စက်ရုပ်နည်းပညာပြိုင်ပွဲအတွက် လူပုံစံ စက်ရုပ် နမူနာပုံစံကို နာဆာ ဖွင့်လှစ်ပြခဲ့

news-valkyrie-robot.jpg

အမေရိကန်အာကာသအေဂျင်စီ NASA ဟာ အရပ် ၆ ပေ ရှိတဲ့ ဗော်ကိုင်းယား ဆိုတဲ့ လူပုံစံစက်ရုပ်ကို လွန်ခဲ့တဲ့ ရက်သတ္တပတ်က ချပြခဲ့ပါတယ်။ အဆင့်မြင့်ခေတ်မီရှုပ်ထွေးတဲ့ အစိတ်အပိုင်းတစ်ခုချင်းစီနဲ့ လက်နဲ့  ခြေထောက်တွေကို ဖန်တီးထားပြီး ဦးခေါင်းကလည်း ပတ်လည်လှည့်နိင်ပါတယ်။ လက်ချောင်းသုံးချောင်းနဲ့  လက်မ တစ်ခုပါရှိပြီး အရာဝတ္တုတွေကိုကောင်းမွန်စွာ ဆုပ်ကိုင်နိုင်တဲ့ ဒီစက်ရုပ်ဟာ ဖွံ့ ဖြိုးဆဲအခြေအနေမှာပဲ ရှိပါသေးတယ်။ မညီညာတဲ့မြေပြင်အနေအထားတွေမှာ လမ်းလျှောက်နိုင်တယ်၊စက်ယာဉ်တွေ မောင်းနိုင်တယ်၊ အဆင်းအတက်ပြုလုပ်နိုင်တယ်၊ ပစ္စည်းကိရိယာတွေကို ကောင်းကောင်းအသုံးပြုနိုင်တဲ့ ဒီစက်ရုပ်မိုဒယ်ပုံစံဟာ အနာဂတ် စက်ရုပ်နည်းပညာအတွက် ခြေလှမ်းတစ်ခု ထပ်လှမ်းနိုင်ခဲ့ခြင်းပါပဲ။ စက်ရုပ်ကို သူ့  ကိုယ်ပိုင်အသိဥာဏ်နဲ့ သူထိန်းချုပ်နိုင်အောင် ပြုလုပ်ထားပြီး တတ်နိုင်သမျှ လူတစ်ယောက်နဲ့ တူအောင် ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။ စက်ရုပ်ရဲ့နောက်ကျောမှာ ဘက်ထရီကိုသယ်ဆောင်ထားပြီး အားတစ်ခါဖြည့်သွင်းထားရုံနဲ့ တစ်နာရီကျော်ကြာ အလုပ်လုပ်နိုင်ပါတယ်။

ဗော်ကိုင်းယားဟာ အဆင့်မြင့်ကာကွယ်ရေးအစီအစဉ်လေ့လာစမ်းသပ်မှု ပရောဂျက် ရဲ့ နည်းပညာစိန်ခေါ်မှု ဖြစ်တဲ့ စက်ရုပ်နည်းပညာပြိုင်ပွဲ အတွက် နာဆာရဲ့ ပါဝင်ယှဉ်ပြိုင်မယ့်စက်ရုပ်ဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာ စက်ရုပ်တွေကို လူအစားထိုးလုပ်ငန်းတာဝန်တွေမှာ အစားထိုးဖို့ ရည်ရွယ်ချက်နဲ့ စက်ရုပ်နည်းပညာ တိုးတက်အောင်လုပ်တဲ့ ပြိုင်ပွဲဖြစ်ပြီး လူနဲ့ အတူဆုံးလုပ်ဆောင်နိုင်တဲ့ စက်ရုပ်အတွက် Boston Dynamics က ချီးမြှင့်မယ့်ဆုကြေးငွေ ဒေါ်လာ နှစ်သန်း ရရှိမှာ ဖြစ်ပါတယ်။

Ref: unexplained-mysteries.com

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.