ဆွေမျိုးမိသားစုတွေကြားထဲမှာ အထီးကျန်သူတစ်ယောက်ဖြစ်သလား…

သင့်မိသားစုနဲ့သင်ဟာသိပ်ပြီးရင်းနှီးမှုမရှိဘူးလား၊ ဒါမှမဟုတ် သင်ရင်းနှီးအောင်မနေတတ်တော့တာလား?? အမျိုးမျိုးပါပဲ တစ်ချို့သူတွေရှိပါတယ် အပြင်မှာသိပ်ကို လူချစ်လူခင်ပေါပြီး
ပြေပြေပြစ်ပြစ်ဆက်ဆံတတ်ပင်မဲ့ အိမ်ကလူတွေနဲ့တော့ဓာတ်မတည့်တာမျိုးပါ။ ဒီလိုမျိုးအခြေနေတွေကြောင့်အိမ်နဲ့ တူတူနေရက်နဲ့တစ်စိမ်းဆန်နေတာမျိုးတွေဖြစ်တတ်ကြပါတယ်။ ဆိုတော့ ဆွေမျိုးမိသားစုတွေကြားအထီးကျန်သူတစ်ယောက်မဖြစ်လေဖို့ဘယ်လိုလေးတွေနေထိုင်သင့်တယ်ဆိုတာ အနည်းငယ်ဖော်ပြလိုက်ပါတယ်…
(၁) နေ့စဉ်အားတဲ့အချိန်မှာ အချိန်အနည်းငယ်ပေးရင်းစကားစမြည်ပြောပါ
အားလပ်ချိန်တွေမှာ တတ်နိုင်သလောက်အချိန်ပေးပြီး စကားစမြည်ပြောပေးပါ။ သူတို့နဲ့သင်အချိန်မပေးဖြစ်ခြင်းကပဲ သင်နဲ့သူတို့ကိုဝေးကွားသွားစေခဲ့တာပါ။
(၂) အိမ်ကဆွေမျိုးမိသားစုကိစ္စတွေကိုအထိုက်အလျောက်သိပါစေ
အိမ်ကဆွေမျိုးမိသားစုကိစ္စတွေကို အားလုံးမသိရင်တောင်အထိုက်အလျောက်တော့သိပါစေ။ ကိုယ့်နဲ့သူတို့သိပ်မပြောဖြစ်ကြပင်မဲ့သူတို့ကိစ္စတွေကိုတော့သင်သိနေတယ်ဆိုတာ သိရင်သူတို့ကိုပစ်မထားဖူးဆိုတာလက်ခံလာပြီးသင့်အပေါ်ကြည်ဖြူလာကြပါလိမ့်မယ်။
(၃) ကိုယ့်ရဲ့အပေါ်ယံကိစ္စအဖြစ်ပျက်တွေကိုသာပြောပြပါ
ကိုယ့်ရဲ့အပြင်မှာဖြစ်ခဲ့တဲ့ယေဘာယျကိစ္စလေးတွေကိုအရေးတယူပြောပြပါ။ ဘယ်မှာဘာဖြစ်ခဲ့တယ် ဒီနေ့ဘာတွေလုပ်ခဲ့တယ်ဆိုတာကိပြောပြပြီး လိုအပ်တဲ့အကြံညဏ်ကိုသူတို့ဆီကတောင်းတာမျိုးတွေလုပ်ပါ။ သူတို့အပေါ်သင်အလေးထားတယ်ဆိုတာသိရင်သင့်အပေါ်လည်းမေတ္တာရှိလာပါလိမ့်မယ်။
(၄) ကိုယ်နဲ့ပတ်သတ်တဲ့ Personal တွေကိုလိုတာထပ်ပိုမသိပါစေနဲ့
သင်နဲ့ပတ်သတ်တဲ့ Personal ကိစ္စတွေကို အသေစိတ်မသိပါစေနဲ့။ ဥပမာ -ရည်းစားထားလို့Fb ပုံတင်တာမျိုးတွေ သွားချိန်းတွေ့တာမျိုးတွကို အမှန်တိုင်းမပြောပြပါနဲ့။ တစ်ခါတစ်ရံလူကြီး
တွေရဲ့အတွေးနဲ့ကလေးတွေရဲ့အတွေးကမတူနိုင်တာမလို့ သင့်ရဲ့လုပ်ရပ်တစ်ချို့ကိုနားမလည်ပေးနိုင်တဲ့အခါသင်နဲ့ပြဿနာတွေဖြစ်ပြီးစိတ်ရှုပ်ရတတ်ပါတယ်။
(၅) ကိုယ့်ဘာသာကိုယ်ရပ်တည်ပျိုးထောင်နိုင်တဲ့သူတစ်ယောက်အဖြစ်မြင်အောင်ပြပါ
ဆွေမျိုးမိဘတွေရဲ့ယုံကြည်စိတ်ချမှုကိုလိုချင်ရင်သင့်ဘက်ကအတိုင်းတာတစ်ခုထိရပ်တည်နေတဲ့လူတစ်ယောက်ဖြစ်ကြောင်းပေါ်လွင်စွာနေပါ။ ကျောင်းသာဆိုလည်းပုံမှန်စာလုပ်တာမျိုး၊ အလုပ်လုပ်နေတဲ့သူတွေဆိုလည်းကိုယ့်လုပ်ငန်းတာဝန်ကိုကျေပွန်တဲ့သူမျိုးဖြစ်တယ်ဆိုတာ သက်သေပြပါ။ ဒါမှ သင့်အပေါ်ယုံကြည်ပြီး သင်လုပ်သမျှကိုအပြစ်လိုက်ပြောနေမှာမဟုတော့ပဲ သင်နဲ့သင့်ဆွေမျိုးမိသားစုဆက်ဆံရေးကပိုမိုခိုင်မြဲလာစေမှာပါ။

143 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.