😡Heat တက်ပြီး အပြန်လှန်စကားများတဲ့ အခြေအနေမျိုးကြုံလာတဲ့အခါ ဘယ်လိုဖြေရှင်းမလဲ

တစ်ခါတစ်လေ အရမ်း ပူလောင်နေရတဲ့ အခိုက်တန့်မျိုးတွေ လူတိုင်းမှာရှိဖူးမှာပါ။

ဘယ်လိုအခြေအနေမျိုးတွေမှာလဲ ?
– သင့်ချစ်သူက သင်မကြိုက်တဲ့အရာကို လုပ်မိတဲ့အခါ
– လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက်နဲ့ သဘောထားခြင်းမတိုက်ဆိုင်တဲ့အခါ
– အထက်လူကြီး သို့မဟုတ် ကိုယ့်ထက် အသက်ရွယ်၊ ပညာရည်မြင့်မားသူက ဝေဖန်ချက်တွေပေးတဲ့အခါ

ဒေါသထွက်နေတဲ့အချိန် ဘာမှမလုပ်တာ အကောင်းဆုံးပါပဲတဲ့။ ဒေါသနဲ့လုပ်မိသမျှ အကုန် မင်းကို နောင်တရစေလိမ့်မယ်တဲ့။ ဟုတ်ပါတယ် ။ ဒီအချိန်မှာ ပူထူနေတော့ ကောင်းတာ ၊ ဆိုးတာဘာမှမခွဲခြားနိုင်တော့ဘူး။ အရေးကြီးတဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ (သို့) ပရော်ဖက်ရှင်နယ် ဆက်ဆံရေးတွေ ပျက်စီးသွားနိုင်ပါတယ်။

ဒီလိုအခြေအနေကနေ ဘယ်လိုရုန်းထွက်မလဲ

ရပ်လိုက်ပါ.. ပြီးရင် အသက်ရှု
တစ်ယောက်နဲ့ တစ်ယောက် စကားအချေတင်ပြောနေတဲ့အချိန် ဆက်ပြီး အငြင်းပွားမနေပဲ ခဏရပ်လိုက်ပါ။ ရုပ်ရှင်ကြည့်ရင် Pause ခလုတ်နှိပ်လိုက်သလိုပဲ ။ အရာအားလုံးကို ခဏရပ်တန့်လိုက်ပြီး ခေါင်းအေးအေးနဲ့စဉ်းစားပါ။ ငါဒီအခြေအနေကို ဘယ်လိုအမြန်ဆုံးနည်းနဲ့ အဆုံးသတ်နိုင်မလဲဆိုတာကိုပေါ့။ မြန်ပါစေ…ပြီးစလွယ်တော့မဖြစ်ပါစေနဲ့။ စကားများတဲ့အခါ နှစ်ယောက်လုံး အားကုန်တယ်။ ရလဒ်အနေနဲ့ ဘာမှအကျိုးမရှိဘူး။ ဒါကြောင့် ခဏရပ် ၊ အသက်ဝဝ ရှု ၊ ခေါင်းအေးအေးထားပြီး အခြေအနေကို ပြန်သုံးသပ်ပါ။

having-business-conversation

နောင်တမရခင် အဆုံးသတ်
ကိုယ့်ဘက်က အခြေအနေသုံးသပ်ပြီးရင် တစ်ဖက်လူကို စိတ်ငြိမ်သွားအောင် ပြောပြပေးနိုင်ဖို့လိုပါတယ်။ သူ့ရဲ့အတွေးကို အေးဆေးငြိမ်သက်သွားအောင် ရိုးရှင်းတဲ့ စကားလုံးတွေ ရွေးချယ်တတ်ဖို့
လိုပါတယ်။ သူလည်း ဒေါသထွက် ၊ သင်လည်း စိတ်တိုပြီး မလိုအပ်တဲ့ အပြုအမူတွေလုပ်ပြီးရင် နှစ်ယောက်သား နောင်တရဖို့ပဲ ရှိတယ်။ ဒါကြောင့် ပြဿနာဖြစ်တဲ့အခါ အဓိကအကြောင်းရင်းကို သေချာရှာဖို့ လိုတယ်လို့ ပြောတာပါ။ ကိုယ်ကမှားမှန်းသိရင်လည်း တောင်းပန်ဖို့ ဝန်မလေးပါနဲ့။

ဒီကိစ္စအတွက် သူလည်းမမှားကြောင်း ပြောပြပါ
တစ်နည်းအားဖြင့် သူ့ကို ချီးမွမ်းစကားပြောသလိုလည်း သက်ရောက်ပါတယ်။ ဒီကိစ္စအတွက် မင်းလည်း မမှားသလို သူလည်း မမှားဘူး။ နားလည်မှုလွဲပြီး ဖြစ်တာ ။ သူလုပ်လိုက်တဲ့ကိစ္စတစ်ခုက မင်းအတွေးခေါ်နဲ့ မတူတဲ့အခါ ပြဿနာတက် ၊ စကားများရတယ်ဆိုတာမျိုးပေါ့။ တကယ်လည်း အမြင်တွေ ၊ အတွေးခေါ်တွေ မတူလို့ ပြဿနာတက် စကားများကြတာပါ။ စကားတွေ အပြင်းထန်တွေများပြီး heat တက်လာတဲ့အခါ မလိုလားအပ်တာတွေ ဖြစ်ကုန်တာပါ။

ဘာပဲဖြစ်ဖြစ် ခေါင်းအေးအေးထား စဉ်းစားတတ်ဖို့လိုပါတယ်။ သည်းမခံနိုင်သရွေ့ လမ်းကြောင်းမှန်
ပေါ် လျှောက်နိုင်ဦးမှာမဟုတ်ဘူး။ ဖြစ်ရပ်တစ်ခုပေါ် ကိုယ့်ရဲ့တုံ့ပြန်မှုက ကိုယ့်ရဲ့personality အပေါ်အများကြီး အကျိုးသက်ရောက်မှုရှိပါတယ်။ ဆိုတော့ ဒေါသတွေ ထိန်း ၊ စိတ်ကို ငြိမ်းအောင်
ထား ၊ သည်းခံ နားလည် ခွင့်လွှတ်ပေးနိုင်ကြပါစေလို့ 😉

137 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

ဇ