Cherophobia ဆိုတာ ဘာလဲ..သင်လည်း ဒီဝေဒနာကို ခံစားနေရပြီလား

သင်ဟာ ပျော်ရွှင်ရမှာကို ကြောက်နေသူလား ?

Cherophobia က ဘာလဲ
မကြာသေးခင်က လေ့လာမှုများအရ ပျော်ရွှင်ရမှာကို မနှစ်သက်တဲ့သူကို Cherophobia လို့ခေါ်
ပါတယ်။ ” Chero ” ဆိုတာ ဂရိစကားမှဆင်းသက်လာပြီး အဓိပ္ပာယ်က ” ပျော်ရွှင်စေတယ်၊ ဝမ်းမြောက်စေတယ် ”လို့အဓိပ္ပာယ်ရပါတယ်။ Chero ကို မပျော်ရွှင်နိုင်တဲ့ လူတွေကို ပျော်ရွှင်အောင်လုပ်ပေးရတဲ့အခြေအနေမျိုးမှာ သုံးပါတယ်။

အဓိပ္ပာယ်ဖွင့်ဆိုချက်က သိပ်တော့ မသပ်ရပ်သေးပေမယ့် စိတ်ဝေဒနာ ကျွမ်းကျင်ပညာရှင်တွေကတော့ ဒီ phobia ဟာ တကယ်ပြဿနာဖြစ်လာနိုင်တဲ့ စိတ်ရောဂါတစ်ခုလို့ သုံးသပ်ထားပါတယ်။

Related image

ဒီဝေဒနာကို အစပျိုးစေတဲ့ အခြေအနေကတော့ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ကလေးဘဝ ဖြတ်သန်းခဲ့ရပုံတွေကြောင့်ဖြစ်နိုင်သလို၊ လူတစ်ယောက်ဟာ ပျော်ရွှင်စရာကိစ္စကိုခံစားကြည်နူးနေချိန် တစ်ပြိုင်နက်တည်း ဆိုးဝါးတဲ့နောက်ဆက်တွဲကိစ္စတစ်ခုကို ရင်ဆိုင်လိုက်ရတဲ့အခါ ဒီ phobia က မသိမသာဝင်ရောက်သွားနိုင်ပါတယ်။ ဒီဝေဒနာဟာ ပုံမှန်လူတစ်ယောက်မှာလည်း ခံစားနိုင်ရလားဆိုတော့ အတိကျတော့ မပြောနိုင်ပေမယ့် ဒါကို သင့်အနေနဲ့ ကြိုတင်ကာကွယ်နိုင်ပါတယ်။

မင်းအနေနဲ့ Cherophobia ခံစားနေရတယ်လို့ ထင်လား

ရှင်းပါတယ်.. ပျော်စရာကိစ္စတစ်ခုကြားရင် မင်းမှာမပျော်နိုင်ဘူး ။တွေဝေ ငေးငိုင်နေမယ်။ မဟုတ်တာတွေကို ချော်ပြီးတွေးမိနေတယ်ဆိုရင် မင်း phobia ဟာ အစပျိုးနေပြီလို့ ဆိုရပါမယ်။
– ပျော်ရွှင်ရမှာကို ကြောက်နေလား
– ပျော်ရွှင်မှုကိုခံစားဖို့ ထိုက်တန်ရဲ့လား တွေးမိနေရင်
– ပျော်စရာတွေပြီးရင် စိတ်ညစ်ရဦးမှာပဲလို့ တထစ်ချ ယုံကြည်နေတာမျိုး

ပျော်ရမယ့်အရာတစ်ခုမှာ enjoy မလုပ်နိုင်တာ မင်းရဲ့ကျင်လည်နေတဲ့ဘဝပေါ်လည်း မူတည်ပါတယ်။ အရမ်းဆိုးဝါးနေလို့လည်း ဖြစ်ချင်ဖြစ်နိုင်တယ်။

Related image

cherophobia က ပျော်စရာကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခုရောက်နေရင် ကိုယ်နဲ့မဆိုင်သလို နေတတ်တာ ၊ ဒီအခြေအနေတစ်ခုလုံးကို လစ်လျုရှုထားတတ်တယ်။ Introvert သမားတွေမှာ cherophobia အဖြစ်များတယ်လို့ ဆိုကြပါတယ်။ သူတို့ရဲ့အမူကျင့်တွေက cherophobia ကို
ပိုအားသန်လာအောင် ပျိုးထောင်ပေးနေသလို ဖြစ်စေလို့ပါပဲ။

မရ၊ ရအောင်ယူတတ်ခြင်း 
ဘယ်သူမှ ပြီးပြည့်စုံတယ်ဆိုတာမရှိဘူးလို့ လူတိုင်း လက်ခံထားပြီးသားပါ။ အကောင်းဆုံးဆိုတာကိုမရ၊ ရအောင်ယူတတ်သူဟာ ထိခိုက်လွယ်၊ ခံစားလွယ်တတ်ကြပါတယ်။ cherophobia ရဲ့လက္ခဏာပါပဲ။ မရ၊ ရတာလိုချင်တော့ နောက်ဆုံး ကိုယ်ပဲ စိတ်ပင်ပန်းရတယ်လေ။ အရာရာတိုင်းမှာ ထိုက်တန်မှုဆိုတာ ရှိပါတယ်။ အခြေအနေနဲ့ အချိန်ခါလည်းရှိတယ်။ ဒါတွေကို မစဉ်းစားပဲ ကိုယ့်စိတ်ခံစားချက်ကို ဦးစားပေးရင် ကိုယ်ပဲစိတ်ဆင်းရဲရတာပါ။ မပျော်ရွှင်ရတော့ဘူး။ ဒါကိုမှ မရရင် မပျော်ရွင်နိုင်တော့ဘူးလို့ တွေးမိနေခြင်းပါ။

ဒီတော့ ဘာလုပ်မလဲ။

cherophobia ကို ဖျောက်နိုင်ဖို့ အလုပ်များများလုပ်ဖို့ လိုပါတယ်။ မလိုအပ်တဲ့ အတွေးတွေ ဖယ်ပါ။
ပေါ့ပေါ့ပါးပါးပဲ နေပါ။ အရာအားလုံးက ဖြစ်ပြီးပျက်နေတာပါ။ ဘယ်အရာမှ မတည်မြဲပါဘူး။ စိတ်ထဲမှာ စိတ်ညစ်စရာတွေ တေးမှတ်ထားရင် မကောင်းတဲ့အစိုင်ခဲတွေက ကိုယ့်ကိုပဲ ထိခိုက်စေတာပါ။

Image result for Cherophobia

စိတ်ဓာတ်ကျခြင်း ၊ စိတ်အားငယ် ၊ အထီးကျန်ခြင်းတို့က cherophobia နဲ့အများကြီး ဆက်နွယ်နေ
ပါတယ်။ တရားထိုင် ၊ စာရေးခြင်းနဲ့ လူမှုဆက်ဆံရေး တိုးတက်အောင်လုပ်ခြင်းက cherophobia မှ လွတ်မြောက်နိုင်ဖို့ အများကြီိးအထောက်ကူဖြစ်စေမှာပါ။ အခြားနိုင်ငံတွေမှာတော့ ဒီလို phobia တွေအတွက် ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး therapy ကောင်းကောင်းယူနိုင်ပါတယ်။ အကောင်းဆုံးတွေနဲ့ လူတိုင်းဟာ ထိုက်တန်ပါတယ်။ ပြောင်းလဲနိုင်အောင် ကြိုးစားလို့ရတယ်။ကိုယ့်စိတ်ထားပုံဟာ ကိုယ်နဲ့ပဲ ဆိုင်ပါတယ်။ ကိုယ့်ကိုကိုယ် နှိပ်စက်နေတာ ရပ်လိုက်ပြီး ပျော်ရွှင်မှုတွေကို အပြည့်အဝ လက်ကမ်းကြိုဆိုပါ။ Because you deserve it! 🙂

294 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.