်ပြီးသတ္တိရှိတဲ့သူဆိုတာ ကိုယ့်ဆီစာမပြန်မယ့်သူဆိုတာသိနေရင်တောင် ကိုယ့်ဘက်က ပထမဆုံးစာပို့ရဲတဲ့သတ္တိရှိရမယ်။ကိုယ့်ကိုအလုပ်ခန့်မခန့်မသေချာရင်တောင် အလုပ်အင်တာဗျူးကိုရဲရဲဝံ့ဝံ့သွားဖြေရဲတဲ့သတ္တိရှိရမယ်။တစ်ခြားသူတွေက ထိခိုက်နာကျင်အောင်လုပ်မှာစိုးလို့ တစ်နေရာတည်းမှာအကာအကွယ်အပြည့်နဲ့နေနေတာမျိုးမဟုတ်ပဲ ရဲရဲဝံ့ဝံ့ရှေ့တိုးပြီး ကိုယ်ကြုံရမယ့်အခက်အခဲမှန်သမျှကို ဖြေရှင်းနိုင်တဲ့သတ္တိရှိရမှာပါ။

သင့်ကိုယ့်သင် အေးအေးဆေးဆေးပေါ့ပေါ့ပါးပါးထားတယ်ဆိုတာလည်း အချိန်အတိုင်းအတာတစ်ခုအထိပဲကောင်းပါတယ်။ဘဝမှာအရမ်းကြီးသက်တောင့်သက်သာဖြစ်နေတာမျိုးကလည်း ရှင်သန်ရကျိုးမနပ်ပါဘူး။သင်ရော Comfort Zone ထဲမှာအေးဆေးနေနေတုန်းလား?ကိုယ့်ရဲ့တန်ဖိုး၊ကိုယ်နဲ့ထိုက်တန်တဲ့အရာကို ကိုယ်ကိုယ်တိုင်လမ်းသစ်ထွင်ပြီးရှာဖွေဖို့လုပ်ပါတော့

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.