ကိုယ့်ကိုယ်ကိုယ်ရှာတွေ့ပြီလား….👩👈

တစ်ချို့သူတွေဟာ နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေလုပ်ပြီး နေ့တစ်လူလူဝဖြတ်သန်းရင်း အချိန်ကုန်နေကြတတ်ပါတယ်။ တစ်ချို့ကတော့ဒီလိုဖြတ်သန်းရတာကိုနှစ်သက်တတ်ကြပြီးတစ်ချို့ကတော့လုပ်သာလုပ်နေရတယ်စိတ်မပါတာတွေရည်မှန်းချက်ပျောက်ဆုံးနေတာတွေရှိနေတတ်ကြပါတယ်။ လူတစ်ယောက်ဘ၀မှာအရင်ဆုံးမဖြစ်မနေလုပ်သင့်တဲ့အရာက ငွေရှာဖို့လည်းမဟုတ်ဘူး အလုပ်ရှာဖို့လည်းမဟုတ်ပါဘူး။ကိုယ့်ကိုယ်ကိုယ်အရင်ရှာဖွေဖို့ပါ။ ကိုယ်ဘာကြိုက်တတ်တယ်၊ ကိုယ်ဘာလုပ်ချင်တယ် ကိုယ့်ရဲ့တကယ့်ဝါသနာကဘာတွေဖြစ်တယ် ကိုယ့်ရည်မှန်းချက်ကဘယ်အတိုင်းတာထိရှိတယ်ဆိုတာ ကိုကွင်းကွင်းကွက်ကွက်အရင်သိအောင်လုပ်
ဖို့လိုပါတယ်။ အာ့လိုသေချာမရှာဖွေပဲ အလုပ်တွေ ပိုက်ဆံတွေအရင်ရှာလည်းမထူးပါဘူး။ ဒါကြောင့်ကိုယ့်ကိုယ်ကိုယ်တကယ်ရှာတွေ့ပြီဆိုမှဘယ်လိုအရာတွေနဲ့ဘယ်လိုကိုယ့်ဘ၀ကို အကောင်းဆုံး တည်ဆောက်မလဲဆိုတာ ပြတ်ပြတ်သားသားလုပ်ဆောင်တတ်ပါစေ။ ဘယ်အရာမဆိုစဉ်းစားတဲ့အခါ ဆုံးဖြတ်တဲ့အခါကိုယ့်ရဲ့ တကယ့်စိတ်ရင်းမှန်တိုင်းကိုယ်တကယ်လုပ်ချင်တဲ့အရာတွေကိသာအမှန်တိုင်း ကိုယ့်စိတ်ကို မလိမ်မညာပဲ လုပ်ဆောင်တတ်ပါစေ။ကိုယ့်ကိုယ်ကိုယ်ရှာဖွေခြင်းဖြင့်ပျော်ရွှင်တဲ့ဘ၀တွေကိုတည်ဆောက်ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းရင်း…

155 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.